ကနေဒါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: ab:Канада
အရေးမကြီး robot Modifying: ang:Canada
စာကြောင်း ၁၂၀ - စာကြောင်း ၁၂၀ -
[[am:ካናዳ]]
[[am:ካናዳ]]
[[an:Canadá]]
[[an:Canadá]]
[[ang:Cænada]]
[[ang:Canada]]
[[ar:كندا]]
[[ar:كندا]]
[[arc:ܩܢܕܐ]]
[[arc:ܩܢܕܐ]]

၂၀:၄၃၊ ၁၉ ဇူလိုင် ၂၀၁၀ ရက်နေ့က မူ

ကနေဒါ
Canada
ကနေဒါနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: A Mari Usque Ad Mare(လက်တင်)
"From Sea to Sea"
နိုင်ငံတော် သီချင်း: "O Canada"
တော်ဝင်သီချင်း: "God Save the Queen"
ကနေဒါနိုင်ငံ ၏ တည်နေရာ
မြို့တော်Ottawa
အကြီးဆုံးမြို့Toronto
ရုံးသုံး ဘာသာစကားများEnglish and French
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများInuktitut, Inuinnaqtun, Cree, Dëne Sųłiné, Gwich’in, Inuvialuktun, Slavey and Tłįchǫ Yatiì[၁]
DemonymCanadian
အစိုးရFederal parliamentary democracy and constitutional monarchy[၂]
• :en:Monarchy of Canada
Elizabeth II of the United Kingdom
• ဘုရင်ခံ
Michaëlle Jean
• ဝန်ကြီးချုပ်
Stephen Harper
ဥပဒေပြုလွှတ်တော်Parliament
Senate
House of Commons
Establishment
July 1, 1867
December 11, 1931
April 17, 1982
ဧရိယာ
• စုစုပေါင်း
9,984,670 (အဆင့်: 2nd)
• ရေထု (%)
8.92 (891,163 km²/344,080 mi²)
လူဦးရေ
• ၂၀၂၄ ခန့်မှန်း
31,241,030[၃] (အဆင့် - 36th)
• သိပ်သည်းမှု
၃.၂/km² (၈.၃/sq mi) (အဆင့် - 219th)
GDP (PPP)2008 ခန့်မှန်း
• စုစုပေါင်း
$1.300 trillion[၄] (အဆင့် - 14th)
• Per capita
$39,098[၄] (အဆင့် - 13th)
GDP (nominal)2008 ခန့်မှန်း
• စုစုပေါင်း
$1.499 trillion[၄] (အဆင့် - 9th)
• Per capita
$45,085[၄] (အဆင့် - 18th)
Gini32.1 (2005)[၅]
Error: Invalid Gini value
HDI (2007)Increase 0.966[၆]
အမှား။ မရေရာသော HDI တန်ဖိုး · 4th
ငွေကြေးDollar ($) (CAD)
အချိန်ဇုန်(UTC−3.5 to −8)
• နွေရာသီ (DST)
 (UTC−2.5 to −7)
ရက်စွဲပုံစံdd-mm-yyyy, mm-dd-yyyy, and yyyy-mm-dd (CE)
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+1
Internet TLD.ca


ကနေဒါနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ မြောက်ဖက်တွင် တည်ရှိ၍ အနောက်ဖက်စွန်းရှိ အလာစကာပြည်နယ် မှတပါး မြောက်အမေရိကတိုက်၏ မြောက်ပိုင်းဒေသ အားလုံးပါဝင်သော နိုင်ငံဖြစ်သည်။ အရှေ့နှင့် အနောက်မှာ မိုင် ၂၇၀၀ ကျော်ရှည်လျား၍ မြောက်ဘက်နှင့် တောင်ဘက်မှာ (အာတိတ် ကျွန်းစုများမပါ) မိုင် ၁၆၀၀ ခန့်ရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၃,၈၄၃,၁၄၄ မိုင်ခန့်မျှ ကျယ်ဝန်းသည်။ ဥရောပတိုက်နှင့် အကျယ်အဝန်းတူမျှလျက် ကျယ်ပြန့်၍ အဖိုးထိုက်တန်သော သစ်တောကြီးများရှိခြင်း၊​ မြေတွင်းမြေပတွင် သဘာဝပစ္စည်းအား ပြည့်စုံကြွယ်ဝခြင်းတို့ကြောင့် သန်းပေါင်း ၂၀၀ ခန့်မျှသော လူများပင် ချောင်ချိစွာ နေထိုင်အသက်မွေး နိုင်သည်။ သို့ရာတွင် ကနေဒါနိုင်၏ လက်ရှိ လူဦးရေမှာ ၃၃ သန်းမျှသာဖြစ်သည်။

ပထဝီ အနေအထား

ကနေဒါနိုင်ငံ၏ သွင်ပြင်အနေအထားကို သဘာဝဒေသကြီး ၅ ခုဖြင့် ခွဲဝေပို်ငးခြားနိုင်သည်။ ယင်းတို့မှာ လောရင်းရှန်း ကုန်းပြင်မြင့်၊ အတ္တလန္တိတ် ကမ်း​ခြေဒေသ၊ စိန်လောရင် မြစ်ဝှမ်းဒေသ၊ ပရေရီ လွင်ပြင်ဒေသနှင့် အနောက်ဘက် တောင်တန်းဒေသတို့ ဖြစ်ကြသည်။

လောရင်းရှန်း ကုန်းပြင်မြင့်သည် အာတိတ်သမုဒ္ဒရာ ကမ်း​​ခြေတို့မှ တဖြည်းဖြည်း မြင့်တက်လျက် တောင်ဖက်အိုင်ကြီး ၅ အိုင်နှင့် စိန်လောရင့်မြစ်အထိ ကျယ်ပြန့်စွာ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ကနေဒါ၏ သုံးပုံနှစ်ပုံခန့်ရှိ၍ သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသည့်ပြင် ရေအိုင်များလည်း အထူးပေါများသည်။ ထိုကုန်းပြင်မြင့်၏ ထက်ဝက်ခမ့်မှာ ပေ ၁၀၀၀ ပင် မမြင့်တတ်ကြသော်လည်း အချို့နေရာတို့၌မူ ပေ ၆၀၀၀ အထိ မြင့်လေသည်။ မြောက်ဘက်ဖျားမှာ ရာသီဥတု အလွန်အေး၍ သစ်ပင်ကြီးများ မပေါက်နိုင်သည့်အတွက် ကျတ်တီးပြင်ဒေသဟု ခေါ်ကြသည်။ မြေဩဇာ ခေါင်းပါးသဖြင့် လယ်ယာလုပ်ငန်း မထွန်းကားသော်လည်း၊ တွင်းထွက်ပစ္စည်း ပြည့်စုံခြင်း၊ သစ်တောများမှ သစ်ပျော့ဖတ်နှင့် သားမွေးကောင်များ ရရှိခြင်း၊ ရေအားသုံးလျှပ်စစ်ဓာတ်အား ကြွယ်ဝခြင်းတို့ကြောင့် ထိုကုန်ပြင်မြင့်သည် ကနေဒါနိုင်ငံအတွက် အထူးအရေးပါလေသည်။

အတ္တလန္တိတ် ကမ်းခြေဒေသတွင် ကမ်းရိုးတန်းနယ်များဖြစ်သော နယူးဗရန်ဇွစ်၊ နယူးဖောင်းလန်း၊ နိုဗါစကိုးရှားနှင့် ပရင့်အက်ဒွပ်ကျွန်းများ ပါဝင်ကြ၏။ အက်ပလက်ချီယန်တောင်၏ အဆက်ဖြစ်သော တောင်ရိုးတောင်ကုန်းများ ရှိသဖြင့် မြေမျက်နှာပြင်မှာ မညီညာလှပဲ လှိုင်းထသကဲ့သို့ ဖြစ်နေသည်။ နယူးဖောင်းလန်းသည် လားဗရာဒေါ ရေအေးစီးကြောင်း ရှိသည့်အတွက် အလွန်အေးသော်လည်း၊ ကျန်နယ်များတွင် ရာသီဥတု မျှတညီညွတ်သည်။ အဖိုးတန်သစ်တောများ ရှိသည့်အပြင် မြေဩဇာကောင်းသော နေရာကွက်များလည်း အနှံ့အပြားရှိသည်။ ကမ်းခြေတလျှောက်တွင် နက်ရှိုင်းကောင်းမွန်သော သင်္ဘောဆိပ်များ ပေါများ၏။

စိန်လောရင့်မြစ်ဝှမ်းဒေသသည် ကနေဒါ၏ သဘာဝဒေသတို့တွင် အငယ်ဆုံးဖြစ်သော်လည်း လူဦးရေအများဆုံး နေထိုင်ရာဒေသ ဖြစ်သည်။ လယ်ယာလုပ်န်းအတွက် ကောင်းမွန်သော ဒေသဖြစ်သည့်ပြင် ရေအားပေါများသဖြင့် စက်မှုလုပ်ငန်း ထွန်းကားသည်။ ကွီဗက်မြို့၊ မွန်းထရီးအောမြို့၊ အော့တဝမြို့ ကဲ့သို့သော မြို့ကြီးများသည် ထိုမြစ်ဝှမ်းဒေသ၌ ရှိကြသည်။

ပရေရီလွင်ပြင်ဒေသသည် လောရင်းရှန်း ကုန်းပြင်မြင့်ဆုံးရာ ဝင်နီပက်မြို့၏ အရှေ့ဖက်နားမှ ရော့ကီးတောင်တန်းများအထိ မိုင်ပေါင်း ၈၀၀ ခန့် ကျယ်ပြန့်သည်။ ထိုဒေသတွင် မနီတိုးဗါးနယ်၊ ဆက်စကက်ချီဝမ်နယ်နှင့် အယ်လဗါးတားနယ်များ ပါဝင်ကြသည်။ မြောက်ဘက်ပိုင်းတွင် သစ်တောများ ပေါက်ရောက်၍ တောင်ဘက်ပိုင်းသည် ညီညာပျံ့ပျူးလေသည်။ မြေဩဇာ ကောင်းမွန်ထက်သန်သည့် အလျောက် လယ်ယာလုပ်ငန်း ထွန်းကားသည့် အချက်အခြာ ဒေသကြီးဖြစ်ရာ ထိုဒေသသည် ကနေဒါနိုင်ငံအဖို့ မြေကြီးမှ ရွှေသီးရာအရပ်ပင် ဖြစ်သည်။

အနောက်ဘက် တောင်တန်းဒေသသည် ဗြိတိသျှ ကိုလမ္ဗီးယားနယ်၊ ယူးကွန်းနယ်နှင့် အယ်လဗါးတားနယ် အနောက်ဘက်နယ်စပ် တလျှောက်တွင် ကျရောက်၍ တောင်စဉ်တောင်တန်းများ ယှဉ်ပြိုင်လျက် တည်ရှိသည်။ အရှေ့ဘက်ဆုံး တောင်တန်းမှာ ရော့ကီးတောင်ဖြစ်၍ အနောက်ဘက်မှ ယှဉ်နေသော တောင်တန်းများမှာ ဆဲလကတ်တောင်နှင့် ကမ်းရိုးတန်းတောင်များ ဖြစ်ကြသည်။ ရော့ကီးတောင်တန်းမှာ ပေ ၇,၀၀၀ မှ ၁၃,၀၀၀ ကျော်အထိ မြင့်၏။ သို့ရာတွင် အမြင့်ဆုံး တောင်ထိပ်များမှာ ယူးကွန်းနယ်တွင်ရှိသော လိုဂန်တောင်ထိပ် (ပေ ၁၁၈,၈၅၀) နှင့် စိန်အီလိုင်းယက်တောင်ထိပ် (ပေ ၁၈,၀၀၀) တို့ ဖြစ်ကြ၏။ ဗြိတိလျှ ကိုလမ္ဗီးယားနယ်တွင် ​​မြေဩဇာကောင်းသော ချိုင့်ဝှမ်းဒေသ ရှိသဖြင့် သစ်သီးပင်များ စိုက်ပျိုးကြ၍ နို့ထွက်ပစ္စည်း ထုတ်လုပ်ကြသည်။

ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန္တိတ် သမုဒ္ဒရာဖက်တွင် မိုင်ပေါင်း ၁၃,၀၀၀ ခန့်ရှည်သော ကမ်းရိုးတန်းရှိလျက် အတ္တလန္တိတ် သမုဒ္ဒရာဖက်ရှိ ကမ်းရိုးတန်းမှာ အကွေ့အကောက် အလွန်များ၏။ ဟဒ်ဆန် ပင်လယ်အော်နှင့် စိန်လောရင့်ကွေ့တို့မှ ကနေဒါနိုင်ငံ၏ အလယ်ဗဟိုခန့်သို့ ရောက်အောင် ရေကြောင်းခရီးဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ကနေဒါနိုင်ငံတွင် အထင်ရှားဆုံးသော မြစ်မှာ စိန်လော့ရစ်မြစ် ဖြစ်သည်။ မိုင် ၁၉,၀၀၀ ခန့်ရှိ၍ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ စီးဝင်၏။ နယ်လဆင်မြစ်၊ ချာချီမြစ်နှင့် ဆက်စကက် ချီဝမ်မြစ်များသည် ဟဒ်ဆန် ပင်လယ်အော်ထဲသို့ စီးဝင်ကြ၍ ၂,၅၁၄ မိုင် ရှည်သော မက္ကင်ဇီမြစ်သည် အာတိတ် သမုဒ္ဒရာထဲ့သို့ စီးဝင်ကြသည်။ အနောက်ဘက်တွင် ကိုလမ္ဗီးယားမြစ်၊ ဖရေဇာမြစ်နှင့် ယူးကွန်းမြစ်တို့သည် ပစိဖိတ် သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။

ကနေဒါနိုင်ငံတွင် တောင်ဘက်နယ်စပ်ရှိ အိုင်ကြီး ၅ အိုင်အပြင် ကုန်းတွင်းရေအိုင် အမြောက်အမြားလည်း ရှိသည်။ ထိုအိုင်များမှာ အင်းငယ်၊ အိုင်ငယ်ကလေးများမှ မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် ရေအိုင်ကြီးများအထိ အရွယ်ရွယ် အစားစား ဖြစ်ကြသည်။ ထင်ရှားသော အိုင်ကြီးများမှာ မနီတိုးဗါး၊ ဝင်နီပက်၊ ဂရိတ်ဗဲယား၊ ဂရိတ်ဆလေ့ စသည်တို့ ဖြစ်ကြ၏။ အတော်အတန်ကြီးမားသော ရေချိုအိုင်များစွာလည်း ရှိသေးသည်။ ကနေဒါနိုင်ငံတွင် မြစ်များ၊ အိုင်များ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၂၈,၀၀၀ မျှရှိသည်။

ရာသီဥတု

ကနေဒါနိုင်ငံသည် ကြီးမားကျယ်ဝန်း၍ အာတိတ်ဇုန်နှင့် သမပိုင်းဇုန်တို့တွင် ကျရောက်တည်ရှိသည့်အလျောက် ရာသီဥတု အမျိုးမျိုး ကွဲပြားသည်။ ယေဘုယျအားဖြင့် ဒေသအများတို့မှာ ဆောင်းရာသီတွင် အလွန်အေး၍ နွေအခါတွင် အတန် ပူပြင်းကြသည်။ မြောက်ဘက်ဖျားကျသော ယူးကွန်းနယ်၊ အနောက်မြောက်နယ်နှင့် ကွီဗက်နယ် မြောက်ပိုင်းတို့တွင် အာတိတ် ရာသီဥတုကို ရရှိကြ၍ ဟဒ်ဆန် ပင်လယ်အော်သည် တစ်နှစ်လျှင် ကိုးလမျှ ရေခဲလေသည်။ ဤသို့ဖြင့် ကနေဒါ မြောက်ပိုင်းတလျှောက်တွင် နှင်းများသာ အကျများ၍ မိုးအရွာနည်း၏။ တောင်ဘက်ကျသော ဒေသများတွင် ပူနွေးမျှတသော ရာသီဥတုကို ရရှိကြသည်။ အရှေ့ဘက်၌ရှိသော ကမ်းရိုးတန်းနယ်များမှာ နေကျဲကျဲပူသော်လည်း အနေတော်မျှဖြစ်သော နွေဥတုမျိုး ရရှိ၍ မိုးရွားသွန်းခြင်း များသည်။ ပရေရီလွင်ပြင်ဒေသတွင် အေးမြသော ဆောင်းဥတုကို ရရှိသော်လည်း ရော့ကီးတောင်တန်းများဘက်မှ တိုက်ခတ်လာသော ‘ချိနွတ်’ခေါ် လေပူများကြောင့် အအေးဒဏ် မပြင်းထန်လှချေ။ သို့ရာတွင် ရော့ကီးတောင်တန်းများကပင် ပစိဖိတ်ဘက်မှ တိုက်ခတ်လာသည့် ရေခိုးရေငွေ့ပါသောလေတို့ကို တားဆီးထားပြန်သဖြင့် ပရေရီလွင်ပြင်ဒေသ၏ အနောက်တောင်ပိုင်းမှာ မိုးခေါင်သည်။ ပစိဖိန်ကမ်းခြေ တလျှောက်တွင်မူ မိုးများစွာရွာသွန်း၍ ပစိဖိတ် သမုဒ္ဒရာမှ တိုက်ခတ်လာသည့် ပူနွေးသောလေကြောင့် အရှေ့ဘက် ကမ်းခြေဒေသတို့ထက် ပို၍ပူနွေးသည်။

အုပ်ချုပ်ရေး

ကနေဒါနိုင်ငံသည် ဗြိတိသျှဓနသဟာယ နိုင်ငံများတွင် ပါဝင်၍ ဂရိတ်ဗြိတိန်နှင့်လည်းကောင်း၊ အခြားသော ဒိုမီနီယန် နိုင်ငံများနှင့်လည်းကောင်း တန်းတူကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိသော နိုင်ငံဖြစ်သည်။ သို့သော် ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေတွင် ပါဝင်သော အခြေခံဥပဒေကို ကနေဒါပါလီမန်က ထပ်မံပြင်နိုင်သည့်အပင် ကနေဒါနိုင်ငံအတွက် အပြီးသတ် အယူခံ တရားရုံးတော်သည် ပရီဗီကောင်စီပင် ဖြစ်နေသေးသည်။ မည်သို့ဖြစ်စေ အထက်ပါ ကိစ္စနှစ်ရပ်စလုံးကို ကနေဒါပါလီမန်၏ ထောက်ခံချက် ရရှိမှသာ သက်ဆိုင်ရာတို့က ဆောင်ရွက်ကြသည်။

ကနေဒါ ဒိုမီနီယန် နိုင်ငံအတွင်း၌ ပြည်နယ် ၉ ခုနှင့် နယ်ကြီး ၂ ခုရှိ၍ အမေရိကန် ပြည်ထောင်စုကဲ့သို့ ပြည်နယ်များကို စုပေါင်းထားသည်။ သို့သော် အခြေခံဥပဒေတွင် ပြည်နယ်များအတွက် အာဏာများကို ဖော်ပြ၍ ကြွင်းသောအာဏာများကို ဗဟိုအစိုးရသို့ အပ်နှင်းသည်ဟုဆိုထားရာ ကနေဒါအစိုးရသည် အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရထက် အာဏာပို၍ ရရှိသည်။ အုပ်ချုပ်ပုံစနစ်မှာ ဗြိတိသျှစနစ်အတိုင်း ဖြစ်သည်။ ဗြိတိသျှဘုရင်က ထိုင်နိုင်ငံအား အုပ်ချုပ်ရန် ဘုရင်ခံချုပ် ခန့်အပ်ထားသော်လည်း ဘုရင်ခံချုပ်မှာ ဩဇာအာဏာမရှိပေ။ ကနေဒါ အစိုးရ ဝန်ကြီးများ၏ အကြံပေးချက်အတိုင်း ဆောင်ရွက်ရသူဖြစ်သည်။ ကနေဒါနိုင်ငံ အုပ်ချုပ်ရေးတွင် လက်တွေ့ ဩဇာအာဏာ အရှိဆုံးမှာ ဝန်ကြီးချုပ်ဖြစ်သည်။ အစိုးရအဖွဲ့တွင် ဝန်ကြီး ၂၀ ထက်မနည်းရှိ၍ ထိုသူများသည် အုပ်ချုပ်ရေးဆိုင်ရာ ဌာနများ၏ အကြီးအကဲ တာဝန်ခံများဖြစ်သည်။ ပြည်ပရေးရာဌာနကို ဝန်ကြီးချုပ်ကသာ တာဝန်ယူလေ့ရှိသည်။

ကနေဒါပါလီမန်တွင် လွှတ်တော် ၂ ရပ်ရှိသည်။ အထက်လွှတ်တော်တွင် ရာသက်ပန် ကိုယ်စားလှယ် ၁၀၂ ဦးပါဝင်၍ ယင်းတို့အား ကနေဒါပရီဗီကောင်စီ၏ အကြံပေးချက်အရ ဘုရင်ခံချုပ်က ခန့်ထားသည်။ အောက်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း တင်ပို့လိုက်သော ဥပဒေကြမ်းများအား အထက်လွှတ်တော်က ပယ်ချနိုင်ခွင့် တချက်လွှတ်အာဏာ ရှိသော်လည်း အထက်လွှတ်တော်တွင် နိုင်ငံရေးအာဏာ အနည်းငယ်မျှသာ ရှိသည်။

အောက်လွှတ်တော်မှာ ပြည်သူတို့က ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ပါဝင်သည်။ သာမန်အားဖြင့် သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေအရ ကွီဗက်နယ်၏ ကိုယ်စားလှယ်ဦးရေကို ၆၅ ဦး သတ်မှတ်ထားသည်။ အခြားပြည်နယ်များမှာ လူဦးရေအလိုက် ကိုယ်စားလှယ်များ စေလွှတ်ခွင့်ရှိသည်။

ဒိုမီနီယန်နိုင်ငံတွင်းရှိ ပြည်နယ်တိုင်း၌ ဘုရင်ခံအသီးသီးရှိ၍ ဥပဒေပြုလွှတ်တော်များလည်း ရှိသည်။ ဥပဒေပြုလွှတ်တော် ၂ ရပ်ရှိသော ကွီဗက်ပြည်နယ်မှတပါး အခြားပြည်နယ်များတွင် ဥပဒေပြုလွှတ်တော် တစ်ရပ်စီသာ ရှိသည်။ ထို့အပြင် ပြည်နယ်ဥပဒေပြုလွှတ်တော်သို့ တာဝန်ခံရသော ပြည်နယ်အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်သည် ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်နယ်များ၏ အာဏာများကို ကန့်သတ်ထားသည်။ ဗဟိုအစိုးရက ပြည်နယ် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းသော အက်ဥပဒေများကို ပယ်ဖျက်နိုင်သည်။ သို့သော် ထိုသို့ကား ပြုခဲလှသည်။ ပြည်နယ်ဆိုင်ရာ ကိစ္စများကို ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ကိစ္စရက်များအား ဒိုမီနီယန်အစိုးရအဖွဲ့က ဆောင်ရွက်သည်။ ထိုအစိုးရအဖွဲ့နှင့် ဘုရင်ခံချုပ် ရုံးထိုင်ရာဌာနမှာ ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝမြို့ဖြစ်၍ ထိုမြို့တော်တွင် ကနေဒါနိုင်ငံ ပါလီမန် အဆောက်အအုံ ရှိသည်။

စီးပွားရေး

ကနေဒါနိုင်ငံသည် စိုက်ပျိုးခြင်းနှင့် သိုးနွားမွေးမြူခြင်းလုပ်ငန်းများ အထူးထွန်းကားသဖြင့် လူဥိးရေး လေးပုံတစ်ပုံမှာ စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်ကြသည်။ ပရေရီလွင်ပြင်များတွင် ဂျုံ၊​ မုယောစပါး၊​မြင်းစားဂျုံ၊ ဘီသွာလျှော် (နှမ်းခပ်လျှော်)နှင့် မြက်ရေစာများကို စိုက်ပျိုးကြ၍ သိုး၊ နွား အမြောက်အမြား မွေးမြူကြသည်။ အရှေ့ဘက်ရှိ ကမ်းရိုးတန်းနယ်များတွင် အာလူး၊ မုန်လာဥဝိုင်းနှင့် သကြားမုန်လာများကို အထူးစိုက်ပျိုးကြ၏။ သစ်သီး အထွက်များသော နယ်များမှာ အရှေ့ဘက်တွင် နိုမာစကိုးရှားနယ်နှင့် အွန်တေးရီးယိုးနယ်တို့ဖြစ်၍ အနောက်ဘက်တွင် ဗြိတိသျှ ကိုလမ္ဗီးယားနယ် ဖြစ်သည်။ အွန်တေးရီးယိုးနယ် တောင်ပိုင်းနှင့် ကွီဗက်နယ်တို့တွင်း ဆေးကို အကြီးအကျယ် စိုက်ကြ၏။ သိုးမွေး အများဆုံးထွက်သောနယ်မှာ အယ်လဗါးတားနယ် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မြှင့်တင်အားပေးသော သဘောဖြင့် အစိုးရသည် အအေးဓာတ်သုံး ကုန်လှောင်ရုံများနှင့် ကျီမြင့်များကို ကူညီ ဆောက်လုပ်ပေးခဲ့သည့်ပြင် စမ်းသပ်လေ့လာမှုအတွက် စိုက်ပျိုးခြံများ ဖွင့်ပေးခြင်း၊ မီးရထားလမ်းများ သွယ်ဖောက်ပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့လေသည်။ အရှေ့မှ အနောက်သို့ ကန့်လန့်ဖြတ် တည်ရှိလျက် နိုင်ငံအကျယ်အဝန်း၏ သုံးပုံတစ်ပုံကျောက်ကို ဖုံးလွှမ်းပေါက်ရောက်နေသော သစ်တောများမှာ ကနေဒါနိုင်ငံ၏ ဒုတိယ အရေးပါသော သဘာဝပစ္စည်းများပင် ဖြစ်သည်။ သစ်ထုတ်လုပ်ငန်းအတွက် အသုံးပြုလျက်ရှိသော သစ်တောများ၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄၃၅,၀၀၀ ခန့်မျှရှိ၍ ထုတ်လုပ်ရရှိသော သစ်သားများကို စက္ကူလုပ်ရန် သစ်ပျော့ဖတ်အတွက် အသုံးချကြသည်။ ကနေဒါနိုင်ငံသည် သတင်းစာစက္ကူ ထုတ်လုပ်ရောင်းချမှု၌ ကမ္ဘာတါင် ထိပ်တန်းမှ လိုက်နေ၏။ အဖိုးတန် သစ်တောများ ပျက်ပြုန်းတိမ်ကောသွားခြင်းမှ ကာကွယ်ရန် ဧကပေါင်း ၇၅ သန်းကျော်ကို သစ်တောကြိုးဝိုင်းအဖြစ် သီးသန့်ထားရှိသည်။

ကနေဒါနိုင်ငံသည် ငါးဖမ်းခြင်းလုပ်ငန်းမှ ဝင်ငွေ အမြောက်အမြား ရရှိ၏။ ငါးဖမ်းရာဌာနတို့ကို ကုန်းတွင်းမြစ်ချောင်း အင်းအိုင်တို့၌ ဖမ်းသော ရေချိုငါးဖမ်းရာဌာန၊ ပင်လယ်၌ဖမ်းသော အတ္တလန္တိတ် ငါးဖမ်းရာဌာနနှင့် ပစိဖိတ် ငါးဖမ်းရာဌာနဟူ၍ သုံးနေရာ ခွဲခြားထားသည်။ ရေချိုငါးဖမ်းဌာနမှ ရသော ရေချိုငါးများမှာ ပြည်တွင်းသုံး ဖြစ်သွားကြသော်လည်း ပင်လယ်မှ ရသော ရေငံငါးများမှာ ကနေဒါနိုင်ငံ၏ စီးပွားရေးကို အထူးဖွံ့ဖြိုးစေသည်။ အတ္တလန္တိတ် ငါးဖမ်းဌာနမှ ကော့ဒငါး၊ ပုဇွန်တုပ်ကြီးနှင့် ကမာများကိုရ၍ ပစိဖိတ်ငါးဖမ်းဌာနမှ ဆာမန်ငါးကို အများအပြား ရရှိသည်။ ဗြိတိသျှ ကိုလမ္ဗီးယားနယ်နှင့် နိုဗါစကိုးရှားနယ်တို့တွင် ငါးသေတ္တာလုပ်ငန်းများ ထွန်းကား၏။

သားမွေးကောင်များ မွေးမြူသောလုပ်ငန်းမှာ ပရင့် အက်ဒွပ်ကျွန်း၊ အွန်တေးရီးယားနယ်၊ ကွီဗက်နယ်နှင့် မနီတိုးဗါးနယ်တို့တွင်း ထွန်းကား၍ အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ မွေးမြူသော သားမွေးကောင်များမှာ မြေခွေးဖြူများ၊ မြွေပါကြီးများ၊ မြွေပါမွေးရှည်များ၊ မြွေပါဖြူများ၊ ဗီဗာဖျံများနှင့် ကြွက်ကတိုးများ ဖြစ်ကြသည်။ သားမွေးအရောင်းအဝယ်မှာ အထူးကောင်းမွဿ်သည့်အလျောက် ယခုအခါ ကနေဒါနိုင်ငံတွင် သားမွေးကောင် မွေးမြူသောခြံပေါင်း ၆,၀၀၀ ကျော် ၇,၀၀၀ ခန့်ရှိသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း

  1. Official Languages Act (PDF)။ Revised Statutes of NWT, 1988။ Department of Justice, Northwest Territories။ 2009-11-01 တွင် ပြန်စစ်ပြီး။
  2. D'Aquino၊ Thomas (1983)။ Parliamentary democracy in Canada: issues for reform။ ITP Nelson။ p. 2။ ISBN 0458962902 Unknown parameter |coauthors= ignored (|author= suggested) (အကူအညီ)
  3. Ethnic origins, 2006 counts, for Canada, provinces and territories – 20% sample data။ Statistics Canada (2008-01-04)။ 2009-10-19 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Canada။ International Monetary Fund။ 2009-10-01 တွင် ပြန်စစ်ပြီး။
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cia
  6. Human Development Report 2009။ United Nations (2009)။ 2009-10-19 တွင် ပြန်စစ်ပြီး။