ရဲလွင် (မဇ္ဈိမလှိုင်း): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး →‎ဘဝနိဂုံး
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီး ရဲလွင် (မဇ္စျိမလှိုင်း) စာမျက်နှာကို ရဲလွင် (မဇ္ဈိမလှိုင်း) သို့ Lionslayerက ရွှေ့ခဲ့သည်: စလုံးယပင့်ကို ဈမျဉ်းဆွဲသို့ပြောင်းသည်
(ကွဲပြားမှု မရှိ)

၁၁:၃၈၊ ၁၁ ဇူလိုင် ၂၀၁၈ ရက်နေ့က မူ

ရဲလွင်(မဇ္စျိမလှိုင်း)

မဇ္စျိမလှိုင်း ဦးရဲလွင်သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ ဂီတသမားတစ်ဦးဖြစ်သည်။

ကိုယ်ရေးရာဇဝင်

ဦးရဲလွင်ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာတွင် ပေါင်းတည်မြို့၌ မွေးဖွားခဲ့ကာ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် ရှစ်ယောက်မြောက် သားဖြစ်သည်။ ၁၉၆၈ တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်ခဲ့ပြီး တတိယနှစ်အထိ တက်ခဲ့သည်။[၁] ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်တွင် E.Machine တီးဝိုင်း၌ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၄ ခုနှစ်၌ အဆိုတော် ခင်မောင်တိုး၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ) ပါဝင်သည့် မဇ္စျိမလှိုင်း ဂီတအဖွဲ့ ဖွဲ့စည်းစဉ်တွင် ပါဝင်ခဲ့သည်။[၂] ကိုယ်ပိုင် တေးသီချင်း များစွာကို ဖန်တီး ရေးသားခဲ့ပြီး ပန်းခရမ်းပြာသီချင်းသည် ၁၉၇ဝ/၈ဝ ခုနှစ် ဝန်းကျင်တွင် လူကြိုက်များခဲ့သည်။ သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ဂျေမောင်မောင်စသည့် အဆိုတော်များကလည်း သီဆိုခဲ့သည်။ ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ်စသည့်သီချင်းများ ရေးသားခဲ့သည်။

ဦးရဲလွင်သည် ၂၀၁၂ တွင် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒေသအသီးသီးတွင် ငြိမ်းချမ်းရေး သီချင်းများ လိုက်လံ သီဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆော်ဩခဲ့သူ ဂီတသမား တစ်ဦးလည်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က ပြည်ပရောက် မြန်မာတိုင်းရင်းသားများက ဂုဏ်ပြုပေးအပ်သည့် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့သည်။[၃]

ဘဝနိဂုံး

ဦးရဲလွင်သည် ၂၀၁၈ ဇွန်လ ၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ စိန်ဂျွန်းရှိ ကုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်တွင် ကုသမှု ခံယူနေရင်း ဇူလိုင်လ ၁ဝ ရက် ညနေ လေးနာရီ ငါးမိနစ်တွင် ကွယ်လွန်သည်။

ကိုးကား