အာနန္ဒာထေရ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Infobox & new category
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox religious biography
==အာနန္ဒာထေရ်==
|name = Most Venerable Ānanda Maha Thera
|image= Wat Tham Khao Rup Chang - 065 47 pu tuo ye pu tuo ye (14663856064).jpg
|caption = ထိုင်းအာနန္ဒာရုပ်ထု
|dharma name = အာနန္ဒာ
|birth_place = [[:en:Kapilavastu (ancient city)|Kapilavastu]], Nepal
|death_place = (aged 120) Between the borders of [[:en:Kapilavastu (ancient city)|Kapilavastu]] and Devadaha, Nepal
|religion = [[ဗုဒ္ဓဘာသာ]]
|title = Aggaupaṭṭhāyaka - personal attendant of Gautama Buddha
|occupation = bhikkhu, attendant of Gautama Buddha
|teacher = Gautama Buddha & also Most Ven. Mantāniputta Punna Maha Thera (Āchariya) & Most Ven. Bellaṭṭhisīsa Maha Thera (Upajjhāya)
|students = Most Ven. Sabbakāmī Maha Thera, etc.
|parents = Shakya King Amitōdana (father)
}}

{{ Infobox Buddhist term
| title = Ananda
| en =
| pi =
| sa =
| bn =
| my = အာနန္ဒာ<br>{{IPA-my|ʔànàɴdà|}}
| my-Latn =
| zh = 阿難<br>(Ānán)
| zh-Latn =
| ja =
| ja-Latn =
| km = ព្រះអនន្ដ<br>(Preah Anon)
| ko =
| ko-Latn =
| mnw =
| mnw-Latn =
| shn =
| shn-Latn =
| si = ආනන්ද මහ රහතන් වහන්සේ
| si-Latn =
| ta =
| th =
| bo =
| bo-Latn =
| vi =
| id =
}}
'''အာနန္ဒာထေရ်'''သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော် မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အရွယ်ရောက်သောအခါ အခြားသာကီဝင် မင်းသားတို့ကဲ့သို့ မြတ်စွာဘုရားထံ သို့ သွားရောက်၍ ရဟန်းပြုသည်။ အာနန္ဒာ နှင့်အတူ ညီတော်နောင်တော်များ ဖြစ်ကြသော အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ်စသော မင်းသားလေးပါးနှင့် ဆတ္တာသည် ဥပါလိတို့အတူ ပါသည်။ အာနန္ဒာသည် ရဟန်းပြုပြီးနောက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ်၌ တည်သည်။ မြတ်စွာဘုရားအား ရိုသေစွာ လုပ်ကျွေးသည်။ မြတ်စွာဘုရားသည် ဝါတော်နှစ်ဆယ်ရသော အခါမှစ၍
'''အာနန္ဒာထေရ်'''သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော် မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အရွယ်ရောက်သောအခါ အခြားသာကီဝင် မင်းသားတို့ကဲ့သို့ မြတ်စွာဘုရားထံ သို့ သွားရောက်၍ ရဟန်းပြုသည်။ အာနန္ဒာ နှင့်အတူ ညီတော်နောင်တော်များ ဖြစ်ကြသော အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ်စသော မင်းသားလေးပါးနှင့် ဆတ္တာသည် ဥပါလိတို့အတူ ပါသည်။ အာနန္ဒာသည် ရဟန်းပြုပြီးနောက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ်၌ တည်သည်။ မြတ်စွာဘုရားအား ရိုသေစွာ လုပ်ကျွေးသည်။ မြတ်စွာဘုရားသည် ဝါတော်နှစ်ဆယ်ရသော အခါမှစ၍
အစဉ်အမြဲ လုပ်ကျွေးရသည်။ အာနန္ဒာထေရ်သည် မြတ်စွာဘုရားထံတွင် လုပ်ကျွေးခြင်း ပြုခွင့်ရသောအခါ လေးပါးသောဆုကို တောင်း၍ လေးပါးသော ဆုကို ပယ်သည်။
အစဉ်အမြဲ လုပ်ကျွေးရသည်။ အာနန္ဒာထေရ်သည် မြတ်စွာဘုရားထံတွင် လုပ်ကျွေးခြင်း ပြုခွင့်ရသောအခါ လေးပါးသောဆုကို တောင်း၍ လေးပါးသော ဆုကို ပယ်သည်။
စာကြောင်း ၂၆ - စာကြောင်း ၆၈ -


==ကိုးကား==
==ကိုးကား==
{{Reflist}}
<references/>


[[Category:ဂေါတမဗုဒ္ဓ မိသားစု]]
[[Category:ထေရုပ္ပတ္တိ]]
[[Category:ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ]]
[[Category:ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ]]

၁၄:၀၀၊ ၃၁ ဇူလိုင် ၂၀၁၈ ရက်နေ့က မူ

Most Venerable Ānanda Maha Thera
ထိုင်းအာနန္ဒာရုပ်ထု
ဘာသာဗုဒ္ဓဘာသာ
ဓမ္မအမည်အာနန္ဒာ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားKapilavastu, Nepal
ကွယ်လွန်(aged 120) Between the borders of Kapilavastu and Devadaha, Nepal
မိဘShakya King Amitōdana (father)
ရာထူး တာဝန်
ဂုဏ်ဒြပ်Aggaupaṭṭhāyaka - personal attendant of Gautama Buddha
ဘာသာရေးရာ
ဆရာ(များ)Gautama Buddha & also Most Ven. Mantāniputta Punna Maha Thera (Āchariya) & Most Ven. Bellaṭṭhisīsa Maha Thera (Upajjhāya)
တပည့်များMost Ven. Sabbakāmī Maha Thera, etc.
ဘာသာပြန်ဆိုချက်များ
Ananda
မြန်မာအာနန္ဒာ
[ʔànàɴdà]
တရုတ်阿難
(Ānán)
ခမာព្រះអនន្ដ
(Preah Anon)
သီဟိုဠ်ආනන්ද මහ රහතන් වහන්සේ

အာနန္ဒာထေရ်သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော် မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အရွယ်ရောက်သောအခါ အခြားသာကီဝင် မင်းသားတို့ကဲ့သို့ မြတ်စွာဘုရားထံ သို့ သွားရောက်၍ ရဟန်းပြုသည်။ အာနန္ဒာ နှင့်အတူ ညီတော်နောင်တော်များ ဖြစ်ကြသော အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ်စသော မင်းသားလေးပါးနှင့် ဆတ္တာသည် ဥပါလိတို့အတူ ပါသည်။ အာနန္ဒာသည် ရဟန်းပြုပြီးနောက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ်၌ တည်သည်။ မြတ်စွာဘုရားအား ရိုသေစွာ လုပ်ကျွေးသည်။ မြတ်စွာဘုရားသည် ဝါတော်နှစ်ဆယ်ရသော အခါမှစ၍ အစဉ်အမြဲ လုပ်ကျွေးရသည်။ အာနန္ဒာထေရ်သည် မြတ်စွာဘုရားထံတွင် လုပ်ကျွေးခြင်း ပြုခွင့်ရသောအခါ လေးပါးသောဆုကို တောင်း၍ လေးပါးသော ဆုကို ပယ်သည်။

အာနန္ဒာတောင်းသောဆု လေးပါးမှာ - (၁) မိမိဝန်ခံဖိတ်ကြားအပ်သောဆွမ်းကို ခံတော်မူရန်၊
(၂) အဝေးအနီးမြို့ရွာ ကျေးလက်မှ ရောက်လာသော ပရိသတ်တို့က မြတ်စွာဘုရားအား ဖူးမျှော်လိုသဖြင့် မိမိကတစ်ဆင့် လျှောက်ထားလျှင် ဖူးမျှော်ခွင့်ပေးတော် မူရန်၊
(၃) မိမိ၌ ယုံမှားမှုရှိသောအခါ မြတ်စွာဘုရားအား လျှောက်မေးလိုသော် မေးခွင့်ပြုပါရန်၊
(၄) ကွယ်ရာ အခြားတစ်ပါးသော နေရာ၌ ဟောကြားတော် မူသော တရားတော်ကို မိမိအားပြန်၍ ဟောကြားပါရန်ဟူ၍ဖြစ်သည်။
ရှင်အာနန္ဒာပယ်သောဆုလေးပါးမှာ
(၁) မြတ်စွာဘုရားရအပ်သော ဆွမ်းကွမ်းပစ္စည်းဖြင့် မိမိအား မချီးမြှောက်ရန်၊
(၂) မွန်မြတ်သော သင်္ကန်းပစ္စည်းဖြင့် မချီးမြှောက်ရန်၊
(၃) ကိုယ်တော်မြတ်ကျိန်းဝတ်သော ဂန္ဓကုဋိသို့ ဝင်၍ မကျိန်းရစေရန်၊
(၄) ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ အတူလိုက်ပါ ရန်အတွက် မခေါ်ဆောင်ရန်ဟူ၍ဖြစ်သည်။
အာနန္ဒာထေရ်သည် မြတ်စွာဘုရားအား အသွယ်သွယ်သော နည်းတို့ဖြင့် လုပ်ကျွေးပြုစုတော်မူခြင်းကြောင့် ဓမ္မဘဏ္ဍာဂါရိက တရားမှူး၊ တရားထိန်း၊ တရားဘဏ္ဍာစိုးအရာ၌ ချီးမြှောက်တော်မူသည်။

မြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာထေရ်သည် ငါးပါးသော ဧတဒဂ်ဘွဲ့ကို ရသည်။ ဧတဒဂ် ငါးတန် ရရှိ သဖြင့် ထူးမြတ်သောမထေရ်ကြီးတစ်ပါး ဖြစ်လာသည်။ ရှင်အာနန္ဒာရရှိသော ဧတဒဂ်ငါးပါးကား -
(၁) အကြားအမြင်များခြင်းအဖြစ်၊ ဗဟုသုတ ဧတဒဂ်။
(၂) သတိအမှတ်ကောင်းခြင်းအဖြစ်၊ သတိမန္တဧတဒဂ်။
(၃) ပညာရှိခြင်းအဖြစ်၊ ဂတိမန္တဧတဒဂ်။
(၄) တည်ကြည်ခြင်းအဖြစ်၊ ဓိတိမန္တဧတဒဂ်။
(၅) အလုပ်အကျွေးပြုနိုင်ခြင်းအဖြစ်၊ ဥပဋ္ဌာက ဧတဒဂ်၊ ဟူ၍ဖြစ်သည်။

ရှင်အာနန္ဒသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာ တင်မည့်နေ့တွင် ဣရိယပုတ် လေးပါးမှလွတ်၍ အာသဝေါကုန်သော ရဟန္တာဖြစ်လာသည်။ ကွယ်ရာတွင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ပြန်လည်ဟောကြားစေသော ရှင်အာနန္ဒာ၏ ကျေးဇူးတော်ကြောင့် ပုထုစဉ်သတ္တဝါအများသည် မြတ်စွာဘုရား ဟောကြားသော တရားတော် များကို ယခုထက်တိုင် ကြားနာ ကြည်ညိုကြရသည်။ သန်းခေါင်ယံ၌ မထင်ရှားသော နတ်သား တစ်ပါးကို ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်အစရှိသော တရားတော်များကို နာရသည်မှာလည်း ရှင်အာနန္ဒာထေရ်၏ ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ပထမသင်္ဂါယနာတင်ရာတွင် ရှင်အာနန္ဒာ၏ စွမ်းဆောင်မှုကြောင့်သာလျှင် သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်များသည် မြတ်စွာဘုရားကိုယ်စား ကျန်ရစ်ခဲ့လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)