ကား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: stq:Automobil
အရေးမကြီး robot Adding: bn:গাড়ি
စာကြောင်း ၃၆ - စာကြောင်း ၃၆ -
[[be-x-old:Аўтамабіль]]
[[be-x-old:Аўтамабіль]]
[[bg:Автомобил]]
[[bg:Автомобил]]
[[bn:গাড়ি]]
[[bs:Automobil]]
[[bs:Automobil]]
[[bug:Oto]]
[[bug:Oto]]

၁၆:၃၁၊ ၂၇ ဧပြီ ၂၀၁၀ ရက်နေ့က မူ

Karl Benz's "Velo" မော်ဒယ်လ် (၁၈၉၄)
လူ ၁၀၀၀ လျှင်ရှိသောကားပမာဏ ကို ပြသော ကမ္ဘာ့မြေပုံ

ကား သို့မဟုတ် မော်တော်ကားဆိုသည်မှာ ခရီးသည်များကို သယ်ယူပို့ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် ဘီးများတပ်ဆင်ထားသည့် မော်တော်ယာဥ်ဖြစ်ပkhkhjlkjnjkjhjkgbjhfvjzhfgvသော် မော်တော်ယာဥ်အပြင် ထိုသို့စွမ်းဆောင်နိုင်သော အခြားယာဥ်များ အများအပြားရှိနေသေးသောကြောင့်ဖြစ်သည်။

အင်္ဂလိပ်စကားလုံး Automobile သည် ပြင်သစ်ဘာသာမှ ဆင်းသက်လာ၍ ဂရိဘာသာ၌ မြစ်ဖျားခံသည်။ auto(မိမိဘာသာ) ကို mobilis (ရွေ့လျားခြင်း) ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ သီးခြားတိရိစ္ဆာန် သို့မဟုတ် အခြားယာဥ်ဖြင့် ဆွဲရန် သို့ တွန်းရန်မလိုဘဲ မိမိဘာသာ ရွေ့လျားနိုင်ခြင်းကို ဆိုလိုသည်။ car ဆိုသော စကားလုံးမှာမူ လက်တင်ဘာသာ carrus သို့ carrum (ဘီးတပ်ယာဥ်) သို့မဟုတ် အလယ်ခေတ် အင်္ဂလိပ်စကားလုံး carre (လှည်း) (ရှေးခေတ်ပြင်သစ်မြောက်ပိုင်းစကားလုံး) နှင့် karros (ပြင်သစ်မြောက်ပိုင်းတွင်သုံးသော ပေါင်းမိုးတပ်လှည်း) မှ ဆင်းသက်လာခြင်းဖြစ်သည်။

၂၀၀၂ ခုနှစ်၌ တကမ္ဘာလုံးတွင် လူစီးကား စင်းရေ သန်းပေါင်း ၅၉၀ ရှိပြီး ပျမ်းမျှအားဖြင့် လူ ၁၁ ယောက်လျှင် ကားတစ်စီးနှုန်းမျှဖြစ်သည်။

သမိုင်းကြောင်း

မြင်းဆွဲသည့် လှည်းပေါ် အခြေခံ၍ ပထမဆုံး မိမိဘာသာမောင်းနှင်နိုင်သည့် စက်မှုယာဥ် သို့ ကားကို ၁၇၆၉ ခုနှစ်တွင် တီထွင်ခဲ့သူဟု နီကိုလပ် ဂျိုးဇက် ကပ်နော့(Nicolas-Joseph Cugnot) ကို ချီးကျူးဂုဏ်ပြုကြသော်လည်း သူ၏ ၃ ဘီးတပ်ကားမှာ ပြေးဆွဲနိုင်သည် သို့မဟုတ် ပုံမှန်အတိုင်း အလုပ်လုပ်သည် ဆိုသည် ကို သံသယရှိသူအချို့က ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားကြသည်။ အချို့က ရိုမန်ကက်သလစ်မစ်ရှင်ဖြင့် တရုတ်ပြည်သို့သွားသော ဖာဒီနန် ဘာဘီရက်(Ferdinand Verbiest)က ပထမဆုံး ရေနွေးငွေ့ဖြင့် မောင်းနှင်သည့်ကားကို ၁၆၇၂ တွင် တရုတ်အင်ပိုင်ယာ အတွက် ကစားစရာအဖြစ်တီထွင်ပေးခဲ့သည် ဟု ဆိုကြသည်။ ထိုယာဥ်မှာ အရွယ်အစားသေးငယ်ပြီး မောင်းနှင်သူ သို့မဟုတ် စီးနင်းသူကို မတင်ဆောင်နိုင်သော်လည်း ဖြစ်နိုင်ခြေအားဖြင့် ပထမဆုံး ရေနွေးငွေ့သုံး ယာဥ်ဖြစ်သည်။ ရစ်ချက်ထရီဗီသစ်မှ သူ၏ မီးခိုးထွက်နေသော မိစ္ဆာဟု အမည်ရသည့် ရေနွေးငွေ့အားဖြင့် မောင်းနှင်သည့် ပထမဆုံးယာဥ်ကို ၁၈၀၁ ခုနှစ်တွင် သရုပ်ပြခဲ့သည် ဆိုသည့် အချက်ကိုမူ မည်သူမျှ သံသယမရှိကြပေ။ သို့သော် ထိုယာဥ်မှာ လုံလောက်သော ရေနွေးငွေ့ဖိအားကို ကြာရှည်စွာ မထိန်းသိမ်းနိုင်သဖြင့် လက်တွေ့အသုံးပြု နိုင်ရန် အနည်းငယ်မျှသာ အသုံးဝင်သည်။

ရုရှားနိုင်ငံတွင်မူ ၁၇၈၀ခုနှစ်များတွင် အိုင်ဗင်ကူလီဗင်က ဖလိုင်းဝှီး၊ ဘရိတ်၊ ဂီယာဘောက်စ် နှင့် ဘယ်ရင် အစရှိသည့် ခေတ်သစ်နည်းပညာများပါဝင်သည့် လူ၏ခြေဖြင့်နင်းရသည့် သုံးဘီးယာဥ်ကို တီထွင်ခဲ့သည်။ သို့သော် ထိုယာဥ်ကို ဆက်လက်၍ တိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။

ဆွစ်ဇာလန်မှ တီထွင်သူ ဖရန်ဆွိုက် အိုင်ဆက်ဒီ ရီဗက်ဇ် (François Isaac de Rivaz) မှ ၁၈၀၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အရောအနှောကို လောင်စာအဖြစ်အသုံးပြု၍ ပထမဆုံး အတွင်း၌ပေါက်ကွဲသော အင်ဂျင် (internal combustion engine) ကို ဒီဇိုင်းထုတ်ခဲ့ပြီး ထိုမှတဆင့် အခြေခံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော မော်တော်ယာဥ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ထိုဒီဇိုင်းမှာ အလွန်တရာ အောင်မြင်မှု မရခဲ့ပဲ ဆယ်မြူရယ် ဘရောင်း၊ ဆယ်မြူရယ်မိုရေး နှင့် ကြံ့ယာဥ် (hippomobile) ပြုလုပ်သော အီတီယန် လန်နွာ(Etienne Lenoir) တို့ ထုတ်လုပ်ခဲ့သော လှည်းနှင့်တွန်းလှည်းများကို အခြေခံ၍ ကိုးရိုးကားရား အတွင်း၌ပေါက်ကွဲသော အင်ဂျင် တပ်ဆင်ထားသော အခြားယာဥ်များမှာလည်း အလားတူပင်ဖြစ်သည်။

၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။ ပဲရစ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ပြပွဲတွင် ဖြစ်သည်။

ဂိုတလီယပ် ဒိန်းမလား (Gottlieb Daimler)၊ ဝီလ်ဟမ်မေဘတ်ရှ် (Wilhelm Maybach) နှင့် ဆိရက်ဖရိုက် မားကတ်စ် (Siegfried Marcus) တို့အပါအဝင် အခြားဂျာမန်အင်ဂျင်နီယာများမှာ တစ်ချိန်တည်းမှာပင် ပြသနာကို အဖြေရှာဆဲဖြစ်သော်လည်း ကားလ်ဘင့်ဇ် (Karl Benz)ကို ခေတ်သစ်မော်တော်ယာဥ်၏ တီထွင်သူအဖြစ် ယေဘူယျအားဖြင့် သဘောတူကြသည်။


zz-omg:ching-chong