ကွမ်းဆော်ကြောင်းဖြူ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: en:Kunhsaw Kyaunghpyu
အရေးမကြီး robot Adding: de:Kunhsaw Kyaunghpyu
စာကြောင်း ၁၀ - စာကြောင်း ၁၀ -
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]


[[de:Kunhsaw Kyaunghpyu]]
[[en:Kunhsaw Kyaunghpyu]]
[[en:Kunhsaw Kyaunghpyu]]

၀၉:၁၆၊ ၅ စက်တင်ဘာ ၂၀၁၀ ရက်နေ့က မူ

ကွမ်းဆောင်ကြောင်ဖြူမင်းသည် နန်းကျဘုရင် တန်နက်မင်း၏ သားတော်တစ်ပါးဖြစ်သည်ဟူသော အဆိုတစ်ရပ်လည်းရှိပေသည်။ "တောင်သူကြီးမင်းလက်ထက် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်းမင်းလောင်းကြည့်ရန်လာခြင်းဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လျှင် မင်းလောင်းဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော်လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် လွန်သည်။ "

အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။

နန်းတက်ပြီးသည့်နောက်တွင် မိဖုရားဖြစ်သူမှ အနော်ရထာဖြစ်လာမည့် သားငယ်ကိုမွေးဖွားသည်။ တောင်သူကြီးမင်း၏ မိဖုရားများနှင့် သားများဖြစ်သည့် စုက္ကတေးကျဉ်စိုး တို့ကိုလည်း မင်းသားများအဖြစ် ဆက်လက်ထားရှိသည်။ နောင်တွင် စုက္ကတေးနှင့် ကျဉ်စိုးတို့က ကျောင်းဆောင်တစ်ဆောင်ဆောက်လုပ်လှုဒန်းကြောင်း၊ မင်းကြီးကိုဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့် မေးရာ မင်းကြီးပင်ဖြစ်သည်ဟု ဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့်နေထိုင်သွားရသည်။ အနော်ရထာ စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူကိုသာ မင်းပြုစေသည် ဟုဆိုသည်။