မာယာဒေဝီ ဘုရားကျောင်း၊ လုမ္ဗိနီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၂၆ - စာကြောင်း ၂၆ -
File:Birth Place of lord Buddha.jpg
File:Birth Place of lord Buddha.jpg
File:Mayadevi Temple.jpg
File:Mayadevi Temple.jpg
File:Mayadevi Temple Lumbini front view.jpg|thumb|မာယာဒေဝီ ဘုရားကျောင်း ရှေ့ဘက်မှမြင်ကွင်
File:Mayadevi Temple Lumbini front view.jpg|thumb|မာယာဒေဝီ ဘုရားကျောင်း ရှေ့ဘက်မှမြင်ကွင်း
</gallery>
</gallery>
== ကိုးကား ==
== ကိုးကား ==

၁၁:၀၆၊ ၁၅ နိုဝင်ဘာ ၂၀၁၈ ရက်နေ့က မူ

မာယာဒေဝီ ဘုရားကျောင်း၊ လုမ္ဗိနီ

မာယာဒေဝီ ဘုရားကျောင်းသည် နီပေါနိုင်ငံယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သော လုမ္ဗိနီဒေသတွင် တည်ရှိသော ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခု ဖြစ်သည်။ ဤဘုရားကျောင်းသည် ဂေါတမဗုဒ္ခ မြတ်စွာဘုရား ဖွားတော်မူရာအရပ်အဖြစ် အစဉ်အလာယူဆထားသော လုမ္ဗိနီဒေသ၏ အဓိကဘုရားကျောင်းလည်း ဖြစ်သည်။ ဘုရားကျောင်းသည် ပက်စ်ခါနီဟုခေါ်တွင်သော အထွတ်အမြတ်ထားရာရေကန်နှင့် အထွတ်အမြတ်ထားရာဥယျာဉ်တို့၏အနီးတွင် တည်ရှိသည်။ ယင်းနေရာတွင် ယခင်ကရှေးဟောင်းသုတေသနတူးဖော်တွေ့ရှိချက်များသည် ဘီစီသုံးရာစုခေတ် အဆောက်အဦးများ ဖြစ်ပြီး အာသောကမင်းက တည်ထားခဲ့သည်။ [၁]ဘီစီခြောက်ရာစုခေတ် သစ်သားဖြင့်ပြုလုပ်ထားသော ဘာသာရေးအဆောက်အဦးကို ၂၀၁၃ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

၂၀၁၃ခုနှစ် ရှာဖွေတွေ့ရှိချက်

၂၀၁၃ခုနှစ်၊ နိုဝင်ဘာလတွင် ရှေးဟောင်းသုတေသီများပါဝင်သော နိုင်ငံတကာအဖွဲ့သည် ဘုရားကျောင်း၏ အောက်ဘက်တွင် တူးဖော်လေရာ ဘီစီ၅၅၀မတိုင်မီကာလ ရှေးဟောင်းသစ်ပင်ဘာသာရေး အဆောက် အဦး၏အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းမှာ တွေ့ရှိရသမျှသော ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦးများအ နက် အစောဆုံးဖြစ်နိုင်ဖွယ် ရှိသည်။ ယင်းအပြင် ဂေါတမဗုဒ္ဓဘုရားရှင်၏ဘဝနှင့်ပတ်သက်သည့် ပထမဦးဆုံးသော ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်လည်း ဖြစ်သည်။[၂] [၃][၄]တူးဖော်မှုများကို ဗြိတိန်နိုင်ငံ၊ ဒါဟမ်တက္ကသိုလ်မှ ရော်ဘင် ကော်နင်ဂမ်နှင့် နီပေါနိုင်ငံ၊ ပရှ်ရှုပါတီဧရိယာဖွံ့ဖြိုးရေးစီမံကိန်းမှ ကို့ရှ်ပရာဆတ်ဒ်အချာယာတို့က ဦးဆောင် သည်။ [၅] [၆]ကော်နင်ဂမ်၏အဆိုအရ ဘာသာရေးအဆောက်အဦးသည် ကမ္ဘာ့အစောဆုံးဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးအ ဆောက်အဦး ဖြစ်သည်ဟု ဆိုသည်။[၇]

ဤရှာဖွေတွေ့ရှိမှုသည် ဗုဒ္ဓမြတ်စွာဘုရားဖွားတော်မူရာအရပ်ဟု အစဉ်အလာယုံကြည်လျက်ရှိသောနေရာရှိ လက်ရှိဘုရား ကျောင်း၏ အောက်ဘက်ရှိ အုတ်ဘုရားကျောင်းများ၏အောက်တွင် တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။ သုတေသနသည် ကျောက်ဖြစ်နေသောသစ်ပင်အမြစ်များ၏ အပိုင်းအစများကိုလည်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ဗုဒ္ခဘာသာအစဉ်အလာအရ သစ် ပင်များနှင့်ဆက်စပ်နေခြင်းသည် မှန်ကန်နေကြောင်း ပြသနေသည်။ ဂေါတမဘုရားလောင်း သိဒ္ဓတ္တမင်းသားသည် အင်ကြင်းပင်အောက်တွင် ဖွားတော်မူခဲ့လေသည်။ ဖွားတော်မူစဉ် မယ်တော်ဖြစ်သော မာယာဒေဝီမိဖုရားသည် အင်ကြင်းကိုင်းကို ကိုင်ထားခဲ့သည်။

လန်ဒန်ယူနီဗာစီတီကောလိပ်မှ တောင်အာရှရှေးဟောင်းသုတေသနဌာနတွင် ကထိကတစ်ဦးဖြစ်သူ ဂျူလီယာရှောလ်က ဤဘာသာရေးအဆောက်အဦးသည် ဗုဒ္ဓပွင့်တော်မမူမီကာလမှ သစ်ပင်များကိုကိုးကွယ်မှုကို ပြသခြင်းဖြစ်မည်ဟု ပြောဆို လိုက်ပြီး နောက်ထပ်သုတေသနပြုလုပ်ရန် လိုအပ်သေးကြောင်း ထောက်ပြခဲ့သည်။

ဓါတ်ပုံပြခန်း

ကိုးကား

  1. "Lumbini, the Birthplace of the Lord Buddha". UNESCO. Retrieved 26 November 2013.
  2. Varma, Subodh (26 November 2013). "New finds at Lumbini may push Buddha's birth to 6th century BC". The Times of India. Retrieved 26 November 2013.
  3. Morgan, James (26 November 2013). "'Earliest shrine' uncovered at Buddha's birthplace". BBC. Retrieved 26 November 2013.
  4. Vergano, Dan (25 November 2013). "Oldest Buddhist Shrine Uncovered in Nepal May Push Back the Buddha's Birth Date". National Geographic. Retrieved 26 November 2013.
  5. Varma, Subodh (26 November 2013). "New finds at Lumbini may push Buddha's birth to 6th century BC". The Times of India. Retrieved 26 November 2013.
  6. Morgan, James (26 November 2013). "'Earliest shrine' uncovered at Buddha's birthplace". BBC. Retrieved 26 November 2013.
  7. Vergano, Dan (25 November 2013). "Oldest Buddhist Shrine Uncovered in Nepal May Push Back the Buddha's Birth Date". National Geographic. Retrieved 26 November 2013.