အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Modifying: en:Ava, Myanmar
အရေးမကြီး robot Modifying: en:Innwa
စာကြောင်း ၃၄ - စာကြောင်း ၃၄ -
[[cs:Ava]]
[[cs:Ava]]
[[de:Ava (Myanmar)]]
[[de:Ava (Myanmar)]]
[[en:Ava, Myanmar]]
[[en:Innwa]]
[[es:Ava]]
[[es:Ava]]
[[fr:Ava (Birmanie)]]
[[fr:Ava (Birmanie)]]

၀၈:၂၀၊ ၁၃ ဩဂုတ် ၂၀၁၀ ရက်နေ့က မူ

မန္တလေးတိုင်း အတွင်းရှိ အင်းဝ​မြို့သည် မြန်မာ့သမိုင်းတွင် အလွန်ကျော်စော်သောမြို့ဖြစ်သည်။ မြို့သက်မှာ ၁၉၁နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်ပါသည်။:ထိုမင်းဆက်များမှာ

  1. အင်းဝ​မင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)
  2. ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်
  3. ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)

တို့ဖြစ်ကြသည်။

ဖိုင်:Innwa1.jpg
အင်း၀မြို့ဟောင်း ရှိအကြွင်း အကျန်များ

တည်နေရာ နှင့် အမည်ရင်းမြစ်

အင်းဝ​မြို့သည် ဧရာ၀တီမြစ်နှင့် မြစ်ငယ်မြစ်(ဒုဌဝ​တီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ ရှေးအခါ အင်းဝ​မြို့တည်ရှိသော နေရာသည် မိုးကာလရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူအစက အင်းဝ​နေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝ​ိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝ​မြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့် လည်းကောင်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်၀တွင်ရှိသည်ကြောင့် လည်းကောင်း အင်းဝ​ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်၀ါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝ​ဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ​ရွှေဝ​ အစရှိသဖြင့် ခေေါ်ဝ​ါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုံးမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။့်

ရှေးခေတ် အင်းဝ​မြင်ကွင်း

အမည်ကွဲများ

အင်းဝ​မြို့၏၅မျိုးမှာ
  1. အင်းဝ​
  2. အင်းနဝ​
  3. ရွှေဝ​
  4. အဝ​ နှင့်
  5. ရတနာပူရ
တို့ဖြစ်ကြသည်။

အင်းဝ​မြို့ သမိုင်း

အင်းဝ​မြို့ကို စတင်တည်ထောင်သူမှာ အင်းဝ​မင်းဆက်ကို စတင်တည်ထောင်သူ သတိုးမင်းဖျား ဖြစ်သည်။ ၁၃၆၅မှ အစပြုသည့် အင်းဝ​မင်းဆက် တစ်လျောက်လုံးတွင် အင်းဝ​မှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ အင်းဝ​မင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝ​တီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ​-ဟံသာဝ​တီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ​၏ အင်အားသြဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အား ကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၄င်း၏သား သိုဟန်ဘွားတို့က အင်းဝ​ကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထိုနောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝ​တီတွင် နန်းတက်ပြီးနောက်တွင် အင်းဝ​ကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝ​ဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝ​မှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝ​တီနှင့် အင်းဝ​တို့ စစ်ပြုရာ အင်း၀ဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၄င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝ​မှ မင်းရဲကျော်စွာလည်း ဟံသာဝ​တီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝ​မှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

ဖိုင်:Innwa3.gif
အင်းဝ​မြို့တံခါး

ထိုနောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀တွင် အင်းဝ​ကို သိမ်းပိုက်မင်းပြုရာမှ အင်းဝ​မှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျောက်လုံးနီးပါးမျှ ဟံသာဝ​တီတွင် နန်းစိုက်နေခဲ့ရသည်။ သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝ​သည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့် တစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့် တစ်ကြောင်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝ​တီမှ ဆင်၀န် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်း၀ကို သိမ်းပိုက်ကာ အင်း၀ဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝ​တီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)

ဖိုင်:Innwa4.jpg
အင်းဝ​မြို့တစ်နေရာ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝ​မှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝ​ကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝ​သို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၄၁တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ပြီးနောက်တွင် သာယာ၀တီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

ဖိုင်:Innwa5.jpg
အင်းဝနန်းမြှင့် မျှော်စင်
ဖိုင်:Innwa6.jpg
အင်းဝနန်းတော် ကိုအနောက် တိုင်းပန်းချီဆရာ တစ်ဦးရေးဆွဲထားပုံ