ခင်ညွန့် (ဗိုလ်ချုပ်ကြီး): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၁ - စာကြောင်း ၄၁ -
| စစ်မှုထမ်း စတင်သည့် နေ့ရက် = ၁၉၆၀
| စစ်မှုထမ်း စတင်သည့် နေ့ရက် = ၁၉၆၀
| စစ်မှုထမ်း ကုန်ဆုံးသည့် နေ့ရက် = ၂၀၀၄
| စစ်မှုထမ်း ကုန်ဆုံးသည့် နေ့ရက် = ၂၀၀၄
| စစ်မှုထမ်း ရာထူး = ဗိုလ်မှုးချုပ်
| စစ်မှုထမ်း ရာထူး = General
| မွေးရက် = {{Birth date and age|1939|10|11}}
| မွေးရက် = {{Birth date and age|1939|10|11}}
| မွေးနေ့ =
| မွေးနေ့ =
စာကြောင်း ၈၅ - စာကြောင်း ၈၅ -
| ဝဘ်ဆိုတ် =
| ဝဘ်ဆိုတ် =
}}
}}

= ငယ်စဉ်ဘဝ =
= ငယ်စဉ်ဘဝ =
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုတ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)

၀၁:၃၆၊ ၈ မေ ၂၀၁၈ ရက်နေ့က မူ

ဗိုလ်ချုပ်ကြီးခင်ညွန့်
Khin Nyunt
(1939-10-11) အောက်တိုဘာ ၁၁၊ ၁၉၃၉ (အသက် ၈၄) -
ခင်ညွန့်
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
၉ ကြိမ်မြောက် ဝန်ကြီးချုပ်
၂၅ ဩဂုတ် ၂၀၀၃ - ၁၈ အောက်တိုဘာ ၂၀၀၄
ယခင် စောမောင်
ဆက်လက် စိုးဝင်း
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အတွင်းရေးမှူး(၁)
၁၉၉၇ - ၂၅ ဩဂုတ် ၂၀၀၃
ယခင် စတင်တည်ထောင်
ဆက်လက် သိန်းစိန်
ကိုယ်ရေး အချက်အလက်
မွေးရက် (1939-10-11) အောက်တိုဘာ ၁၁၊ ၁၉၃၉ (အသက် ၈၄)
မွေးရပ်ဇာတိ ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာ။
နိုင်ငံသား မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
လူသိများခြင်း တပ်မတော်ထောက်လှမ်းရေးမှူးချုပ်၊ အတွင်းရေးမှူး(၁)၊ ဝန်ကြီးချုပ်
ကြင်ဖော် ဒေါက်တာ ခင်ဝင်းရွှေ
သားသမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး ၊ ဒေါက်တာ ရဲနိုင်ဝင်း
စစ်မှုထမ်း အချက်အလက်
ဌာန တပ်မတော် (ကြည်း)
၁၉၆၀ - ၂၀၀၄
ရာထူး General

ငယ်စဉ်ဘဝ

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုတ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)

နိုင်ငံရေး

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ

အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေအခင်းကာလမတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။

နိုင်ငံခေါင်းဆောင်ကာလ

၁၉၈၈ အရေးအခင်းနောက် ၁၈-၀၉-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ် ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်းအားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတနအဖအစိုးရခေတ်တွင် ဩဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်(ကကလှမ်း)၊ စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုး နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူ၏လက်ထက် တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။ နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော သောင်းကျန်းသူအဖွဲ့ (၂၀) ကျော်နှင့် ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ ။

ထူးခြားသောစွမ်းဆောင်ရည်

၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၀-ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။

ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာ သိမ်းခေါင်း ဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ -

  1. လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း
  2. ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း
  3. ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ်ထောင်ရေး

ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။

နိဂုံး

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲယင်း အရေးအခင်းအပြီး ၂၀၀၃ ခု ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့် ကို ကြေညာခဲ့သည်။ အာဆီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆို ခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီးစန်းပွင့်၊ ဗိုလ်မှူးကြီးမြင့်အောင်ကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်အပါအဝင် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ပြန်လွတ်လာ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ န၀ဒေးလမ်း၊ မိုး/ဇလဌာနရုံးအနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော်ပြောကြားသည်။ မြန်မာ ပြည်သူများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့်အတူ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အားမုန်းတီးခဲ့ကြသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို ပြည်သူများက သနား ကရုဏာ သက်ကြသည်။[ကိုးကားချက်လိုသည်]