မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"မန်ရှူးကျမ်း (သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၅၇၊ ၂၂ ဩဂုတ် ၂၀၁၈ ရက်နေ့က မူ

မန်ရှူးကျမ်း (သို့မဟုတ်) နန်းစောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။ ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်းစောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နမ်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။