ရဟတ်ယာဉ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: ps:چورلکه
အရေးမကြီး robot Adding: gan:直升機
စာကြောင်း ၄၃ - စာကြောင်း ၄၃ -
[[fr:Hélicoptère]]
[[fr:Hélicoptère]]
[[ga:Ingearán]]
[[ga:Ingearán]]
[[gan:直升機]]
[[gd:Heileacoptair]]
[[gd:Heileacoptair]]
[[gl:Helicóptero]]
[[gl:Helicóptero]]

၁၇:၁၀၊ ၂၉ ဇွန် ၂၀၁၀ ရက်နေ့က မူ

LAPD Bell 206 ရဟတ်ယာဥ်

ရဟတ်ယာဥ်ဆိုသည်မှာ တစ်ခုသော သို့မဟုတ် တစ်ခုထက်ပိုသော ဒလက်များဖြင့် ပျံသန်းရန်နှင့် မောင်းနှင်ရန်ပြုလုပ်ထားသော လေကြောင်းသွားယာဥ်တစ်မျိုးဖြစ်သည်။ အမျိုးအစားခွဲရာတွင် ရဟတ်ယာဥ်ကို တောင်ပံအသေတပ်ဆင်ထားသော လေယာဥ်များမှ ခွဲခြားနိုင်ရန် ဒလက်ယာဥ် (rotorcraft) သို့မဟုတ် လည်ပတ်နေသောအတောင်ပံများရှိသည့် လေကြောင်းသွားယာဥ် (rotary-wing aircraft) ဟုခွဲခြားသတ်မှတ်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရဟတ်ယာဥ်သည် မတင်ပျံသန်းနိုင်သည့်အားကို အလယ်အူတိုင်ရှိ လည်ပတ်နေသော ဒလက်မှရရှိခြင်းကြောင့်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ 'helicopter' ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာ hélicoptère မှဆင်းသက်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် Gustave de Ponton d'Amecourt မှ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဂရိဘာသာ helix/helik- (ἕλικ-) လည်ပတ်နေသော pteron (πτερόν) = အတောင်ပံ [၁][၂]ဟူသော စကားလုံးမှတဆင့် လာခြင်းဖြစ်သည်။

လေကြောင်းသွားယာဥ်များထဲ၌ ရဟတ်ယာဥ်၏ အဓိကအားသာချက်မှာ ယာဥ်ကိုရှေ့သို့တိုးရန်မလိုဘဲ အပေါ်သို့မတင်နိုင်စွမ်းရှိသည့် လေထဲတွင် လည်ပတ်နေသောဒလက်များပင်ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဥ်သည် ပြေးလမ်းမလိုအပ်ဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည်။ ထိုအကြောင်းများကြောင့် ရဟတ်ယာဥ်ကို သာမန်အတောင်ပံတပ်လေယာဥ်ပျံများ အတက်အဆင်းမပြု နိုင်သည့် လူသူမရှိသော သို့မဟုတ် လူဦးရေအလွန်ထူထပ်သော နေရာများတွင် မကြာခဏဆိုသလိုအသုံးပြုလေ့ရှိသည်။ ဒလက်မှ မတင်အားသည် ရဟတ်ယာဥ်ကို တစ်နေရာထဲတွင် ရပ်တန့်ပျံသန်းရာတွင် အခြား ဒေါင်လိုက်အတင်အဆင်းပြု နိုင်သော(VTOL) လေကြောင်းသွားယာဥ်များထက် ပိုမို ထိရောက်ခြင်းဖြစ်စေနိုင်ပြီး အခြားအတောင်ပံတပ် လေကြောင်းသွားယာဥ်များ မလုပ်ဆောင်နိုင်သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေနိုင်သည်။

ရဟတ်ယာဥ်များကို လေကြောင်းသမိုင်း၏ ပထမရာစုဝက်မှာပင် စတင်တည်ဆောက်ခဲ့ကြပြီး အချို့မှာ အနည်းငယ်မျှသောပမာဏကို ထုတ်လုပ်ခဲ့ကြသည်။ သို့သော် ၁၉၄၂ ခုနှစ်တွင် မှ အီဂေါ စီကောစကီး (Igor Sikorsky) ပုံစံထုတ်သော ရဟတ်ယာဥ်မှာ အပြည့်အစုံထုတ်လုပ်မှု သို့ ရောက်ရှိခဲ့ပြီး[၃] ၁၃၁စီးမျှတည်ဆောက်ခဲ့သည်။[၄] ယခင်က ပုံစံများတွင် အဓိကဒလက်တစ်ခုထက်ပို၍သုံးခဲ့ကြသော်လည်း ပင်မ ဒလက်တစ်ခု နှင့် အမြီးပိုင်းရှိ အားစုံတွဲကိုခုခံသော ဒလက်(antitorque tail rotor)ပါရှိသော ဤပုံစံကို တကမ္ဘာလုံးမှ ရဟတ်ယာဥ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

သမိုင်းကြောင်း

အေဒီ ၄၀၀ ခုနှစ်ခန့်မှစ၍ တရုတ်ကလေးငယ်ကလေးများသည် ဝါးဖြင့်ပြုလုပ်ထားသော ပျံသန်းနိုင်သည့် ကစားစရာများဖြင့် ဆော့ကစားခဲ့ကြသည်။ ထိုကစားစရာများမှာ ဥရောပသို့တိုင်အောင် ပျံနှံ့ရောက်ရှိခဲ့ပြီး ၁၄၆၃ ခုနှစ်တွင် ဥရောပမှ ပန်းချီကားတွင် ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။ ၄ရာစုနှစ် တရုတ်ပြည်တွင် ရေးသားခဲ့သော ပေါင်းဖူတောင်း (Pao Phu Tau သို့ Pao Phu Tzu သို့ Bao Pu Zi, 抱朴子) ဟူသော စာအုပ်တွင် လည်ပတ်နေသော တောင်ပံများပါသည် လေယာဥ်ပျံအကြောင်းကို ဖော်ပြခဲ့သည်။

ပထမအကြိမ်ပျံသန်းခြင်း

အစောပိုင်းတည်ဆောက်မှုများ

ရဟတ်ယာဥ်လုပ်ငန်း စတင်မွေးဖွားခြင်း

တာဘိုင်ခေတ်

ရည်ညွှန်းချက်များ

  1. "helicopter". Online Etymology Dictionary. Retrieved: 28 November 2007
  2. Cottez 1980, p. 181.
  3. Munson 1968
  4. Hirschberg, Michael J. and David K. Dailey, "Sikorsky." US and Russian Helicopter Development In the 20th Century. American Helicopter Society, International. 7 July 2000.