ပိုးစုန်းကြူး: တည်းဖြတ်မှု မူကွဲများ
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၃၂ - | စာကြောင်း ၃၂ - | ||
အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။ |
အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။ |
||
== ကိုးကား == |
|||
{{reflist}} |
|||
[[Category:တိရစ္ဆာန်]] |
[[Category:တိရစ္ဆာန်]] |
၁၁:၅၁၊ ၆ ဇွန် ၂၀၁၈ ရက်နေ့က မူ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ပိုးစုန်းကြူး | |
---|---|
Photuris lucicrescens[၁] | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Coleoptera |
Superfamily: | Elateroidea |
မျိုးရင်း: | Lampyridae Latreille, 1817 |
Subfamilies | |
Cyphonocerinae Genera incertae sedis: |
ပိုးစုန်းကြူး ( firefly / glow-worm )
ပိုးစုန်းကြူးသည် အင်းဆက် သတ္တဝါဖြစ်သည်။ ပျံသန်းနိုင်သည့်အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်သည်။ သားကောင်ဖမ်းခြင်း သို့မဟုတ် ဆည်းဆာချိန်အတွင်း မိတ်လိုက်ရန် ဆွဲဆောင်ရာတွင် ထင်ရှားသည့် အပူဓာတ်မပါသည့် အလင်းရောင်ကြောင့် ၎င်းတို့ကို ပိုးစုန်းကြူး သို့မဟုတ် လျှပ်ပြက်သည့် ကြမ်းပိုးခေါ်ကြသည်။ ပိုးစုန်းကြူးများက အနီအောက် ရောင်ခြည် သို့မဟုတ် ခရမ်းလွန်လှိုင်း မပါဝင်သော အလင်းအေး ကို ထုတ်လွှတ်ပေးသည်။ ၎င်းဓာတုနည်းဖြင့် အလင်းရောင်ကို ဝမ်းဗိုက်အောင်ပိုင်းမှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် ဖြူဖတ်ဖြူရော် အနီရောင် ဖြစ်နိုင်သည် လှိုင်းအလျား ၅၁၀ မှ ၅၆၀ နာနိုမီတာ နှင့်အတူထုတ်လွှတ်ပေးသည်။[၂]
ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂၁၀၀ ခန့် ကို သမပိုင်းဇုံ နှင့် အပူပိုင်းရာသီဥတုများတွင် တွေ့ရှိပြီးဖြစ်သည်။ အတော်များများကို စိုစွတ်သောရာသီဥတု၊ တောအုပ်၊ သားလောင်းများအတွက် အစာအရင်းအမြစ်ပေါများသောနေရာဒေသတွင် တွေ့ရသည်။ ဥရောပအာရှနှင့် အခြားနေရာများတွင် အလင်းရောင် ထုတ်လွှတ်သော သားလောင်း ကို "glowworms" ဟုခေါ်သည်။ အမေရိကတွင် "glow worm" ကို Phengodidae ဟုလည်းရည်ညွှန်းသည်။ နယူးဇီလန်နှင့် ဩစတေးလျတွင် "glow worm" ဝေါဟာရကို အပူဓာတ်မပါရှိဘဲ အလင်းရောင်ထုတ်လွှတ်ခြင်း[၃]များစွာသော ပိုးစုန်းကြူး အမနှင့် အထီးမျိုးစိတ်များမှာ ပျံသန်းနိုင်သောစွမ်းရည်များရှိကြသည်၊ သို့သော် အချို့သော အမ မျိုးစိတ်များမှာ ပျံသန်းနိုင်စွမ်းမရှိပါ။[၄] ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။
လူတွေက ပိုးစုန်းကြူး ဆိုတဲ့ နာမည်ကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်က အလင်းရောင် ဘာကြောင့်ထွက်ရသလဲဆိုတာကိုတော့ မသိကြပါဘူး။ ပိုးစုန်းကြူးတွေရဲ့ ဝမ်းဗိုက်အောက်မှာ အလင်းထွက်တဲ့ အောင်ဂင်များ ရှိပါတယ်။ ပိုးစုန်းကြူးတွေဟာ အောက်စီဂျင်ကို စုပ်ယူပြီး စပါယ်ရှင် ဆဲလ်တွေထဲမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်ပြီး luciferin လို့ ခေါ်တဲ့ ဓာတုပစ္စည်းထွက်လာပါတယ်။ ဒီ luciferin က အလင်းထုတ်လွှတ်နိုင်ပေမယ့် အပူတော့ မထွက်ပါဘူး။
ပိုးစုန်းကြူးတွေဟာ မျိုးနွယ်စု အလိုက် အလင်းထုတ်လွှတ်ပုံ မတူကြပါဘူး။ မှိတ်တုတ် မှိတ်တုတ် လုပ်နေတာဟာ မိတ်လိုက်ဖို့ အဖော်ရှာနေကြတာပါ။ ပိုးစုန်းကြူးတွေရဲ့ အလင်းကို လင်းလိုက် မှိတ်လိုက်ဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေကတော့ နားမလည်နိုင်သေးပါဘူး။ ပိုးစုန်းကြူးတွေဟာ အလင်းရောင် မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင်လုပ်ပြီး အခြားသတ္တဝါတွေကို ခြောက်လှန့်တဲ့ ခုခံကာကွယ်ရေးနည်းအဖြစ်လည်း သုံးပါသေးတယ်။
အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။
ကိုးကား
- ↑ Cirrus Digital Firefly Photuris lucicrescens
- ↑ HowStuffWorks "How do fireflies light up?". Science.howstuffworks.com (19 January 2001). Retrieved on 22 June 2013.
- ↑ Meyer-Rochow, Victor Benno (2007). "Glowworms: a review of "Arachnocampa" spp and kin". Luminescence 22: 251–265.
- ↑ In Fireflies, Flightless Females Lose out On Gifts from Males. Science Daily (27 June 2011). Retrieved on 22 June 2013.