လူမုဆိုးတို့၏ သားကောင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၉၅ - စာကြောင်း ၉၅ -
ထို့ကြောင့် သင်္ဘောဖြင့် ထွက်ခွာသွားသော အာရပ်သူဌေးနောက်သို့ လိုက်ရာ သူ၏ သက်တော်စောင့်များကို ဘရိုင်ယန်က နှိမ်နှင်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ့သမီးနှင့် ပြန်လည်ပေါင်းစီးနိုင်ပြီး သမီးဖြစ်သူ၏ အဆိုတော် ဖြစ်ချင်သည့် ဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်ခဲ့သည်။<ref>http://www.mizzimaburmese.com/yatha-bank/movies/3173-2009-06-15-11-26-14.html</ref>
ထို့ကြောင့် သင်္ဘောဖြင့် ထွက်ခွာသွားသော အာရပ်သူဌေးနောက်သို့ လိုက်ရာ သူ၏ သက်တော်စောင့်များကို ဘရိုင်ယန်က နှိမ်နှင်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ့သမီးနှင့် ပြန်လည်ပေါင်းစီးနိုင်ပြီး သမီးဖြစ်သူ၏ အဆိုတော် ဖြစ်ချင်သည့် ဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်ခဲ့သည်။<ref>http://www.mizzimaburmese.com/yatha-bank/movies/3173-2009-06-15-11-26-14.html</ref>


== ကိုးကား ==
== ကိုးကား =={{reflist}}
{{reflist}}


[[Category:၂၀၀၈ ရုပ်ရှင်ဇာတ်ကားများ]]
[[Category:၂၀၀၈ ရုပ်ရှင်ဇာတ်ကားများ]]
[[Category:အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ]]
[[Category:အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ]]
[[Category:အမေရိကန် သည်းထိပ်ရင်ဖို အက်ရှင် ရုပ်ရှင်ဇာတ်ကားများ]]
[[Category:ပြင်သစ် သည်းထိပ်ရင်ဖို အက်ရှင် ရုပ်ရှင်ဇာတ်ကားများ]]
[[Category:ပြင်သစ် သည်းထိပ်ရင်ဖို အက်ရှင် ရုပ်ရှင်ဇာတ်ကားများ]]
[[Category:ရုပ်ရှင်ဇာတ်လမ်းတွဲများ]]
[[Category:ရုပ်ရှင်ဇာတ်လမ်းတွဲများ]]

၂၀:၂၀၊ ၉ မေ ၂၀၁၉ ရက်နေ့က မူ

လူမုဆိုးတို့၏ သားကောင်
ရုပ်ရှင်ပိုစတာ
အချက်အလက်များ
ဒါရိုက်တာပီရဲ မိုရဲ (Pierre Morel)
ထုတ်လုပ်သူလုခ် ဘင်ဆင် (Luc Besson)
ဇာတ်ညွှန်းလုခ် ဘင်ဆင်
ရောဘတ် မတ်ခ် ကေမင်
သရုပ်ဆောင်များLiam Neeson
Famke Janssen
Maggie Grace
Xander Berkeley
Holly Valance
Katie Cassidy
ဓာတ်ပုံMichel Abramowicz
တည်းဖြတ်Frédéric Thoraval
ဂီတမှူးNathaniel Mechaly
ဖြန့်ချိသူ20th Century Fox
ဖြန့်ချိသည့်နေ့စွဲ27 February 2008
ကြာချိန်93 minutes
နိုင်ငံပြင်သစ်
ဘာသာစကားအင်္ဂလိပ်၊ ပြင်သစ်၊
ကုန်ကျငွေUS$25,000,000
Action / Thriller

လူမုဆိုးတို့၏ သားကောင် (Taken) သည် ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေဖြန့်ချိသည့် ဒါရိုက်တာ ပီရဲ မိုရဲ (Pierre Morel) ၏ လက်ရာ သည်းထိပ်ရင်ဖို အက်ရှင် ဇာတ်ကား ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း

ဘရိုင်ယန် မေးလ်က စီအိုင်အေ အထူးယူနစ်တခုမှ အငြိမ်းစားယူထားသည့် စုံထောက်ဖြစ်သည်။ သူ၏ လုပ်ငန်းသဘောအရ မိသားစုအရေး လှည့်မကြည့်နိုင်သဖြင့် ဇနီးသည်နှင့် ကွာရှင်းပြတ်စဲထားသည်မှာ သမီးဖြစ်သူ ကလေးဘဝ ကတည်းကပင်။

လူမုဆိုးတို့၏ သားကောင်သမီးလေး ကင်၏ ၁၇ နှစ် ပြည့်မွေးနေ့ပွဲကို သွားသော်လည်း ဇနီးဟောင်း လီနိုက သူ့ကို နှစ်လိုဖွယ်မရှိ၊ ဘရိုင်ယန်က သူ့နာမည် လီနိုကို အဖျားဆွတ်၍ ခေါ်သည်ကိုပင် သူက မကြိုက်။ အဆိုတော်တယောက် ဖြစ်ချင်နေသည့် သမီးလေး၏ မွေးနေ့ပွဲတွင် ဘရိုင်ယန်က မွေးနေ့လက်ဆောင် ကာရာအိုကေ စက်တလုံး လက်ဆောင်ပေးသည်။

နာမည်ကျော် အဆိုတော် ရှီးယား၏ ဖျော်ဖြေပွဲတွင် သူမအတွက် လုံခြုံရေးယူပေးရင်း သူ့သမီးလည်း အဆိုတော် တယောက် ဖြစ်ချင်သည်ဟု ရှီးယားကို ပြောသည့်အခါ သူမက မချေမငံ ပြန်ပြောသည်။ ဖျော်ဖြေပွဲတွင် အသက် အန္တရာယ်နှင့် ကြုံတွေ့ရသည့် ရှီးယားကို ဘရိုင်ယန်က ကယ်တင်လိုက်သည့်အခါ ရှီးယားက ဘရိုင်ယန်၏ သမီး အဆိုတော် ဖြစ်နိုင်ရန် အကြံပေးမည်၊ ကူညီမည်ဟု ကျေးဇူးတုံ့ပြန်ခဲ့သည်။ သမီးလေးနှင့် အနေဝေးသည်မှာ ကြာပြီဖြစ်သော ဘရိုင်ယန်က သူမနှင့် နွေးထွေးသော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုသည်။

အဆိုတော် ဖြစ်နိုင်ရေးအတွက် လမ်းစပေါ်ပြီ ဖြစ်သော်လည်း ပြင်သစ်သို့ ခရီးထွက်ချင်နေသည့် သမီးလေးကို ပြောပြရန် အခွင့်မသာခဲ့ပေ။ ပထမတွင် ဘရိုင်ယန်က ခရီးမထွက်ရန် တားမြစ်သော်လည်း နောက်ပိုင်းတွင် လိုက်လျောခဲ့ရသည်။ (သမီးလေး ကင်က ဥရောပရှိ ပြတိုက်များကို သွားရောက်လည်ပတ်မည့် ခရီးစဉ်ဟု ဖခင်ကို လိမ်ညာပြောသော်လည်း သူငယ်ချင်းဖြစ်သူ အမန်ဒါနှင့်အတူ U2 အဖွဲ့ အပါအဝင် ရော့ခ် တေးဂီတပွဲများကို သွားရောက်ကြည့်ရှုရန်သာ ဖြစ်သည်။) ကင်၏ ဥရောပ ခရီးစဉ်အတွင်း မိခင် လီနို၏ ခင်ပွန်းအသစ် လူကုံထံ စတူးဝဒ်က ငွေကြေး အကုန်အကျခံခဲ့ခြင်း ဖြစ်သည်။

ဘရိုင်ယန်က သမီးဖြစ်သူအား နိုင်ငံတကာသို့ ဆက်သွယ်နိုင်သည့် မိုဘိုင်းဖုန်းတလုံး ဝယ်ပေးပြီး သူ့အား ဆက်သွယ်မှု ပြုနိုင်ရန် စီစဉ်ခဲ့သည်။

ကင်နှင့် အမန်ဒါ တို့ လေဆိပ်မှ အထွက်တွင် သူ့ကိုယ်သူ ပီတာ ဟု နာမည်ပေးထားသည့် လူငယ်တယောက်က သူတို့ထံ လာရောက်၍ မိတ်ဆွေဖွဲ့သည်။ ထိုလူငယ်နှင့်အတူ မော်တော်ကား စပ်တူ ငှားမစီးသေးခင် ပီတာက ကင်တို့ကို ဘရိုင်ယန် ပေးလိုက်သော မိုဘိုင်းဖုန်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ပေးလိုက်သေးသည်။ မော်တော်ကား အတူစပ်ငှားခဲ့သဖြင့် ကင်တို့ နေသည့် နေရာကို ပီတာ သိသွားသည်။ ပီတာက သူနှင့် ဆက်စပ်သော အဖွဲ့အစည်းတခုကို ကင်တို့ရှိသည့် နေရာကို ပြောပြလိုက်သည်။

လူမုဆိုးတို့၏ သားကောင်ပါရီရှိ ခေတ္တတည်းခိုရာ တိုက်ခန်းထဲတွင် ကင်နှင့် အမန်ဒါက ပီတာ ဖိတ်ကြားသော ညဘက် ပါတီအကြောင်း ပြောဆိုနေခိုက် ဘရိုင်ယန်၏ ပထမ ဖုန်းခေါ်ဆိုမှုကို ကင် သတိမထားမိလိုက်။ ဒုတိယအကြိမ် ဖုန်းလာသည့်အခါ ဖခင်နှင့် စကားပြောနေခိုက် အမန်ဒါအား ဖမ်းသွားသည်ကို တွေ့ရသည့်အခါ အခြေအနေကို ဖခင်အား ပြောပြရာ ဘရိုင်ယန်က အကြံဉာဏ်များ ပေးသော်လည်း သူမကို လူဆိုးများက ရှာတွေ့သွားသည်။ ကင်က ဖခင် ပြောသည့်အတိုင်း လူဆိုးများ၏ ပုံပန်းသဏ္ဌာန်ကို ပြန်လည်ပြောပြနိုင်ခဲ့သည်။ သမီးကို ပြန်တွေ့ခွင့်ရရေးမှာ ၉၆ နာရီ (၄ ရက်) အချိန်ရှိကြောင်း လူဆိုးတဦးက သူ့ကို ပြောသည်။

သမီး ပြန်ပေးဆွဲခံရသည်ကို ဇနီးဟောင်း လီနိုကို ပြောပြသည်။ ဇနီးဟောင်း လီနိုနှင့် သူ၏ ခင်ပွန်းအသစ် စတူးဝဒ်က ဘရိုင်ယန်အား အငြိုးထားသည့် လူဆိုးများက ကင်ကို လက်စားချေခြင်း ဖြစ်နိုင်သည်ဟူ၍ စွပ်စွဲပြောဆိုသည်။

သမီးလေး ကင် ပြောသော လူပုံသဏ္ဌာန်ကို စီအိုင်အေမှ သူငယ်ချင်းဖြစ်သူ ဆမ်ကို ဘရိုင်ယန်က ပြောပြသည်။ အကျိုးအကြောင်း စုံစမ်းကြည့်သည့်အခါ ပါရီသို့ ပြောင်းရွှေ့လာသည့် အယ်(လ်)ဘေးနီးယား လူမှောင်ခိုဂိုဏ်း ဖြစ်နေသည်။ ထိုဂိုဏ်းက မိန်းကလေးငယ်များကို ဖမ်းဆီး၍ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ရောင်းစားသည့် ဂိုဏ်းဖြစ်သည်။

ဘရိုင်ယန်သည် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ လိုက်သွားပြီး ကင်နှင့် အမန်ဒါတို့ တည်းခိုခဲ့သော အခန်းသို့ ဝင်ကြည့်သည်။ သမီးလေးကို ပေးခဲ့သော မိုဘိုင်းဖုန်းမှာ တစစီ ပျက်စီးနေသည်။ ဖုန်းထဲရှိ မမ်မိုရီကဒ်ကိုယူ၍ စစ်ဆေးကြည့်ရာ ကင်နှင့် အမန်ဒါတို့ကို ပီတာ ရိုက်ပေးထားသော ဓာတ်ပုံကို တွေ့ရသည်။ ထိုဓာတ်ပုံကို ပုံကြီး ချဲ့ကြည့်ရာ နောက်ခံ အလင်းပြန်တခုပေါ်တွင် ပုံရိပ်ထင်နေသော ပီတာကို တွေ့ရသည်။

လေယာဉ်ကွင်းမှ အထွက်တွင် နောက်ထပ် အမျိုးသမီးငယ်တဦးအား ပစ်မှတ်ထားနေသော ပီတာကို တွေ့သည်။ ဘရိုင်ယန်က ပီတာကို လက်ရဖမ်းဆီးနိုင်သော်လည်း အဖော်ဖြစ်သူ နှောင့်ယှက်သဖြင့် လွတ်သွားခဲ့သည်။ ပီတာကို ဆက်လိုက်ပြန်ရာ မှီလုဆဲဆဲတွင် တံတားပေါ်မှ ခုန်ချပြီး ဆင်းပြေးသည်။ အမှိုက်တင် ကားတစီးက ဘရိုင်ယန်ကို အရှိန်ဖြင့် ဝင်တိုက်မိပြီးနောက် ပီတာနောက်သို့ ဆက်လိုက်ရန် လက်လျှော့ခဲ့ရသည်။

ပါရီတွင် ပြည်တွင်းလုံခြုံရေးဌာန ဒါရိုက်တာအဖြစ် တာဝန်ယူထားသော သူ့သူငယ်ချင်း ယန်းကလော့နှင့် တွေ့သည်။ ဘရိုင်ယန်က သမီးလေး ပြန်ပေးဆွဲခံရသည့်အတွက် ပါရီသို့ ရောက်လာကြောင်းနှင့် သဲလွန်စအဖြစ် ခြေရာခံလိုက်နိုင်သော ပီတာဖြင့် သေရှာပြီဟု ပြောသည်။ ယန်းကလော့ကလည်း သူ မကူညီနိုင်ကြောင်းနှင့် အယ်ဘေးနီးယန်းတို့နှင့် ပတ်သက်၍ စုံစမ်းချင်လျှင် Port de Clichy သို့ သွားလျှင် ရနိုင်ကြောင်း ပြောသည်။

Port De Clichy တွင် လမ်းမထက် ကျက်စားသည့် အပျော်မယ်တယောက်နှင့် အဆင်မပြေသည့်ပုံစံ ဖန်တီးကာ သူတို့ကို စောင့်ရှောက်နေသည့် အယ်ဘေးနီးယန်းတယောက် ရောက်လာသည့်အခါ သူ့ကိုယ်တွင် အသံဖမ်းစက် လျှို့ဝှက်တပ်ဆင်ပေးလိုက်သည်။ ထိုအသံဖမ်းစက်မှတဆင့် အယ်ဘေးနီးယန်းတို့ ပြောစကားကို စကားပြန် တယောက်က ဘာသာပြန်ပေးရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် ပျော်ပါးနိုင်သည့် အမျိုးသမီးလေးများကို ရနိုင်သည့်အကြောင်းကို စုံစမ်းမိသည်။

ထိုဆောက်လုပ်ရေးလုပ်ငန်း ဆိုက်တခုတွင် လျှို့ဝှက်ဖွင့်လှစ်ထားသော ဇိမ်ခန်းနေရာထဲ၌ ဖမ်းဆီးခံထားရသော အမျိုးသမီးများကို အကြောထဲ မူးယစ်ဆေးဝါး ထိုးသွင်းထားပြီး အခကြေးငွေ ယူထားသော အမျိုးသားများနှင့် ပျော်ပါးခိုင်းသည်။

ဘရိုင်ယန်လည်း ပျော်ပါးချင်သူတယောက် အသွင်ကိုယူ၍ ထိုအထဲသို့ လျှို့ဝှက်ဝင်ရောက်ပြီး သူ့သမီးကို ရှာကြည့်ရာ မတွေ့ရဘဲ သမီးလေး နောက်ဆုံး ဝတ်ဆင်သွားသည့် အင်္ကျီကိုသာ အခန်းတခု၌ တွေ့ရသည်။

သမီးလေး အကြောင်းကို စုံစမ်းရာ အစောင့်များက တွေ့ရှိသွားသဖြင့် သူ့သမီးအင်္ကျီနှင့်အတူ တွေ့ရသော ကောင်မလေးကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့သည်။ သူ ထွက်အပြေးတွင် ဇိမ်ခန်းအစောင့်များက လိုက်လံပစ်ခတ်သော်လည်း သူ လွတ်မြောက်ခဲ့သည်။

နောက်တနေ့တွင် ပြင်သစ်ထောက်လှမ်းရေးမှ ယန်းကလော့က သူ့ကို ချိန်းဆိုကာ - ဘရိုင်ယန်ကြောင့် ယမန်နေ့ ညက လူ ၃ ဦး သေဆုံးကာ၊ ၇ ဦး ဒဏ်ရာရပြီး အဆောက်အအုံလည်း ပျက်စီးခဲ့မှုအတွက် သူ့ကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့သည်။ သို့သော် ဘရိုင်ယန်က ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

သူ ခေါ်လာသော ကောင်မလေးကို မူးယစ်ဆေးဝါး ပြေချိန်တွင် စစ်မေးချက်အရ ထိုအင်္ကျီမှာ သူ့ကို ကင်က ပေးဝတ်ခြင်းဖြစ်ကြောင်းနှင့် သူတို့နှစ်ဦးသည် အနီရောင် တံခါးနှင့် အိမ်ကြီးတွင် ဆုံတွေ့ခဲ့ကြောင်း ပြောပြသည်။

ကောင်းကင်ဘုံဟု ခေါ်သော အနီရောင်တံခါးနှင့် အိမ်ကြီးဆီ ဘရိုင်ယန် ရောက်သွားသည့်အခါ သူ၏ သမီးအား ပါရီမြို့သို့ ရောက်ခါစတွင် ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့် တွေ့ဆုံရသည်။ အမျိုးသမီးများအား ဖမ်းဆီး၍ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းအပြင် လူကုန်ကူးသည့် အယ်ဘေးနီးယန်း မာကိုအား နှိပ်စက်၍ စစ်မေးပြီးသည့်အခါ သူ့သမီးကို အမျိုးသမီးများအား လေလံတင် ရောင်းချသည့် ပက်ထရစ် စိန့်ကလဲယားဆိုသူထံ ရောင်းချလိုက်ကြောင်း သိရသည်။ မာကိုတို့ရှိသော နေရာတွင် သွေးကြောထဲသို့ မူးယစ်ဆေးထိုးသွင်း၍ ဖမ်းဆီးထားသော အမျိုးသမီးများကို တွေ့လိုက်ရသည်။ သူ့သမီး၏ သူငယ်ချင်းဖြစ်သူ အမန်ဒါမှာ မူးယစ်ဆေး အလွန်အကျွံ ထိုးသွင်းခံရကာ သေဆုံးလျက်ရှိနေပြီဖြစ်သည်။

ပြင်သစ် ထောက်လှမ်းရေး ယန်းကလော့ဆီ ရောက်သွားသည့်အခါ ဘရိုင်ယန်ကို ပစ်သတ်ရန် ယန်းကလော့က စီစဉ်သည်။ ယန်းကလော့ သေနတ်မှ ကျည်ဆံများကို ဘရိုင်ယန်က သိမ်းဆည်းလိုက်ပြီဖြစ်၍ ပစ်ခွင့်မသာခဲ့ပေ။ ယန်းကလော့၏ မိန်းမ လက်မောင်းကို သေနတ်နှင့် ပစ်ကာ မေးမြန်းရာမှ အပျိုစင် အမျိုးသမီးလေးများအား လေလံပစ်သည့် စိန့်ကလဲနှင့် တည်ရှိရာနေရာကို ဘရိုင်ယန်က သိလိုက်ရသည်။

အတားအဆီးများကို ကျော်ဖြတ်ပြီး ထိုနေရာသို့ ဘရိုင်ယန် ရောက်ရှိသွားသည့်အခါ လေလံပစ်သည့် အမျိုးသမီးများထဲတွင် သူ့သမီးကို တွေ့လိုက်ရသည်။ လေလံဆွဲနေသူတဦးကို သေနတ်ဖြင့် ထောက်၍ သူ့သမီးကို ဝယ်ခိုင်းပြီး ပြန်အထွက်တွင် စိန့်ကလဲတို့က သူ့ကို ဖမ်းမိသွားသည်။

စိန့်ကလဲက ဖမ်းဆီးခံထားရသည့် ဘရိုင်ယန်ကို သတ်ခိုင်းသော်လည်း နောက်ဆုံးတွင် ဓာတ်လှေကားထဲ၌ စိန့်ကလဲကို ပြန်သတ်နိုင်ခဲ့သည်။ စိန့်ကလဲကို မေးသည့်အခါ သူ့သမီးကို အာရပ် သူဌေးတယောက် ဝယ်သွားသည်ကို သိလိုက်ရပြန်သည်။

ထို့ကြောင့် သင်္ဘောဖြင့် ထွက်ခွာသွားသော အာရပ်သူဌေးနောက်သို့ လိုက်ရာ သူ၏ သက်တော်စောင့်များကို ဘရိုင်ယန်က နှိမ်နှင်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ့သမီးနှင့် ပြန်လည်ပေါင်းစီးနိုင်ပြီး သမီးဖြစ်သူ၏ အဆိုတော် ဖြစ်ချင်သည့် ဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်ခဲ့သည်။[၁]

== ကိုးကား ==