ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
=(ဒီးဒုတ်) ဦးဘချို=
ဦးဘချိုသည် သတင်းစာ ဂျာနယ်ထုတ်ဝေရင်း၊ ဆေးဝါးဗေဒင်ပညာ၊ အနု
အာဇာနည်ခေါင်းဆောင်
သုခုမပညာ လိုက်စားရင်း ပြင်ပနိုင်ငံရေးနှင့် ထိတွေ့နေခဲ့သည်သာ ဖြစ်လေသည်။
(၁၈၉၃-၁၉၄၇)


==ငယ်ဘဝ==
ဦးဘချိုသည် ငယ်စဉ်ကပင် ဆေးဝါး၊ ဗေဒင်၊ ဂီတတို့နှင့် နီးစပ်၏။
(ဒီးဒုတ်)ဦးဘချိုကို ၁၈၉၃ ခု၊ဧပြီလ ၂၃ ရက်နေ့တွင်ဖွားမြင်သည်။မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုးစော၊ ဒေါ်မြစ်တို့၏သားဖြစ်သည်။
သတ္တမတန်းအထိ မြောင်းမြမြို့တွင်ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။ ထို့နောက်ရန်ကုန်မြို့၊စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ဘီအေ အထက်တန်းတွင် သင်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းမှထွက်ခဲ့သည်။


==ကျောင်းဆရာဘဝ==
သူကလည်း စာတော်လေ သောကြောင့်၊ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ကာ အစိုးရထောက်ပံ့
ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် အမျိုးသားတက္ကသိုလ်ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ ပေါင်းတည်နှင့်ဟင်္သာတမြို့များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ အမျိုးသားကောလိပ်များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နှုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။
ကြေး(စကောလားရှစ်)ဖြင့် ကောလိပ်တွင် ဆက်တက်နိုင်ခဲ့သည်။ သို့သော် ဘီအေ
အထက်တန်းအရောက်၊ မျက်စိရောဂါရသဖြင့်၊ ကျောင်းထွက်ရကာ ပေါင်းတည်အစိုးရကျောင်းတွင် အလုပ်ဝင်ရလေသည်။ ထို့နောက် ဟသ်တ အစိုးရကျောင်းတွင် ပါဠိဆရာမှ ပညာအုပ် ဖြစ်လာလေသည်။


==စာပေရေးရာစွမ်းဆောင်ချက်==
၁၉၂၅ ခု၊ ဧပြီလတွင် ''''ဒီးဒုတ်'''' သတင်းစာ (ဂျာနယ်) ကို တည်ထောင်ထုတ်ဝေ လေတော့သည်။ (ဂျာနယ်ကို 'ဒီးဒုတ်'
ဦးဘချိုသည် လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေ ဗဟုသုတတို့တွင် နှ့ံစပ်သူဖြစ်၏။ မြန်မာ့အလင်းမဂ္ဂဇင်း၊နှစ်ပါးကြည်ဂျာနယ်၊ဗန္ဓုလဂျာနယ်များတွင် ဝင်ရောက်ရေးသားခဲ့ရာမှ ရန်ကုန်အရှေ့ပိုင်း
အမည်ပေးခြင်းမှာ ဗေဒင်သဘောအရ ဟုဆိုကြလေသည်။)
ရေကျော်ရပ်တွင် စာပုံနှိပ်တိုက်တစ်ခု ဖွင့်လှစ်တည်ထောင်ကာ ၁၉၂၅ တွင်ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ သူ၏ဒီးဒုတ်ဂျာနယ်ကိုအမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၊ အမျိုးသားပညာရေး၊ အမျိုးသားယဉ်ကျေးမှု
ထိန်းသိမ်းရေး တို့အတွက်ရှေ့တန်းအောင်လံဂျာနယ်တစ်စောင်ဟု သိခဲ့ကြသည်။ထိုဂျာနယ်၏အမည်ကို သူ့အမည်တွင်တွဲပြီး ဒီးဒုတ်ဦးဘချိုဟု အများကသိခဲ့ကြသည်။ “ဒီးဒုတ်ဦးဘချို” အမည်အပြင် “ဒိုးဒိုးဒေါက်” “ကျူကောက်” “ကေသာ” “စပယ်” “ဥက္ကလာ-မခင်စိန်” “အမိုက်မလေး” စသော အမည်များဖြင့်လည်း ဝတ္ထုဆောင်းပါးများစွာကို ရေးသားခဲ့သေးသည်။
သက္ကရာဇ် ၁၂၉၈ (အင်္ဂလိပ် သက္ကရာဇ် ၁၉၃၆ ခုနှစ်) တွင် မြန်မာနိူင်ငံတော် သတင်းစာဆရာ အသင်းကြီး ဖြစ်ပေါ်ရေးကို အထူးအားပေး ဆောင်ရွက်ခဲ့သူလည်းဖြစ်ပေသည်။ စစ်မဖြစ်မီ တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် မြန်မာနိူင်ငံတော် စာရေးဆရာများ အသင်းကြီး၏ ဥက္ကဌအဖြစ်လည်းရွေးကောက်တင်မြောက်ခြင်းခံရပေသေးသည်။
ဒီးဒုတ်ဦးဘချိုပြုစုခဲ့သောစာပေများတွင် စမအဖွင့်ကျမ်း၊ ဦးပုည-သာသနာလျှောက်အဖြေ၊ ဂီတဝိသောဓနီကျမ်း၊ ဗွေသီဟာဝတ္ထု၊ တိုင်းပြု-ပြည်ပြု စသည်တို့လည်းပါဝင်ခဲ့သည်။


==အမျိုးသားရေးစွမ်းဆောင်ချက်==
ရန်ကုန်မြို့မှ ''မြန်မာမိန်းမများ၏ အသင်း'' တွဲဖက်အတွင်းရေးမှူးဖြစ်သူ '''ဒေါ်လှမေ'''နှင့်တွေ့ရှိကာ ၁၉၂ဝပြည့်နှစ်တွင် အိမ်
ဦးဘချိုသည် ဂျပန်ခေတ် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိူင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိူင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။
ထောင်ကျလေသည်။


==ဘဝနိဂုံး==
၁၉၃၂ ခုနှစ် ခွဲရေးတွဲရေး ရွေးကောက်ပွဲအတွက် တွဲရေးနိုင်ရအောင်လည်း ဝတ်လုံဦးကျော်မြင့်၊ ဒေါက်တာဘမော် တို့နှင့်ပူးပေါင်းကာ (ဒီးဒုတ်ဂျာနယ်အပြင်) 'မြန်မာ့ဇေယျာ' သတင်းစာတို့ တပ်မံထုတ်ဝေခဲ့လေသည်။
၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်ချိန်တွင် ဇနီးဒေါ်လှမေနှင့် သမီးများ မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။


==ရည်ညွှန်းကိုးကား==
တိုင်းရင်းသား စည်းလုံးမှုဖြင့် ပိုမိုအားပြည့်လာသော ဖဆပလအဖွဲ့ချုပ်တွင် ဦးဘချိုသည် ပြန်ကြားရေးဝန်ကြီး ဖြစ်လာသည်၊
(၁) ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိူင်ငံတော်အစိုးရ
မြန်မာမှုတို့ကို နားလည်ကျွမ်းကျင်သူ ဖြစ်သည်ကတစ်ကြောင်း၊ ရာထူးအားဖြင့် ညီညွတ်သည်က တစ်ကြောင်းတို့ကြောင့် အလံ၊ သီချင်း၊ တံဆိပ် ကော်မတီတွင် သဘာသတိ အဖြစ်တာဝန်ပေးခြင်း ခံခဲ့ရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။

(၂) သုတ၊မောင်။ စာဆိုတော်များအတ္ထုပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်၊ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။
သို့သော် ၁၉၄၇ ဇူလိုင်လ ဆယ့်ကိုးရက်နေ့ နံနက်တွင် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အသက်ဆုံးရှုံးခဲ့ရသည်။

(ဂန်ဓဝင်စာဆို ပညာရှိလေးဦး -တိုက်စိုးမှ ကောက်နုတ်ပါသည် )

[[Category:မြန်မာအတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ့သမိုင်း]]
[[Category:မြန်မာ]]
{{DEFAULTSORT:ဘ|ဒီးဒုတ်ဦးဘချို}}

၀၇:၄၁၊ ၃၀ ဧပြီ ၂၀၁၀ ရက်နေ့က မူ

(ဒီးဒုတ်) ဦးဘချို

အာဇာနည်ခေါင်းဆောင် (၁၈၉၃-၁၉၄၇)

ငယ်ဘဝ

(ဒီးဒုတ်)ဦးဘချိုကို ၁၈၉၃ ခု၊ဧပြီလ ၂၃ ရက်နေ့တွင်ဖွားမြင်သည်။မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုးစော၊ ဒေါ်မြစ်တို့၏သားဖြစ်သည်။ သတ္တမတန်းအထိ မြောင်းမြမြို့တွင်ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။ ထို့နောက်ရန်ကုန်မြို့၊စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ဘီအေ အထက်တန်းတွင် သင်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းမှထွက်ခဲ့သည်။

ကျောင်းဆရာဘဝ

ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် အမျိုးသားတက္ကသိုလ်ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ ပေါင်းတည်နှင့်ဟင်္သာတမြို့များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ အမျိုးသားကောလိပ်များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နှုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။

စာပေရေးရာစွမ်းဆောင်ချက်

ဦးဘချိုသည် လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေ ဗဟုသုတတို့တွင် နှ့ံစပ်သူဖြစ်၏။ မြန်မာ့အလင်းမဂ္ဂဇင်း၊နှစ်ပါးကြည်ဂျာနယ်၊ဗန္ဓုလဂျာနယ်များတွင် ဝင်ရောက်ရေးသားခဲ့ရာမှ ရန်ကုန်အရှေ့ပိုင်း ရေကျော်ရပ်တွင် စာပုံနှိပ်တိုက်တစ်ခု ဖွင့်လှစ်တည်ထောင်ကာ ၁၉၂၅ တွင်ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ သူ၏ဒီးဒုတ်ဂျာနယ်ကိုအမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၊ အမျိုးသားပညာရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက်ရှေ့တန်းအောင်လံဂျာနယ်တစ်စောင်ဟု သိခဲ့ကြသည်။ထိုဂျာနယ်၏အမည်ကို သူ့အမည်တွင်တွဲပြီး ဒီးဒုတ်ဦးဘချိုဟု အများကသိခဲ့ကြသည်။ “ဒီးဒုတ်ဦးဘချို” အမည်အပြင် “ဒိုးဒိုးဒေါက်” “ကျူကောက်” “ကေသာ” “စပယ်” “ဥက္ကလာ-မခင်စိန်” “အမိုက်မလေး” စသော အမည်များဖြင့်လည်း ဝတ္ထုဆောင်းပါးများစွာကို ရေးသားခဲ့သေးသည်။ သက္ကရာဇ် ၁၂၉၈ (အင်္ဂလိပ် သက္ကရာဇ် ၁၉၃၆ ခုနှစ်) တွင် မြန်မာနိူင်ငံတော် သတင်းစာဆရာ အသင်းကြီး ဖြစ်ပေါ်ရေးကို အထူးအားပေး ဆောင်ရွက်ခဲ့သူလည်းဖြစ်ပေသည်။ စစ်မဖြစ်မီ တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် မြန်မာနိူင်ငံတော် စာရေးဆရာများ အသင်းကြီး၏ ဥက္ကဌအဖြစ်လည်းရွေးကောက်တင်မြောက်ခြင်းခံရပေသေးသည်။ ဒီးဒုတ်ဦးဘချိုပြုစုခဲ့သောစာပေများတွင် စမအဖွင့်ကျမ်း၊ ဦးပုည-သာသနာလျှောက်အဖြေ၊ ဂီတဝိသောဓနီကျမ်း၊ ဗွေသီဟာဝတ္ထု၊ တိုင်းပြု-ပြည်ပြု စသည်တို့လည်းပါဝင်ခဲ့သည်။

အမျိုးသားရေးစွမ်းဆောင်ချက်

ဦးဘချိုသည် ဂျပန်ခေတ် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိူင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိူင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး

၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်ချိန်တွင် ဇနီးဒေါ်လှမေနှင့် သမီးများ မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။

ရည်ညွှန်းကိုးကား

(၁) ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိူင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။ (၂) သုတ၊မောင်။ စာဆိုတော်များအတ္ထုပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်၊ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။