ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၂၈ - စာကြောင်း ၂၈ -


ဝန်းနား ဘရိုစ်၏ ထိုဝတ္ထုအတွက် [[ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (ရုပ်ရှင်)|ရုပ်ရှင်အဖြစ် ဖန်တီးမှု]] သည် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ထွက်ရှိခဲ့ပေသည်။
ဝန်းနား ဘရိုစ်၏ ထိုဝတ္ထုအတွက် [[ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (ရုပ်ရှင်)|ရုပ်ရှင်အဖြစ် ဖန်တီးမှု]] သည် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ထွက်ရှိခဲ့ပေသည်။

[[Category:ဟယ်ရီပေါ်တာ စာအုပ်များ]]

၁၃:၀၂၊ ၂၆ ဇန်နဝါရီ ၂၀၁၈ ရက်နေ့က မူ

ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား
Harry Potter and the Half-Blood Prince
ပထမဆုံး ယူကေ ပုံနှိပ်ထုတ်ဝေခြင်းမှ မျက်နှာဖုံးပုံစံ
စာရေးသူဂျေ ကေ ရိုးလင်း
J. K. Rowling
သရုပ်ဖော်သူ
  • ဂျေဆန် ကော့ခရော့ဖ်
    Jason Cockcroft (ယူကေ ပုံနှိပ်ထုတ်ဝေခြင်း)
  • မာရီ ဂရန်းပရယ်
    Mary GrandPré (အမေရိကန် ပုံနှိပ်ထုတ်ဝေခြင်း)
အတွဲဟယ်ရီပေါ်တာ
ထုတ်ဝေအမှတ်
စာအုပ်အတွဲစဉ်တွင် အမှတ်စဉ် ၆ (ဆဋ္ဌမမြောက်)
အမျိုးအစားမှော်အတတ်ဆိုင်ရာ
ထုတ်ဝေသူ
ထုတ်ဝေသည့်ရက်
၂၀၀၅ ဇူလိုင်လ ၁၆
စာမျက်နှာ၆၀၇ (မူလ ယူကေ ပုံနှိပ်ထုတ်ဝေခြင်း)
၅၄၂ (၂၀၁၄ ယူကေ တည်းဖြတ်ထုတ်ဝေခြင်း)
၆၅၂ (အမေရိကန် ပုံနှိပ်ထုတ်ဝေခြင်း)
ISBNဝ-၇၄၇၅-၈၁၀၈-၈
ယခင်စာအုပ်ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့
နောက်ထွက်စာအုပ်ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်

ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (အင်္ဂလိပ်: Harry Potter and the Half-Blood Princeဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် အလွန်ထင်ရှား လူကြိုက်များသော နာမည်ကြီး မှော်အတတ်ဆိုင်ရာ စိတ်ကူးယဉ် ဝတ္ထုရှည် တစ်ခု ဖြစ်၍၊ ထိုဝတ္ထုသည် ဟယ်ရီပေါ်တာ စာအုပ်အတွဲစဉ်တွင် နောက်ဆုံး၏ရှေ့နှင့် ဆဋ္ဌမမြောက် စာအုပ် ဖြစ်သည်။ ထိုစာအုပ်သည် အဓိကဇာတ်ဆောင် ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေမှော်အတတ်ပညာကျောင်းတော်ကြီးတွင် ဆဋ္ဌမနှစ် ကျောင်းသားဘဝ အကြောင်း ဖြစ်၍ ဟယ်ရီ၏ ပြေးမလွတ်နိုင်သော ဝဋ်ဒုက္ခအကြောင်းများ၊ သခင်ဗိုဒီမော့၊ ဟယ်ရီ၏ ကောင်းရာညွှန်ဆရာကြီး တစ်ဦးလည်းဖြစ်၊ ဟော့ဂ်ဝပ်ကျောင်းအုပ်ဆရာကြီးလည်း ဖြစ်သော အဲလ်ဘတ် ဒမ်ဘယ်လ်ဒိုးနှင့် ဗိုဒီမော့တို့၏ နောက်ဆုံးသောတိုက်ပွဲအတွက် ဟယ်ရီ၏ ကြိုတင်ပြင်ဆင်မှုများ အကြောင်း စသည်တို့ကို သိရှိရမည့် ဝတ္ထု ဖြစ်သည်။

ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက် မှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ် မှလည်းကောင်း ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ အခြားသော နိုင်ငံအချို့တွင် ထိုနေ့၌ပင် ထုတ်ဝေခဲ့သေးသည်။ စတင်ဖြန့်ချိချိန်မှ နောက် ၂၄ နာရီအတွင်းမှာပင် အုပ်ရေ ကိုးသန်းခန့်အထိ ရောင်းချနိုင်ခဲ့သဖြင် ထိုအချိန်က မှတ်တမ်းဝင်စံချိန် တစ်ခု ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးတွင် အတွဲစဉ်၏ အဆက်ဖြစ်သော ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် မှ ထိုစံချိန်ကို ကျော်ဖြတ်ကာ စံချိန်ချိုးနိုင်ခဲ့သည်။

ထိုစာအုပ် မထုတ်ခင် အချိန်၌လည်းကောင်း ၊ ထုတ်ဝေပြီး အချိန်၌လည်းကောင်း ဖြန့်ချိရက်စွဲမတိုင်ခင် ကနေဒါသို့ ကြိုတင်ပို့ဆောင်ထားခြင်း အပါအဝင် အငြင်းပွားမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ စာအုပ်အပေါ် လက်ခံရှုမြင်ကြမှုများတွင်မူ အများအားဖြင့် အကောင်းမြင်ခဲ့ကြပြီး၊ ထိုဝတ္ထုသည် ၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံးဗြိတိသျှစာအုပ်ဆု အပါအဝင် အချို့သော ဆုတံဆိပ်များနှင့် ချီးကျူးဂုဏ်ပြုမှုများကို လက်ခံရရှိခဲ့လေသည်။

ဝန်းနား ဘရိုစ်၏ ထိုဝတ္ထုအတွက် ရုပ်ရှင်အဖြစ် ဖန်တီးမှု သည် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ထွက်ရှိခဲ့ပေသည်။