အဝေရာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး rm deleted photo
စာကြောင်း ၂၃ - စာကြောင်း ၂၃ -
*Botany Term : Leucaena glauca Benth
*Botany Term : Leucaena glauca Benth
*Species/Family : Mimosaceae
*Species/Family : Mimosaceae
[[File:L_mimosaceae.jpg|thumb|ဘောစကိုင်း]]
ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရှူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။
ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရှူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။



၁၀:၁၅၊ ၉ ဧပြီ ၂၀၁၉ ရက်နေ့က မူ

ဘောစကိုင်း
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးစု:
မျိုးစိတ်:
L. leucocephala
ဒွိနာမ
Leucaena leucocephala
Synonyms

Leucaena glauca (L.) Benth.[၂]
Mimosa glauca L.
Acacia glauca Willd.

Leucaena leucocephala

Leucaena glauca Benth (ဘောစကိုင်း)

  • Botany Term : Leucaena glauca Benth
  • Species/Family : Mimosaceae

ဘောစကိုင်းပင်ကို အဝေရာပင်ဟုလည်းခေါ်ပြီး ပင်စောက် အပင်သေးမျိုး ဖြစ်သည်။ စိုက်ပျိုးရာတွင် အဖြစ်မြန်၊ အကြီးမြန်သည်။ အရွက်မှာ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်ကဲ့သို့ ရှိသည်။ ဘောစကိုင်းရွက်ကို ချေပြီး ရှူကြည့်လျှင် ဆူးပုပ်ရွက်နံ့ အနည်းငယ်ရသည်။ အပွင့်မှာ အဖြူရောင်အလုံးလေးများ အဆုပ်လိုက် ပွင့်၍ အသီးမှာ အပြားကလေးများ ဖြစ်သည်။

ပုံသဏ္ဌာန်

အပင်

ပင်လတ် တစ်မျိုးဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင်ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။

အရွက်

ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။

အပွင့်

ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဌာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။

အသီး

သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

ခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ

မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

အာနိသင်

မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။

အသုံးပြုပုံ

အခေါက်

  1. အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
  2. အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေးအဖြစ် ဖော်စပ် အသုံးပြု၏။

အစေ့

  1. အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။

ပဉ္စငါးပါး

  1. ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။

အရွက်နှင့် အသီးခွံ

  1. အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ဝမ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။

[၃]

  1. ဘောစကိုင်းရွက်များ လက်တစ်ဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင် ပြုတ်၍ လက်ဘက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် သောက်ပေးပါက (နံနက် တစ်ကြိမ်၊ ည တစ်ကြိမ်) သွေးတိုးရောဂါ ကျဆင်းသွားစေသည်။
  2. အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေပါသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။
  3. အရွက်များကို ဆေးပြီး ညက်အောင်ထောင်းကာ အနာဟောင်း၊ အနာဆွေးများကို အုံပေးထားပါက အနာပျောက် မြန်စေပါသည်။
  4. ပြည်တစိုစို ရှိနေသော အနာမျာူကို ရွက်ပြုတ်ရည်နှင့် ဖန်ဆေးပေးခြင်းဖြင့် အနာမျာူ အသားနုတက် မြန်စေပါသည်။
  5. ရွက်နုကို ဟင်းချိုဖြစ်စေ၊ တို့စရာဖြစ်စေ၊ သုပ်၍ စားခြင်းတို့ဖြင့် နေ့စဉ်မှန်မှန် စားပေးပါက အစာအိမ်ရောဂါရှင်များ ရောဂါသက်သာ ပျောက်ကင်းစေသည်။
  6. အစာမှား၍ အဆိပ်ဖြစ်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ မကြာခဏ အော့အန်ခြင်းများ ဖြစ်နေပါက အရွက်ကြမ်း လက်တစ်ဆုပ်စာကို သုံးခွက်တစ်ခွက်တင် ကျိုပြီး သောက်ပေးပါက အစာမှားနှင့် အဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပါသည်။ [၄]

ကိုးကား

  1. Leucaena leucocephala (Lam.) de WitGermplasm Resources Information Network။ United States Department of Agriculture (1995-03-24)။ 2010-01-18 တွင် ပြန်စစ်ပြီး။
  2. Leucaena leucocephala (tree)Global Invasive Species Database။ Invasive Species Specialist Group။ 2010-01-18 တွင် ပြန်စစ်ပြီး။
  3. http://arogyamonline.com/commodity/materials/?raw=92
  4. မန္တလေးနေ့စဉ်၊ ၁၈.၁၀.၂၀၁၈၊ စာ-၁၇