ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၈ - စာကြောင်း ၈ -
| ဂုဏ်ထူးဆောင်အမည်၁ =
| ဂုဏ်ထူးဆောင်အမည်၁ =
| ကလောင်အမည်၁=
| ကလောင်အမည်၁=
| ပုံ = Kolinda Grabar-Kitarović (2017-10-18) 06.jpg
| ပုံ = Kolinda Grabar-Kitarovićile (34771463620).jpg
| ဓာတ်ပုံစာတမ်း = ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
| ဓာတ်ပုံစာတမ်း = ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
| တာဝန် ထမ်းဆောင်ရာဌာန ၁ = ခရိုအေးရှားနိုင်ငံ သမ္မတ
| တာဝန် ထမ်းဆောင်ရာဌာန ၁ = ခရိုအေးရှားနိုင်ငံ သမ္မတ

၁၇:၃၀၊ ၁၅ ဇူလိုင် ၂၀၁၈ ရက်နေ့က မူ

ကိုလင်ဒါဂရာဘာ-ကီတာရိုဗစ်ချ်
Kolinda Grabar-Kitarović
ဂရာဘာ-ကီတာရိုဗစ်ချ်
ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
ခရိုအေးရှားနိုင်ငံ သမ္မတ
စတုတ္ထမြောက်
၁၉ ဖေဖော်ဝါရီ ၂၀၁၅ -
ယခင် အိုင်ဗို ဂျိုဆီပိုဗစ်ချ်
နေတိုးအဖွဲ့ ၊ အများပြည်သူဆိုင်ရာ သံတမန်ရေးရာ
လက်ထောက်အထွေထွေ အတွင်းရေးမှူး
၄ ဇူလိုင် ၂၀၁၁ - ၂ အောက်တိုဘာ ၂၀၁၄
ယခင် စတက်ဖနီဘတ်ဒ် ယာယီ
ဆက်လက် တက်ဒ်ဝှိုက်ဆိုက်ဒ် ယာယီ
ခရိုအေးရှား အမေရိကန်သံရုံး
သံအမတ်
၈ မတ်လ ၂၀၀၈ - ၄ ဇူလိုင် ၂၀၁၁
ယခင် နီဗန်ဂျူရီကာ
ဆက်လက် ဗိုက်စ် ဆကရာစစ်ယာယီ
ကိုယ်ရေး အချက်အလက်
အမည်ရင်း ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
မွေးနေ့ (1968-04-29) ၂၉ ဧပြီ၊ ၁၉၆၈ (အသက် ၅၅)
မွေးရပ်ဇာတိ ရီဂျေကာ၊ ခရိုအေးရှား ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ယူဂိုဆလားဗီးယားနိုင်ငံ
ပညာရေး B.A (English, Spanish Language & Literature)(ဇာဂရက်ဘ် တက္ကသိုလ်)
ဒီပလိုမာ(ဗီယင်နာ သံတမန်တက္ကသိုလ်)
ပါတီ ခရိုအေးရှန်း ဒီမိုကရက်တစ် သမဂ္ဂ (၁၉၉၃–၂၀၁၅) ၊ တသီးပုဂ္ဂလ (၂၀၁၅–လက်ရှိ)
ကြင်ဖော် ဂျာကော့ဗ် ကီတာရိုဗစ်ချ် (၁၉၉၆–present)
သားသမီး
ဝဘ်ဆိုတ် အစိုးရ အင်တာနက်စာမျက်နှာ


ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ် ( ၁၉၆၈ ဧပြီလ ၂၉ ရက်မွေး) သည် ခရိုအေးရှားနိုင်ငံမှ နိုင်ငံရေးသမားနှင့် သံတမန်တစ်ဦးဖြစ်ပြီး ခရိုအေးရှားနိုင်ငံ၏ စတုတ္ထမြောက် နှင့် လက်ရှိ သမ္မတ အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျှက် ရှိသည်။ သူမသည် ၁၉၉၀ ခုနှစ် ခရိုအေးရှားနိုင်ငံ၏ ပါတီစုံ ရွေးကောက်ပွဲအပြီးတွင် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသော အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။ အသက် ၄၆ နှစ်သာ ရှိသေးသဖြင့် အသက်အငယ်ဆုံးသော သမ္မတတစ်ဦးလည်း ဖြစ်သည်။ [၁][၂][၃]

ဂရာဘာ-ကီတာရိုဗစ်ချ်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီက အစိုးရဆိုင်ရာနှင့် သံတမန်ရေးရာတို့၌ ရာထူးအချို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၀၃ မှ ၂၀၀၅ ခုနှစ် အထိ ဥရောပရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈ ခုနှစ် အထိ နိုင်ငံခြားရေးရာနှင့် ဥရောပ ပေါင်းစည်းရေးဆိုင်ရာ ပထမဆုံး အမျိုးသမီး ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် အိုင်ဗိုဆနာဒါ၏ ပထမနှင့် ဒုတိယ အစိုးရ အဖွဲ့ နှစ်ခုစလုံးတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ မှ ၂၀၁၁ အထိ အမေရိကန်နိုင်ငံတွင် ခရိုအေးရှား သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နေတို့းအဖွဲ့တွင် အများပြည်သူဆိုင်ရာ သံတမန်ရေးရာ ကဏ္ဍ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၁၁ မှ ၂၀၁၄ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ [၄]

ကိုးကား

  1. Grabar-Kitarovic elected Croatia's first woman president (12 January 2015)။ 28 October 2015 တွင် ပြန်စစ်ပြီး။
  2. "Kolinda Grabar-Kitarovic elected president of Croatia"၊ 11 January 2015။ 
  3. Hina (2015-02-15)။ NOVA PREDSJEDNICA Evo što svjetske agencije javljaju o Kolindinoj inauguraciji။ Jutarnji.hr။ 2016-05-01 တွင် ပြန်စစ်ပြီး။
  4. NATO (29 August 2014)။ NATO – Biography: Kolinda Grabar-Kitarovic, Assistant Secretary General for Public DiplomacyNATO