ဂီယာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Modifying: ro:Roată dințată
အရေးမကြီး robot Adding: so:Marsho
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
[[sk:Ozubené koleso]]
[[sk:Ozubené koleso]]
[[sl:Zobnik]]
[[sl:Zobnik]]
[[so:Marsho]]
[[sr:Зупчаник]]
[[sr:Зупчаник]]
[[sv:Kugghjul]]
[[sv:Kugghjul]]

၀၉:၁၉၊ ၆ ဇူလိုင် ၂၀၁၀ ရက်နေ့က မူ

ဂီယာဆိုသည်မှာ စွမ်းအင်ထုတ်လုပ်သည့်ကိရိယာ (transmission device)တစ်ခု အတွင်းတွင် ပါရှိသော ကိရိယာဖြစ်ပြီး အခြားဂီယာ သို့မဟုတ်ကိရိယာများသို့ လည်အား (rotational force) ကို လွှဲပြောင်းပေးနိုင်သည့် ပစ္စည်းဖြစ်သည်။ ဂီယာနှင့် စက်သီးတို့ ကွဲပြားခြားနားချက်မှာ ဂီယာသည် စက်ဝိုင်းပုံသဏ္ဌန်ပင် ဖြစ်သော်လည်း သူ၏ ဘီးများတွင် အခြားဂီယာ၏ စက်သွားများနှင့် အံဝင်ခွင်ကျဖြစ်နေသော စက်သွားများ ပါရှိသဖြင့် အားကို လွဲချော်မှုမရှိပဲ အပြည့်အဝလွှဲပြောင်းပေးနိုင်သည်။ ဂီယာဖြင့် တည်ဆောက် ထားသောကိရိယာများသည် သူတို့၏ တည်ဆောက်ပုံနှင့် နေရာချပုံပေါ်မူတည်၍ စွမ်းအား ထုတ်လုပ်ရာ နေရာမှ အခြားနေရာသို့ အမျိုးမျိုးသော အရှိန်၊ အားစုံတွဲ သို့မဟုတ် အရပ်မျက်နှာအဖက်ဖက်သို့ အားသက်ရောက်မှုပေးနိုင်သည်။ ဂီယာသည် ရိုးရှင်းသော်လည်း အလွန်အသုံးဝင်သည်။ များသောအားဖြင့် ဂီယာတစ်ခုကို အခြားဂီယာတစ်ခုဖြင့် ဆက်၍ သုံးလေရှိသော်လည်း အခြားစက်သွားများပါရှိသော ကိရိယာ (ဥပမာ linear moving racks သို့ ရွေ့လျားနေသော စက်သွားလမ်းများ) နှင့်လည်း ဆက်စပ်၍ သုံးနိုင်သည်။

ဂီယာ၏ စက်သွားများသည် ပွန်းပဲ့မှု၊ တုန်ခါမှု နှင့် ဆူညံမှုတို့ကို အနည်းဆုံးဖြစ်စေရန် စွမ်းအင်ထုတ်လွှတ်မှု (Power Transmission) ၏အကျိုးသက်ရောက်မှု (Efficiency) ကိုအများဆုံး ဖြစ်စေရန် ပုံဖော်ထားသည်။

အရွယ်အစားမတူသော ဂီယာများကို စက်မှုစွမ်းအား (Mechanical Advantage) ရရှိစေရန်အတွက် စုံတွဲအဖြစ်မကြာခဏ အသုံးပြုကြသည်။‌ ထိုသို့အသုံးပြုခြင်းအားဖြင့် မောင်းနှင်သော ဂီယာမှ အားစုံတွဲသည် မောင်းနှင်ခံရသောဂီယာ၌ ပိုမိုအားကောင်းသော်လည်း နှေးကွေးသော သို့မဟုတ် ပိုမိုမြန်ဆန်ြပီး အားနည်းသော အားစုံတွဲကို ဖြစ်ပေါ်စေသည်။ ကြီးမားသောဂီယာအား ဘီး (Wheel) ဟုခေါ်ဝေါ်ကြပြီး သေးကွေးသော ဂီယာအား ပင်နယံဟု ခေါ်ဝေါ်ကြသည်။ ထိုဖြစ်အင်သည် မော်တော်ကားများ စွမ်းအင်ထုတ်လုပ်မှု၏ အခြေခံဖြစ်ပြီး အမျိုးမျိုးသော စက်မှုစွမ်းအားတို့ကို ရွေးချယ်ခွင့်ရရှိစေသည်။

စပါးဂီယာ

(Spur Gear)

ဟီလစ်ကယ်ဂီယာ

(Helical Gear)

နှစ်ထပ်ဟီလစ်ကယ်ဂီယာ

(Double Helical Gear)

ဘီဗယ်လ်ဂီယာ

(Bevel Gear)

ဝမ်းဂီယာ

(Worm Gear)

စက်တာဂီယာ

(Sector Gear)

ရက်နှင့်ပင်နယံ

(Rack and Pinion)

ကရောင်းဂီယာ

(Crown Gear)