နက္ခတ္တဗေဒ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: kl:Ulloriarsiorneq
အရေးမကြီး robot Adding: frr:Stäärkunde
စာကြောင်း ၉၄ - စာကြောင်း ၉၄ -
[[fr:Astronomie]]
[[fr:Astronomie]]
[[frp:Astronomia]]
[[frp:Astronomia]]
[[frr:Stäärkunde]]
[[fur:Astronomie]]
[[fur:Astronomie]]
[[fy:Stjerrekunde]]
[[fy:Stjerrekunde]]

၁၄:၅၅၊ ၇ စက်တင်ဘာ ၂၀၁၀ ရက်နေ့က မူ

ဟပ်ဘယ် အာကာသတယ်လီစကုပ်မှ ရိုက်ကူးထားသော ဂဏန်းနီဗျူလာ(Crab Nebula), စူပါနိုဗာကြယ်ပေါက်ကွဲမှု၏ အကြွင်းအကျန်များ
ဒတ်ချ်ပုံဆွဲဆရာ Frederik De Wit ရေးဆွဲထားသော၁၇ရာစုမှ ကောင်းကင်မြေပုံ
The Subaru Telescope (left) and Keck Observatory (center) on Mauna Kea, both examples of an observatory that operates at near-infrared and visible wavelengths. The NASA Infrared Telescope Facility (right) is an example of a telescope that operates only at near-infrared wavelengths.

နက္ခတ္တဗေဒသည် ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများနှင့် အာကာသအတွင်းရှိ အခြားအရာဝတ္ထုများကို လေ့လာသော ပညာရပ်ဖြစ်သည်။ နက္ခတ္တဗေဒသည် ရှေးအကျဆုံးသော သိပ္ပံပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းမတင်ခင်အချိန်ကပင်စတင်ခဲ့ကြသည်။

ရှေးဟောင်းခေတ် နက္ခတ္တဗေဒ

ရှေးဟောင်းခေတ် နက္ခတ္တဗေဒ ပညာရှင်များမှာ ညဖက်တွင် လမ်းကြောင်းရှာရန်လိုအပ်သော ကုန်သည်များ နှင့် သင်္ဘောသားများတို့ဖြစ်သည်။ ထို့အတူ လယ်သမားများအနေနှင့်လည်း စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် နှင့် ရေကြီးမည့်အချိန်ကို အချို့သော နက္ခတ်တို့ ပေါ်ပေါက်လာမှုနှင့် သူတို့၏ ပုံသဏ္ဌန်ကို ကြည့်ရှုခြင်းဖြင့် ကြိုတင်ခန့်မှန်းရန်ကြသည်။ စတုန်းဟင်းချ် နှင့် မြောက်အမေရိက ရှေးဦးလူမျိုးစုတို့၏ ဆေးဝါးဘီးများ စသည်တို့ကို တည်ဆောက်သော ရှေးခေတ်လူတို့သည် ကောင်းကင်ကို ဘာသာရေး သို့ အထွတ်အမြတ်ထားသော အနေဖြင့် လေ့လာနိုင်သည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် လ၏သွားလာပုံ၊ နေ၏ ရာသီပေါ်မူတည်၍ မြောက်ဖက်နှင့် တောင်ဖက်ဆုံးနေရာ နှင့် အခြားအချက်အလက်များကို သူတို့၏ တည်ဆောက်မှုအတွက် လိုအပ်သောကြောင့်ဖြစ်သည်။

ဗေဒင်ဆရာတို့သည် လူတစ်ယောက်မွေးဖွားချိန်တွင် ကောင်းကင်၌ရှိသော ဂြိုလ်များကို လေ့လာခြင်းဖြင့် ရှေ့ဖြစ်ကို ဟောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဗေဒင်ပညာကို ယနေ့ခေတ်တွင် သိပ္ပံပညာအဖြစ် မယူဆသော်လည်း ရှေးခေတ်အခါကမူ ဗေဒင်ပညာ နှင့် နက္ခတ္တပညာတို့သည် နီးစပ်စွာ ဆက်နွယ်နေကြပြီး လူတို့သည် သူတို့မြင်သမျှအရာတို့ကို ဂရုတစိုက်မှတ်တမ်းရေးကြသည်။ ထိုမှတ်တမ်းတို့သည် လွန်ခဲ့သော ရာစုနှစ် ၂ ခုအတွင်း နက္ခတ္တဗေဒပညာရှင် တို့အတွက် စကြာဝဠာကို နားလည်ရန်ကြိုးစာရာတွင် အလွန်ပင် အရေးကြီးသည်။

နက္ခတ္တဗေဒ၏ သမိုင်း

ရှေးခေတ်လူတို့သည် တယ်လီစကုပ် နှင့် မှန်ပြောင်းများ မပေါ်မီတွင် ကြယ်များကိုလေ့လာရန် သာမန်မျက်စိကိုသာ အသုံးပြုကြသည်။ လူတို့သည် အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ် အစရှိသော အချို့သော ဂြိုလ်တို့ နှင့် ကမ္ဘာ၏ဂြိုဟ်ရံ ဖြစ်သောကို လေ့လာခဲ့ကြသည်။ လူတို့သည် ကြယ်တို့၏ တည်နေရာ နှင့် ရွေ့လျားပုံတို့ကို မြေပုံရေးဆွဲ၍ ရေကြောင်းသွားလာရေးအတွက် အသုံးပြုကြသည်။ရှေးခေတ်နက္ခတ္တဗေဒ ပညာရှင်တို့က နေနှင့် ကြယ်တို့သည် ကမ္ဘာကိုလှည့်ပတ်၍ သွားလာနေသည်ဟု ထင်မြင်ယူဆကြသည်။ နှစ်ပေါင်း ရာပေါင်းများစွာပင် အားလုံးက ထိုသို့ထင်မြင်ယူဆကြသည်။ ထို့နောက်တွင် Renaissance ဟုခေါ်သော အချိန်ကာလ၌ နီကိုလပ်စ် ကော့ပါးနိကပ်စ် မှ ကမ္ဘာသည် နေကိုလှည့်ပတ်သွားလာနေကြောင်း သက်သေပြခဲ့သည်။ ကမ္ဘာနှင့် ဂြိုဟ်များ နေကို လှည့်ပတ်သွားလာနေသော နေအဖွဲ့အစည်းဆိုသော ယူဆချက်ကို ကော့ပါးနိကပ်စ် မှ စတင်ခဲ့ခြင်းဖြစ်သည်။

ဂယ်လီလီယို ရေးဆွဲခဲ့သော လ၏ပုံများ။ ထိုပုံများမှာ တယ်လီစကုပ်မှ ကြည့်၍ ရေးဆွဲထားသဖြင့်ယခင်ရှိခဲ့သောပုံများထက် ပို၍ အသေးစိတ်ကျသည်။


သူ၏အယူအဆနေ၍ ပို၍တိုးတက်သော အယူအဆကို ဖြစ်စေခဲ့သူမှာ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂယ်လီလီယို ဂယ်လီလီပင်ဖြစ်သည်။ ဂယ်လီလီယိုသည် တယ်လီစကုပ်ကို တီထွင်ခဲ့သဖြင့် လူတို့အနေနှင့် ပိုမိုဝေးလံသော ဒေသမှ အရာဝတ္ထုများကို တွေ့မြင်နိုင်ခဲ့သည်။ဂယ်လီလီယိုက ကမ္ဘာသည် အရာအားလုံး၏ အလယ်ဗဟိုဖြစ်သည် ဆိုသော အချက်ကို ငြင်းချက်ထုတ်ခဲ့သဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ပြသနာတက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ဂယ်လီလီယိုကို သူ၏ဘဝအချိန် အတော်များများကို အိမ်တွင်း၌သာနေထိုင်ရန်နှင့် မည်သည့်စာအုပ်ကိုမှ ထုတ်ဝေခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။

ဂယ်လီလီယို၏ နောက်ပိုင်းတွင် လူတို့သည် တယ်လီစကုပ်များကို မကြာခဏ အသုံးပြုလာကြပြီး ယူရေးနပ်ဂြိုဟ် နှင့် နပ်ပကျွန်းဂြိုဟ် အစရှိသော ဝေးကွာသော နေရာမှ အရာဝတ္ထုများကို တွေ့မြင်နိုင်လာသည်။ ထို့ပြင် ကြယ်တို့သည် ကျွန်ုပ်တို့၏ နေနှင့် အရောင် နှင့် အရွယ်အစားမတူသော်လည်း မည်သို့တူညီပုံ နှင့် အခြားသော ဝေးကွာသော အရပ်မှာ အရာဝတ္ထုများဖြစ်သည့် nebula စသည်တို့ကို မြင်တွေ့နိုင်ခဲ့ကြသည်။

၂၀ ရာစုမှစ၍ နက္ခတ္တဗေဒပညာသည် အလွန်ပင် တိုးတက်လာခဲ့သည်။ အခုအခါတွင် အလွန်ကြီးမားသော တယ်လီစကုပ်များဖြစ်သည့် ဟပ်ဘယ်အာကာသတယ်လီစကုပ် (Hubble Space Telescope) စသည်တို့ကို အသုံးပြု၍ မိုင်ပေါင်း ဘီလီယံများစွာဝေးသော ဒေသမှ ကြယ်များ နှင့် ဂယ်လက်ဆီများကို ကြည့်ရှု နိုင်ပြီဖြစ်သည်။ ယခုအခါတွင် နက္ခတ္တဗေဒပညာရှင်တို့သည် ရေဒီယိုလှိုင်းနှင့် အိတ်စ်ရေး(x rays) တို့ကိုသုံး၍ ဧရာမ လှိုင်းထုတ်လွှင့်စက်များဖြင့် အရာဝတ္ထုများကို ကြည့်ရှုကြသည်။

နက္ခတ္တဗေဒဆိုင်ရာ ကိရိယာများ

နက္ခတ္တဗေဒကို အခြေခံအဆင့် လေ့လာရန်အတွက် မျက်စိကိုသာအသုံးပြု၍ လေ့လာနိုင်သည်။ တစ်စုံတစ်ခုကို မျက်စိသက်သက်ဖြင့် ကြည့်ခြင်းကို သာမန်မျက်စိဖြင့်ကြည့်ခြင်း ဟုခေါ်သည်။ ကြယ်အများစုမှာ မျက်စိသက်သက်ဖြင့် မြင်ရန်ခက်ခဲပြီး မှန်ပြောင်း သို့မဟုတ် တယ်လီစကုပ်ကို သုံးမှသာ မြင်နိုင်သည်။

နက္ခတ္တဗေဒ မျိုးကွဲများ

လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်းတွင် နက္ခတ္တဗေဒ ပညာသည် အလွန်ကြီးမားသော သိပ္ပံပညာ တစ်ခုဖြစ်လာသည်။ နက္ခတ္တဗေဒပညာတွင် မျိုးကွဲပေါင်းမြောက်များစွာရှိသည်။

သက်ဆိုင်သောဆောင်းပါးများ