ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၆ - စာကြောင်း ၆ -

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို (၁၉၃၀)နှစ်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။<ref><cite class="citation journal" contenteditable="false">Paulke-Korinek, M; Kollaritsch, H (2008). </cite></ref> [[ကမ္ဘာ့ကျန်းမာရေးအဖွဲ့]]မှ သတ်မှတ်ထားသည့် [[အခြေခံကျန်းမာရေးစနစ်]]အတွက် [[အဓိကလိုအပ်သောဆေးများ]]ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။<ref name="WHO2015E"><cite class="citation web" contenteditable="false">[http://www.who.int/medicines/publications/essentialmedicines/EML2015_8-May-15.pdf "19th WHO Model List of Essential Medicines (April 2015)"] (PDF). </cite></ref> အမေရိကန်နိုင်ငံတွင် (၁၀ဝ-၂၀ဝ)ဒေါ်လာခန့် ပေးရသည်။<ref name="Ric2015"><cite class="citation book" contenteditable="false">Hamilton, Richart (2015). </cite></ref>

== မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှု ==
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်းများရှိ ကလေးငယ်များအား စတင်ထိုးနှံပေးခဲ့သည်။ အသက် (၉) လမှ (၁၅) နှစ်အရွယ် ကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ပြီး အစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံကာ ကလေးငယ်ဦးရေ ၁၄ သန်းအား အခမဲ့ထိုးပေးသည့် အစီအစဉ်ဖြစ်သည်။ 

ကာကွယ်ဆေးကို ပထမအကြိမ်တွင် ကျောင်းအခြေပြုနှင့် ဒုတိယအကြိမ်တွင် ရပ်ရွာအခြေပြုအဖြစ် နှစ်ကြိမ်ခွဲ၍ ထိုးနှံပေးခဲ့သည်။ 

== ကိုးကား ==
== ကိုးကား ==

၁၈:၂၀၊ ၂ ဒီဇင်ဘာ ၂၀၁၇ ရက်နေ့က မူ

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Japanese encephalitis vaccine)သည် ဂျပန်ဦးနှောက်ရောင်ရောဂါကိုကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးသည် (၉၀)ရာခိုင်နှုန်းနှင့်အထက် အကျိုးသက်ရောက်မှုရှိသည်။ ကာကွယ်မှုပေးနိုင်သောအချိန်ကာလကို တိကျစွာ မသိသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုကျဆင်းသွားသည်ဟု ထင်ရသည်။ ဤကာကွယ်ဆေးကို ကြွက်သားထဲ သို့မဟုတ် အရေပြားအောက်သို့ ထိုးနှံရသည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနေသော နေရာများတွင် ဤကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သောကာကွယ်ဆေး တစ်ခုအနေဖြင့် ထိုးပေးရန် အကြံပြုထားသည်။ ကာကွယ်ဆေးအမျိုးအစားကိုလိုက်၍ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးပေးရသည်။ အပိုဆောင်းထိုးပေးခြင်းကို ဖြစ်ပွားလေ့ရှိသောနိုင်ငံများတွင်ပါ ထိုးပေးရန် လိုအပ်လေ့မရှိပါ။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများနှင့် ကိုယ်ဝန်ဆောင်နေသူများတွင် အသက်မရှိတော့သော ဗိုင်းရပ်စ်ဖြင့်ပြုလုပ်ထားသော ကာကွယ်ဆေးကိုသာ အသုံးပြုသင့်သည်။ ရောဂါဖြစ်ပွားလေ့ရှိသောနေရာများသို့ သွားမည့်ခရီးသည်များသည် ဤကာကွယ်ဆေးထိုးထားသင့်သည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများနှင့် နှိုင်းယှဉ်လျှင် စိတ်ချရသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ ဆေးထိုးသောနေရာတွင် နာကျဉ်ခြင်းနှင့် နီရဲခြင်းတို့ ဖြစ်တတ်သည်။ (၂၀၁၅)ခုနှစ်တွင် ဤကာကွယ်ဆေးအမျိုးပေါင်း (၁၅)မျိုး ရရှိနိုင်သည်။ တချို့ဆေးမှာ မျိုးရိုးဗီဇများကို ပေါင်းစပ်ထားသောနည်း (recombinant DNA techniques)ဖြင့် ပြုလုပ်ထားသည်။ ထို့အပြင် တချို့မှာ အသက်ရှိနေသေးသော အားပျော့သည့်ဗိုင်းရပ်စ်နှင့် တချို့မှာ အသက်မရှိတော့သော ဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို (၁၉၃၀)နှစ်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။[၂] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] အမေရိကန်နိုင်ငံတွင် (၁၀ဝ-၂၀ဝ)ဒေါ်လာခန့် ပေးရသည်။[၄]

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှု

ကိုးကား