ကင်းကောင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၅ - စာကြောင်း ၅ -


== အနုပညာခရီး ==
== အနုပညာခရီး ==
[[ရန်ကုန်တက္ကသိုလ်]]၊ မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုတွင် [[ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်)|ဇာဂနာ]] (ကိုသူရ) က မြပုဏ္ဏမာအမည်ဖြင့် အငြိမ့်ကရန် စီစဉ်သည်။ ထိုအဖွဲ့သို့ အရှည်ကြီး အမည်ဖြင့် ပါဝင်ခဲ့သည်။ နှစ်နှစ်ခန့် ကျင်လည်ပြီးနောက် မြပုဏ္ဏမာအား [[မြန်မာ့အသံ]]မှ ထုတ်လွှင့်ရန်စီစဉ်သည့်အခါ ဇာဂနာ၏ တိုက်တွန်းချက်ဖြင့် ကင်းကောင် ဟု စင်တက်အမည် ပြောင်းခဲ့တော့သည်။
[[ရန်ကုန်တက္ကသိုလ်]]၊ မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုတွင် [[ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်)|ဇာဂနာ]] (ကိုသူရ) က မြပုဏ္ဏမာအမည်ဖြင့် အငြိမ့်ကရန် စီစဉ်သည်။ ထိုအဖွဲ့သို့ အရှည်ကြီး အမည်ဖြင့် ပါဝင်ခဲ့သည်။ နှစ်နှစ်ခန့် ကျင်လည်ပြီးနောက် မြပုဏ္ဏမာအား [[မြန်မာ့အသံ]]မှ ထုတ်လွှင့်ရန်စီစဉ်သည့်အခါ [[ဇာဂနာ]]၏ တိုက်တွန်းချက်ဖြင့် ကင်းကောင် ဟု စင်တက်အမည် ပြောင်းခဲ့တော့သည်။


== မိသားစုဘဝ ==
== မိသားစုဘဝ ==

၁၇:၅၁၊ ၂၈ ဇန်နဝါရီ ၂၀၁၉ ရက်နေ့က မူ

ကင်းကောင် သည် မြန်မာသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး တစ်ခေတ်တစ်ခါက မသိသူမရှိသော သရဲကြီးလေးကောင်တွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ငယ်ဘဝ

ငယ်အမည်မှာ မျိုးမြင့် ဖြစ်ပြီး မွေးချင်းလေးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။

အနုပညာခရီး

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုတွင် ဇာဂနာ (ကိုသူရ) က မြပုဏ္ဏမာအမည်ဖြင့် အငြိမ့်ကရန် စီစဉ်သည်။ ထိုအဖွဲ့သို့ အရှည်ကြီး အမည်ဖြင့် ပါဝင်ခဲ့သည်။ နှစ်နှစ်ခန့် ကျင်လည်ပြီးနောက် မြပုဏ္ဏမာအား မြန်မာ့အသံမှ ထုတ်လွှင့်ရန်စီစဉ်သည့်အခါ ဇာဂနာ၏ တိုက်တွန်းချက်ဖြင့် ကင်းကောင် ဟု စင်တက်အမည် ပြောင်းခဲ့တော့သည်။

မိသားစုဘဝ

ဇနီး ဒေါ်အေးအေးမွန် နှင့် ရဲမွန်အောင် အမည်ရ သားတစ်ယောက်ရှိသည်။

ကျန်းမာရေးပြဿနာများ

ပြင်ဦးလွင်တွင် ဗီဒီယိုရိုက်ကူးစဉ် ဆိုင်ကယ်မတော်တဆဖြစ်ကာ ဦးနှောက်သွေးကြော ခဲသဖြင့် ၂၀၁၅ ခု၊ မေလ ၆ ရက်တွင် မန္တလေး နန်းတော်ဆေးရုံ၌ ကုသမှု ခံယူရသည်။[၁]

၂၀၁၆ ခု၊ ဇွန်လတွင် နှလုံးအဆီဖုံးရောဂါဖြင့် ဆေးရုံတက်ကုသရသည်။ နာမည်ရသရုပ်ဆောင်တစ်ဦး ဖန်သားပြင်မှ ပျောက်ဆုံးခြင်း၊ ဆေးရုံရောက်သည်ဟူသော သတင်းများကို ဆက်စပ်ကာ တိမ်းပါးလေပြီလောဟု ကောလဟာဟများ ထွက်ပေါ်ခဲ့သည်။

၂၀၁၆ ခု၊ အောက်တိုဘာတွင် အစာစားရေမျို အခက်အခဲဖြစ်လာရင်း စစ်ဆေးရာ အစာပြွန်ပိတ်နေကြောင်း သိရသည်။ ရင်ခေါင်းခွဲစိတ်မှုခံယူရာ အောင်မြင်ပြီးနောက် "ရာသက်ပန်အရက်ဖြတ်ပြီ"ဟု ကြေညာသည်။ [၂]

ဘဝနိဂုံး

ပုပ္ပား၌ ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးစဉ် ၂၀၁၉ ခု၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် တည်းခိုရာ၌ပင် တိမ်းပါးသည်။ ရုပ်ကလာပ်ကို ရန်ကုန်သို့ နေ့ချင်း ပြန်သယ်လာပြီး ရေဝေးသုဿာန်၊ ရေခဲတိုက်သို့ ထားရှိသည်။ ၂၄ ရက်နေ့တွင် ရေဝေးသုဿာန်၌ပင် သင်္ဂြိုဟ်မည် ဖြစ်သည်။ [၃]

ကွယ်လွန်ချိန်၌ အသက် ၅၅ နှစ် ရှိပြီ ဖြစ်သည်။

ကိုးကား

  1. ပန်းမြတ်ဇော် (၈ မေ ၂၀၁၅)။ [ဟာသသရုပ်ဆောင် (ဦး)ကင်းကောင် ဦးနှောက်အတွင်း သွေးခဲနေမှုကြောင့် ဆေးကုမှုခံယူနေမဇ္ဈိမ။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. လင်းအက္ခရာ (၄ အောက်တိုဘာ ၂၀၁၈)။ ကျန်းမာရေးကြောင့် ရာသက်ပန် အရက်ဖြတ်လိုက်တဲ့ ကင်းကောင်။ ပေါ်ပြူလာ။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. နှင်းနှင်းအောင် (၂၂ ဇန်နဝါရီ ၂၀၁၉)။ လူရွှင်တော်ကင်းကောင် ချွဲကျပ်ပြီး ရုတ်တရက်ကွယ်လွန်မြန်မာတိုင်း(မ်)။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။