စိုက်ပျိုးရေး သုတေသန ဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီး (GR) File renamed: File:DAR.jpg.pngFile:Logo of Department of Agricultural Research, Myanmar.png Criterion 2 (meaningless or ambiguous name)
စာကြောင်း ၃ - စာကြောင်း ၃ -
|jurisdiction=မြန်မာ
|jurisdiction=မြန်မာ
|agency_name=စိုက်ပျိုးရေးသုတေသနဦးစီးဌာန
|agency_name=စိုက်ပျိုးရေးသုတေသနဦးစီးဌာန
|nativename=|seal=[[File:DAR.jpg.png|Department of Agricultural Research]]
|nativename=|seal=[[File:Logo of Department of Agricultural Research, Myanmar.png|Department of Agricultural Research]]
|seal_caption=|formed={{Start date|df=yes|2016|03|30}}|
|seal_caption=|formed={{Start date|df=yes|2016|03|30}}|
|headquarters=ရုံးအမှတ် (၃၆)၊​နေပြည်​တော်
|headquarters=ရုံးအမှတ် (၃၆)၊​နေပြည်​တော်

၁၅:၄၅၊ ၈ ဇန်နဝါရီ ၂၀၁၉ ရက်နေ့က မူ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန
မြန်မာအစိုးရအဖွဲ့အစည်း
Department of Agricultural Research
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ဌာနချုပ်ရုံးအမှတ် (၃၆)၊​နေပြည်​တော်
19°47′11″N 96°06′51″E / 19.7862975°N 96.1141331°E / 19.7862975; 96.1141331
ဝန်ကြီးများဒေါက်တာ​အောင်သူ
ဒုတိယဝန်ကြီးများဦးလှ​ကျော်
ဝက်ဘ်ဆိုက်dar.gov.mm

စိုက်ပျိုးခြင်းသုတေသနဗိမာန် ကို ၁၉၅၄ ခုနှစ်၊ ဇွန်လ(၂၇)ရက်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့၊ ရေဆင်းဒေသသို့ (ယခု-နေပြည်တော်၊ ရေဆင်း) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ဌာနခွဲတစ်ခုအဖြစ် ထားရှိရာမှ ၂၀၀၄ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အဖြစ် သီးခြားဖွဲ့စည်းခဲ့သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ "စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး" ဦးတည်ချက်ကို အကောင်အထည်ဖော်နိုင် ရန်အတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အဓိက သီးနှံများအတွက် မျိုးနှင့်နည်းပညာများကို ဖော်ထုတ်ရန် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှော်မှန်းချက်၊ တာဝန်နှင့် ရည်ရွယ်ချက်များ သတ်မှတ်၍ ဆောင်ရွက်လျှက်ရှိသည်။ [၁]

ရည်ရွယ်ချက်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဒေသအလိုက်သင့်တော်သည့် အထွက်ကောင်းမျိုးများနှင့် စပ်မျိုး(Hybrid Variety) များ ဖော်ထုတ်ရန်။
  • သီးနှံအလိုက်၊ ဒေသအလိုက်၊ အကျိုးအမြတ် အများဆုံးရရှိ၍ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံဗီဇမျိုးကွဲများ ထိန်းသိမ်းအသုံးချရန်နှင့် သီးနှံပုံစံများ ဖော်ထုတ်ရန်။
  • အဆင့်မြင့်သိပ္ပံ နည်းပညာများနှင့် အပင်ဇီဝနည်းပညာ သုတေသန လုပ်ငန်း (Biotechnology Research)များ ဖွံ့ဖြိုးရန်။
  • ဖော်ထုတ်ရရှိသော မျိုးနှင့် နည်းပညာများကို စိုက်ပျိုးသူများ လက်ဝယ်သို့ရောက်ရှိရေး ဆောင်ရွက်ရန်။
  • လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်။

ဖွဲ့စည်းပုံ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်အောက်ရှိ ဌာနခွဲများနှင့် ဌာနစုများမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]

  • စပါးနှင့်နှံစားသီးနှံဌာနခွဲ
    • စပါးသီးနှံဌာနစု
    • နှံစားသီးနှံဌာနစု
  • ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဌာနခွဲ
    • ဆီထွက်သီးနှံဌာနစု
    • ပဲမျိုးစုံဌာနစု
  • စက်မှုကုန်ကြမ်းနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံဌာနခွဲ
    • စက်မှုကုန်ကြမ်းသီးနှံဌာနစု
    • ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစု
  • မြေဆီလွှာ၊ ရေအသုံးချရေးနှင့်စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ
    • မြေဆီလွှာဌာနစု
    • ရေအသုံးချရေးသုတေသနဌာနစု
    • စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစု
  • သီးနှံစိုက်ပျိုးရေးနှင့်လယ်ယာစီးပွားသုတေသနဌာနခွဲ
    • သီးနှံစိုက်ပျိုးရေးစနစ်ဌာနစု
    • လယ်ယာစီးပွားဌာနစု
    • စာရင်းအင်းဌာနစု
  • ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့်သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ
    • ဇီဝနည်းပညာဌာနစု
    • မျိုးစေ့ဘဏ်ဌာနစု
    • ပိုးမွှားဌာနစု
    • အပင်ရောဂါဌာနစု
  • စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ
    • စီမံခန့်ခွဲရေးဌာနစု
    • ငွေစာရင်းဌာနစု
    • ပြည်ပဆက်သွယ်ရေးနှင့်စီမံကိန်းလုပ်ငန်းဌာနစု
    • ဒေသသုတေသနဌာနစု

ကိုးကား

  1. စိုက်ပျိုးရေးသုတေသနဦးစီးဌာန။ ၂၉ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  2. စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဌာနခွဲနှင့် ဌာနစုများ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။