ဝတ္ထသုတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"ဤသုတ်သည် ဘာရဒွ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၃၈၊ ၁ ဇူလိုင် ၂၀၁၈ ရက်နေ့က မူ

ဤသုတ်သည် ဘာရဒွါဇပုဏ္ဏားကို အကြောင်းပြု၍ ပေါ်ပေါက်လာရသည်။ ဘာရဒွါဇသည် ဘုရားမြတ်စွာကို ဗာဟုကာမြစ်သို့ ကြွတော်မူမည်လောဟု မေးလျှောက်၏။ ဘုရားမြတ်စွာက ဗာဟုကာမြစ်သို့ အဘယ်အကြောင်းကြောင့် ကြွရမည်ကို ပြန်၍မေးမြန်းရာ ဘာရဒွါဇက ဗာဟုကာမြစ်သည် အပြစ်များကိုသန့်စင်စေနိုင်သည့် တန်ခိုးအာနိသင် ရှိကြောင်း ပြန်၍လျှောက်လေသည်။ ထိုအခါ ဘုရားမြတ်စွာက ကိလေသာ အညစ်တရား ကင်းစင်ရန် မြစ်သို့သွားရန်မလို။ ကိုယ်တိုင်လေ့ကျင့်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သောသုတ် ဖြစ်သည်။[၁]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။