မင်းပြားမြို့: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး cleanup |
No edit summary |
||
စာကြောင်း ၂၃ - | စာကြောင်း ၂၃ - | ||
|subdivision_name5 = (၉၃)ဒီဂရီ၊ (၁၆)မိနစ် |
|subdivision_name5 = (၉၃)ဒီဂရီ၊ (၁၆)မိနစ် |
||
|area_total_km2 = |
|area_total_km2 = |
||
||population = ၁၆၉,၂၀၈ <ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၆၀|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> |
|||
|population = |
|||
|population_as_of = |
|population_as_of = ၂၀၁၄ |
||
|population_density_km2 = auto |
|population_density_km2 = auto |
||
|coordinates_display = |
|coordinates_display = |
||
စာကြောင်း ၄၁ - | စာကြောင်း ၄၁ - | ||
}} |
}} |
||
'''မင်းပြားမြို့'''သည် [[ရခိုင်ပြည်နယ်]] [[မြောက်ဦးခရိုင်]]တွင် ပါဝင်သော [[မင်းပြားမြို့နယ်]]တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ မင်းပြားမြို့သည် [[စစ်တွေမြို့]]၏ အရှေ့မြောက်ဘက် ၃၈ မိုင် အကွာတွင် လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်းဘေးတွင် တည်ရှိသည်။ မင်းပြားမြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ |
'''မင်းပြားမြို့'''သည် [[ရခိုင်ပြည်နယ်]] [[မြောက်ဦးခရိုင်]]တွင် ပါဝင်သော [[မင်းပြားမြို့နယ်]]တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ မင်းပြားမြို့သည် [[စစ်တွေမြို့]]၏ အရှေ့မြောက်ဘက် ၃၈ မိုင် အကွာတွင် လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်းဘေးတွင် တည်ရှိသည်။ မင်းပြားမြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၆၉,၂၀၈ ယောက် ဖြစ်သည်။ မင်းပြားမြို့နယ်၏ အကျယ်အဝန်း မှာ ၁,၆၂၃ စတုရန်းမိုင်ဖြစ်၍ မြို့နယ်တွင် ကျေးရွာပေါင်း ၁၃၆ ရွာရှိသည်။ |
||
မင်းပြားနယ်သည် မြေဩဇာကောင်းမွန်ထက်သန်သော ကျောထောက်နောက်ခံနယ်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်သဖြင့် ဆန်စပါးထွက်သည်။ ကူးသန်းသွားလာရေးတွင် ရေလမ်းကို အားကိုးအားထားပြုရသည်။ စစ်တွေသို့ ရေကြောင်းဖြင့် သွားရသည်။ စစ်တွေ-ကျောက်ဖြူသွား သင်္ဘောများသည် မင်းပြားမြို့တွင် ဆိုက်ကပ်သည်။ မင်းပြားမြို့မှသည် မြောင်းဘွယ်မြို့၊ မြို့ဟောင်းမြို့၊ တိန်ညို၊ သရက်တပင်မြို့များကို ဖြတ်၍ ကျောက်တော်သို့ ပေါက်သော ကားလမ်းရှိသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref> |
မင်းပြားနယ်သည် မြေဩဇာကောင်းမွန်ထက်သန်သော ကျောထောက်နောက်ခံနယ်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်သဖြင့် ဆန်စပါးထွက်သည်။ ကူးသန်းသွားလာရေးတွင် ရေလမ်းကို အားကိုးအားထားပြုရသည်။ စစ်တွေသို့ ရေကြောင်းဖြင့် သွားရသည်။ စစ်တွေ-ကျောက်ဖြူသွား သင်္ဘောများသည် မင်းပြားမြို့တွင် ဆိုက်ကပ်သည်။ မင်းပြားမြို့မှသည် မြောင်းဘွယ်မြို့၊ မြို့ဟောင်းမြို့၊ တိန်ညို၊ သရက်တပင်မြို့များကို ဖြတ်၍ ကျောက်တော်သို့ ပေါက်သော ကားလမ်းရှိသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref> |
၁၉:၄၅၊ ၂၄ နိုဝင်ဘာ ၂၀၁၇ ရက်နေ့က မူ
မင်းပြားမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°22′N 93°16′E / 20.367°N 93.267°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | မြောက်ဦးခရိုင် |
မြို့နယ် | မင်းပြားမြို့နယ် |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၂၂)မိနစ် |
လောင်ဂျီကျု | (၉၃)ဒီဂရီ၊ (၁၆)မိနစ် |
လူဦးရေ (၂၀၁၄) | ၁၆၉,၂၀၈ [၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မင်းပြားမြို့သည် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သော မင်းပြားမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ မင်းပြားမြို့သည် စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၃၈ မိုင် အကွာတွင် လေးမြို့မြစ်ခွဲတစ်ခု၏ လက်ယာဘက်ကမ်းဘေးတွင် တည်ရှိသည်။ မင်းပြားမြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၆၉,၂၀၈ ယောက် ဖြစ်သည်။ မင်းပြားမြို့နယ်၏ အကျယ်အဝန်း မှာ ၁,၆၂၃ စတုရန်းမိုင်ဖြစ်၍ မြို့နယ်တွင် ကျေးရွာပေါင်း ၁၃၆ ရွာရှိသည်။
မင်းပြားနယ်သည် မြေဩဇာကောင်းမွန်ထက်သန်သော ကျောထောက်နောက်ခံနယ်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်သဖြင့် ဆန်စပါးထွက်သည်။ ကူးသန်းသွားလာရေးတွင် ရေလမ်းကို အားကိုးအားထားပြုရသည်။ စစ်တွေသို့ ရေကြောင်းဖြင့် သွားရသည်။ စစ်တွေ-ကျောက်ဖြူသွား သင်္ဘောများသည် မင်းပြားမြို့တွင် ဆိုက်ကပ်သည်။ မင်းပြားမြို့မှသည် မြောင်းဘွယ်မြို့၊ မြို့ဟောင်းမြို့၊ တိန်ညို၊ သရက်တပင်မြို့များကို ဖြတ်၍ ကျောက်တော်သို့ ပေါက်သော ကားလမ်းရှိသည်။[၂]
မင်းပြားမြို့၏နာမည် အဓိပ္ပာယ်မှာ မင်းက ဒီနေရာမှာ မြို့တည်ပါလို့ ပြခဲ့တဲ့အတွက်မင်းပြ လို့ခေါ်ထွင် ရာမှ မင်းပြား ဖြစ်သွားရခြင်း ဖြစ်သည်။ မင်းပြားမြို့သည် ဧရိယာအားဖြင့် မကျယ်ဝန်းသော်လည်း ဖွဲ့စည်းထားပုံမှာ အလွန် စည်းစနစ်ကျလှသည်။ မြို့၏အနေအထားသည် အရပ်လေးမျက်နှာ အလိုက်ဘဲ အရှေ့အရပ်ကို ရှေ့လှည့်ပြီးတော့ အရှေ့ အနောက် တောင် မြောက် တည်ရှိနေသည်။ မြို့သည် အရှေ့အနောက် ဧရိယာ ကျဉ်း၍ တောင်နှင့်မြောက်ကို အလျားရှည်ရှည် ရှိနေသည်။
မြို့၏အရှေ့ ဘက်တွင် မြို့မဈေးကြီးရှိသည်။ မြို့၏ အနောက်ဘက်ဆုံးတွင် ရိုးမတောင်စွယ်တန်းတစ်ခုမှာ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသည်။ ထိုတောင်တန်းသည် ဘုရားလောင်းကျီးမင်း ဘဝဖြစ်စဉ်က ကျင်လည်ခဲ့သောတောင်ဖြစ်သဖြင့် ကျီးတောင် ဟု ခေါ်တွင်ရာမှ ကျိန်းတောင် ဖြစ်သွားလေသည်။ ကျိန်းတောင်ပေါ်တွင် စေတီ၊ ပုထိုးတွေ၊ ဗုဒ္ဓဝင်ပြခန်းများနှင့် ကြည်ညိုဖွယ်ရှိပြီး နှစ်စဉ် ဘုရားပွဲ ကျင်းပလေသည်။ တောင်ခြေရင်းတွင် ဘုန်းကြီးကျောင်းများ စီတန်းပြီး ရှိနေသည်။ တောင်ခြေတွင် တစ်မြို့လုံး၏ အသက်သွေးကြော ပမာအရေးကြီးလှသော မင်းကန်လို့ ခေါ်သည့် သောက်ရေကန်ကြီး တည်ရှိသည်။
ထူးခြားချက်
မင်းပြားမြို့ရဲ့ ထူးခြားချက်တစ်ခုက မြို့ပေါ်ကို မြင်းမဝင်ရ၊ မြင်း မတက်ရဖြစ်သည်။ မြို့တော်ရှင်မ သဘောမကျဟု ဆိုသည်။ မြင်းတက်လျှင် မြင်းဝင်လျှင် မီးလောင်တတ်သည်ဟု အယူစွဲရှိကြသည်။
ကိုးကား
- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၀။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)