မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{cleanup}}
==မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ==
{{Infobox religious biography
|name = မဟာစည်ဆရာတော် ဦးသောဘန
|image= Mahasi Sayadaw.jpg
|caption = မဟာစည်ဆရာတော်
|birth_name = မောင်သွင်
|alias =
|dharma name = သောဘန
|birth_date = {{Birth date|1904|07|29|df=y}}
|birth_place = [[ဆိပ်ခွန်]]၊ [[ရွှေဘိုခရိုင်]]၊ [[ဗြိတိသျှဘားမား]]
|death_date = {{Death date and age|1982|08|14|1904|07|29|df=y}}
|death_place = [[ရန်ကုန်မြို့]]၊ [[မြန်မာနိုင်ငံ]]
|nationality = ဗမာ
|religion = [[ဗုဒ္ဓဘာသာ]]
|school = [[ထေရဝါဒ]]
|lineage = မဟာစည်
|title = ဆရာတော်
|location = မဟာစည်ကျောင်းတိုက်၊ ရန်ကုန်
|education = Dhammācariya (1941)
|occupation = [[ရဟန်း]]
|teacher =
|predecessor = [[မင်းကွန်းဆရာတော်|ဦးနာရဒ]]
|successor = [[ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်|ဦးပဏ္ဍိတ]]၊ [[:en:Dipa Ma|Dipa Ma]]
|students =
|website = {{url|www.mahasi.org.mm}}
}}

'''မဟာစည်ဆရာတော် ဦးသောဘန''' (၂၉ ဇူလိုင် ၁၉၀၄ – ၁၄ ဩဂုတ် ၁၉၈၂) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး [[ဝိပဿနာ]]တရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။
===ရှင်သာမဏေဘဝ===

== ငယ်ဘဝ ==
မဟာစည်ဆရာတော် အလောင်းအလျာဖြစ်သူသည် ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့်အချိန်၌ [[ရွှေဘိုမြို့]] အနောက်ဘက် ခုနစ်မိုင်ကွာ [[ဆိပ်ခွန်]]ရွာ ခမည်းတော် ဦးကံတော်+ မယ်တော်ဒေါ်အုပ် တို့မှ ဖွားမြင်တော်မူပါသည်။
ဟာစည်ဆရာတော် ဦးသောဘနကို [[ရွှေဘိုမြို့]] အနောက်ဘက် ခုနစ်မိုင်ကွာ [[ဆိပ်ခွန်]]ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ် တို့မှ ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့် အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။

==ရှင်သာမဏေဘဝ==
ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့ပါသည်။ ၁၂-သားအရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာအခမ်းအနားပြု၍ အရှင်အာဒိစ္စမထေရ်ထံ၌ပင် ရှင်သာမဏေပြုလျက် ချီးမြောက်ခဲ့ပါသည်။ ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာအရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘန ဟု ဘွဲ့အမည်ပေးတော်မူခဲ့ပါသည်။
ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။

==ရဟန်းဘဝ==
ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်သည် ပါဠိစာပေအခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲ့ကို သင်စေရာတွင် ဉာဏ်ပညာထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာဇာတ်ပါဌ်အနက်ကို အထူးမကျက်ရတော့ဘဲ ဆရာ့အထံ၌ သင်ယူစဉ်၌ပင် နှုတ်တက်အာဂုံရလျက်ရှိခဲ့ပါသည်။ ထို့အပြင် ဝိနည်းပါဠိတော်ကို အနက်ဖော်သင်ယူရာ၌လည်း သင်ယူစဉ်အတွင်းပင် ထိုပါဠိတော်ကို အာဂုံနှုတ်တက်ရခဲ့ပါသည်။

၁၆-နှစ်အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသင်္ချာစာအုပ်များကိုသာ ကြည့်ရှု၍ ဂဏန်းသင်္ချာကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်းဂဏန်းသင်္ချာကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကိုသင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက်ရှာနည်း) စသည်တို့ကို လွယ်ကူစွာဖြင့် သဘောပေါက်ခဲ့ပါသည်။

၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်းဆရာတော် အရှင်ပရမမထေရ်မြတ်ထံ၌ နျာသကျမ်း မူလဋီကာကျမ်းစသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထို့အပြင် ရှင်သောဘနသည် သာမဏေဘဝကပင် အခြားသာမဏေများအား သဒ္ဒါသင်္ဂြိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။

===ရဟန်းဘဝ===

၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက် (၁၉၂၃ခုနှစ်) ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္ဈာယ်ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

စာကြောင်း ၄၃ - စာကြောင်း ၆၄ -
မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့ပါသည်။ စစ်ဖက်နယ်ဖက် အရာရှိများ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ ကုန်သည်ပွဲ စားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ်တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော်ရှိနေ သဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ် ခွင့် ရခဲ့ပါသည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့ပါသည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိပါသည်။ သီဟိုဠ် , ထိုင်း, ကမ္ဘောဒီးယား, လော, အိန္ဒိယ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော် ၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည် ဆရာတော် ဖြစ်ပါသည်။

==မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ဆောင်ချက်များ==
==သာသနာပြုလုပ်ဆောင်ချက်များ==

၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။

စာကြောင်း ၅၉ - စာကြောင်း ၈၀ -
ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိပါသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အများ ရှိနေပြီဖြစ်ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။

ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်ကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်၊ အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၃-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။

{| border="0" cellpadding="2" style="margin:7px;width: 20em; font-size: 90%; text-align: left; float:right; border:1px solid #5BBFF4; background-color:#D8F3FE;"
|-
| colspan="2" style="text-align: center; font-size: 130%; font-weight: bold;" | မဟာစည်ဆရာတော်

|-
| colspan="2" style="text-align: center;" | [[File:Der ehrwuerdige sayadaw.jpg|160px|မဟာစည်ဆရာတော်]]

|-valign="top"
| '''မွေးသက္ကရာဇ်'''
| ၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်၊

|-valign="top"
| '''နိုင်ငံ'''
| [[File:Flag of Myanmar.svg|25px ]] မြန်မာ

|-valign="top"
| '''အမည်ရင်း'''
| မောင်သွင်

|-valign="top"
|'''မိဘအမည်'''
| ဦးကံတော်၊ ဒေါ်ရွှေအုပ်

|-valign="top"
|'''မွေးဖွားရာ ဒေသ'''
| ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာ

|-valign="top"
|'''ထင်ရှားကျော်ကြားမှု'''
| ဩဝါဒါစရိယဆရာတော်ကြီး

|}
== မဟာစည်ဆရာတော် (ဦးသောဘန) ==
== မဟာစည်ဆရာတော် (ဦးသောဘန) ==
[၁၉၀၄-၁၉၈၂]
[၁၉၀၄-၁၉၈၂]
စာကြောင်း ၁၂၉ - စာကြောင်း ၁၁၉ -
<references/>
<references/>
{{DEFAULTSORT:မ}}
{{DEFAULTSORT:မ}}

{{Lifetime|၁၉၀၄|၁၉၈၂}}
[[Category:ဗုဒ္ဓဘာသာရဟန်းများ]]
[[Category:ဗုဒ္ဓဘာသာရဟန်းများ]]

၁၂:၃၈၊ ၉ ဇွန် ၂၀၁၉ ရက်နေ့က မူ

မဟာစည်ဆရာတော် ဦးသောဘန
မဟာစည်ဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဆင်းသက်မှုမဟာစည်
ပညာရေးDhammācariya (1941)
ဓမ္မအမည်သောဘန
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးဗမာ
မွေးဖွားမောင်သွင်
(1904-07-29)၂၉ ဇူလိုင်၊ ၁၉၀၄
ဆိပ်ခွန်ရွှေဘိုခရိုင်ဗြိတိသျှဘားမား
ကွယ်လွန်၁၄ ဩဂုတ်၊ ၁၉၈၂(1982-08-14) (အသက် ၇၈)
ရန်ကုန်မြို့မြန်မာနိုင်ငံ
ရာထူး တာဝန်
ဌာနမဟာစည်ကျောင်းတိုက်၊ ရန်ကုန်
ဂုဏ်ဒြပ်ဆရာတော်
ယခင်ဦးနာရဒ
ဆက်ခံဦးပဏ္ဍိတDipa Ma
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်mahasi.org.mm

မဟာစည်ဆရာတော် ဦးသောဘန (၂၉ ဇူလိုင် ၁၉၀၄ – ၁၄ ဩဂုတ် ၁၉၈၂) သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး ဝိပဿနာတရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။

ငယ်ဘဝ

ဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ် တို့မှ ၁၂၆၆-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၃)ရက် ၂၉-၇-၁၉၀၄-ခု သောကြာ နေ့နံနက် (၃)နာရီခန့် အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။

ရှင်သာမဏေဘဝ

ခြောက်နှစ်သားအရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ်အထံ၌ တပည့်ခံလျက် မြန်မာစာရေး စာဖတ်ပညာကို ဆည်းပူးခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။

ရဟန်းဘဝ

၁၂၈၅-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက် (၁၉၂၃ခုနှစ်) ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော် ဒေါ်သစ် တို့၏ ပစ္စယာနုဂ္ဂဟနှင့် ဥပဇ္ဈာယ်ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမကမ္မဝါဆရာတော် သူကြီးကျောင်း အရှင်ပရမ မထေရ်စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ရဟန်းဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ်စာပေများကို သင်ယူပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင် နိသဇ်ဓုတင် ပဏ္ဍိပါတ်ဓုတင်များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံးနေခဲ့ပါသည်။

၁၂၈၆-ခုနှစ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ဝင်ရောက်ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့ပါသည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မဝင်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကိုလည်းကောင်း၊ ၁၂၈၉-ခုနှစ် ပထမကြီးတန်း ကိုလည်းကောင်း ဝင်ရောက်ဖြေဆို၍ ချောမောစွာ အောင်မြင်တော်မူခဲ့ပါသည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ဝိနည်းအာဂုံပြန်ပွဲ၌လည်း ဝိနည်းငယ်လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံးအောင်မြင်တော်မူခဲ့ပါသည်။

၁၂၉၀-ပြည့်နှစ်၌ မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံး တော်မူလျှက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော်ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒာဘိဝံသစသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်း မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စမထေရ်မြတ်က ဖိတ်ခေါ်တော်မူသောကြောင့် ၁၂၉၁-ခုနှစ် ဝါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထိုဆရာတော်ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချသင်ပြပေး နေခဲ့ပါသည်။

ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃-ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇဝန္တနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသမြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌နေရင်း ကမ္မဋ္ဌာန်းနည်းများကို စုံစမ်းလေ့လာပြီးနောက် သထုံမြို့မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံးလျက်နေခဲ့ပါသည်။ နေရောညဉ့်ပါမအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသောရက်တွေသာ များခဲ့ပါသည်။

ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄-ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ဝါဆိုလဆန်း ၁၄-ရက်နေ့ ညဉ့်၌ တိုက်ကျောင်းဆရာတော်ဘုန်းကြီး ပြန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိမ်းသိန်းစောင့်ရှောက်နေခဲ့ရပါသည်။

ဇေတဝန်ဆရာတော်ဘုရားကြီးထံမှ သတိပဋ္ဌာန်ဝိပဿနာရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉-ဝါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ်ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ်နေထိုင်ခဲ့ပါသည်။

ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် သေဆုံးသွားသဖြင့် သံဝေဂပွားကာ ၁၃၀၀-ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာအလုပ်တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေးမျိုးဖြစ်သူသုံးဦး စတင်တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော်လုပ်ငန်းသည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။

မဟာစည်ဆရာတော်

၁၃၀၃-ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲ၌ ဝင်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော်မူ၍ သာသန ဓဇသိရီပဝရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃-ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ် ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သောအခါတိုင်း ဝိပဿနာလုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထွန်းကားလာခဲ့ပါသည်။ ထိုအခါက သီတင်းသုံးရာဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော် ဟု ခေါ်ဝေါ် ခဲ့ကြပါသည်။

ဝိပဿနာယောဂီတပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅-ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ဝိပဿနာရှုနည်းကျမ်းကို (ပ-ဒု ၂-တွဲ)ကို ရေးသားပြုစုတော်မူခဲ့ပါသည်။ စာမျက်နှာ (၉၅၀)ခန့်ရှိ ထိုကျမ်းကို ခုနစ်လအတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့ပါသည်။ ယနေ့အထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်‌ဝေပြီး ဖြစ်ပါသည်။

၁၃၁၁-ခုနှစ် တန်ဆောင်းမုန်းလတွင် မဟာစည်ဆရာတော်ကို ရန်ကုန်မြို့ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော်လပြည့်မှစ၍ ဝိပဿနာလုပ်ငန်း တရားကို ဟောကြားပြသတော်မူပါသည်။

မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့ပါသည်။ စစ်ဖက်နယ်ဖက် အရာရှိများ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ ကုန်သည်ပွဲ စားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ်တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော်ရှိနေ သဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ် ခွင့် ရခဲ့ပါသည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့ပါသည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိပါသည်။ သီဟိုဠ် , ထိုင်း, ကမ္ဘောဒီးယား, လော, အိန္ဒိယ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော် ၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည် ဆရာတော် ဖြစ်ပါသည်။

သာသနာပြုလုပ်ဆောင်ချက်များ

၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။

၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ, ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည်ဆရာတော်သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့ပါသည်။ သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရပါသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ၊ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စိစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စိစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာစိစစ် ခဏ်း" အမည်ဖြင့် စာအုပ်ရိုက်နှိပ်ဝေပြီး ဖြစ်ပါသည်။

မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ဖြင့် ဝေဝေဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ်နဿိယကို ရေးသားတော်မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃာ့အဖွဲ့ဝင်လည်း ဖြစ်ပါသည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နှုတ်ပယ်ဖြည့်စွက်ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိစေခဲ့ပါသည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်ဝပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။

၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နဿိယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းဝေဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနဿိယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနဿိယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။

ထို့အပြင် မဟာစည်ဆရာတော် ဟောကြားပြုစုတော်မူသော ဝိပဿနာအခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ်တရားတော် စသော ဝိပဿနာဆိုင်ရာ တရားတော်စာအုပ်ကိုလည်း ယခုအခါများစွာပင် ထွက်ပေါ်လျက်ရှိနေပါ သည်။

မဟာစည်ဆရာတော်ဘုရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံ တို့သို့ သာသနာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သာသနာပြုဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့ပါသည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော်ရေးသား ထားသည့်“အင်ဒိုနီးရှားသာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း”လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိပါသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ က‌မ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အများ ရှိနေပြီဖြစ်ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။

ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်ကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်၊ အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၃-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။

မဟာစည်ဆရာတော် (ဦးသောဘန)

[၁၉၀၄-၁၉၈၂]

ကျေးဇူးရှင်မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ်တို့မှ မြန်မာသက္ကရာဇ်၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်၊ သောကြာနေ့ နံနက်သုံးနာရီ အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။

အသက်ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာရှိ ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး ဦးပရမ ထံ၌ ပညာသင်ကြားခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။အသက် ၂၀အရွယ်တွင် အင်ကြင်းတောကျောင်းတိုက်ရှိ ဗုဒ္ဓသိမ်တော်၌ အရှင်နိမ္မလမထေရ်ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ အစိုးရ ပါဠိပညာရေးဌာနမှ ကျင်းပသော အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတို့ကို အကျအရှုံးမရှိဘဲ အောင်မြင်တော်မူသည်။ ၁၃၀၃ ခုနှစ်က ကျင်းပသော ဓမ္မာစရိယစာချတန်း၌ ၈ ကျမ်းစွဲခဲ့သည်။

ရဟန်း ၄ ဝါအရ၌ မန္တလေးမြို့အနောက်ပြင် ခင်မကန်တိုက်၊ ဘွားတော်ကျောင်းတွင် သီတင်းသုံးပြီးလျှင် ထင်ရှားသော စာချဆရာတော်ကြီးများထံ ထိုထိုပိဋကတ်ကျမ်းစာတို့ကို သင်ယူခဲ့သည်။ ရဟန်း၅ ဝါအရတွင် မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေးကျောင်းတိုက်သို့ကြွရောက်ပြီးလျှင် ပိဋကတ်စာပေများကို တစ်ဆင့်ပို့ချပေးတော်မူသည်။

ရဟန်း ၇ ဝါအရ၌ ပဋိပတ္တိသာသနာပြု၍ ထက်သန်သော စိတ်ထားဖြင့် သထုံမြို့ မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ ဝိပဿနာသတိပဌာန်တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်တော် မူခဲ့သည်။ ပဋိပတ္တိ အကျင့်တရားတော်ကို စွဲစွဲမြဲမြဲ အားထုတ်ရန် ရည်ရွယ်ထားသော်လည်း တောင်ဝိုင်းကလေး တိုက်ကျောင်းဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် မော်လမြိုင်သို့ ပြန်ကြွ၍ ပရိယတ္တိသာသနာ ပြုခဲ့ရပြန်သည်။ ရဟန်း ၁၄ ဝါအရ၌ မူလဇာတိမြေဖြစ်သော ဆိပ်ခွန်ရွာ သို့ပြန်ကြွ၍ ပဋိပတ္တိသာသနာ ပြုတော်မူသည်။ လက်တွေ့ကျင့်စဉ် သတိပဋ္ဌာန်တရားတော်ကို စတင်ပြသတော်မူသည်။ ဆရာတော်ကြီး၏ ပဋိပတ္တိ သာသနာပြုလုပ်ငန်းသည် တစ်စတစ်စ တိုးတက်ဝေစည်လာရာ ရန်ကုန် သာသနာ့ရိပ်သာသို့ မကြွမှီမှာပင် ရိပ်သာခွဲပေါင်း ၃၀ ကျော်အထိရှိ နေပေပြီ။ ဆရာတော်သည် ပဋိပတ္တိသာသနာတော် ပြန့်ပွားရေးကို ရှေးရှု တော်မူ၍ ဝိပဿနာရှုနည်းကျမ်း ပ-ဒု၊ မဟာသတိပဋ္ဌာနသုတ် အနက် အဓိပ္ပါယ် ကျမ်းတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။ ရဟန်း ၂၄ ဝါ အရတွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီးက ပင့်လျှောက် ၍ ရန်ကုန်သာသနာ့ရိပ်သာသို့ကြွတော်မူကာ ပဋိပတ္တိသာသနာတော် ပြုစုခဲ့ရာ ယခုတိုင်ဖြစ်သည်။ ဝိပဿနာတရားတော်ကို အခါမလပ် မပြတ်ဟောပြ၍ လမ်းညွှန်တော်မူလျက် ရှိပေသည်။ မဟာစည်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရက ၁၃၁၃ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ် လှူဒါန်း၍ ပူဇော်ခဲ့လေသည်။ ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာမဟာ ဓမ္မသဘင်တွင် ဆဋ္ဌသင်္ဂိတိဓမ္မပုစ္ဆကအဖြစ်ဖြင့်လည်းကောင်း၊ ဩသာန သောဓကအဖြစ်ဖြင့်လည်းကောင်း ပါဝင်ဆောင်ရွက်တော်မူသည်။ ဆရာ တော်သည် ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယလည်း ဖြစ်တော်မူသည်။ ဆရာတော်သည် ဝေးမြေရပ်ခြား တိုင်းတစ်ပါးသို့တိုင် ဝိပဿနာ တရားပန်းခိုင် ပျံ့ကြိုင်မွှေးကြူရေးအတွက် အထူးအားပေး ဆောင်ရွက်တော်မူလျက်ရှိရာ များစွာအောင်မြင်တော်မူပေသည်။[၁]

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၃)