ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး added Category:ရန်ကုန်မြို့ရှိ အဆောက်အဦများ using HotCat |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
||
စာကြောင်း ၅၆ - | စာကြောင်း ၅၆ - | ||
== လေဆိပ်အဆောက်အဦး == |
== လေဆိပ်အဆောက်အဦး == |
||
=== လေဆိပ်အဆောက်အဦး (၁) === |
=== လေဆိပ်အဆောက်အဦး (၁) === |
||
ပြည်ပ လေဆိပ်အဆောက်အဦး ဖွင့်လှစ်ပြီးနောက်ပိုင်း ပြည်တွင်း လေဆိပ်အဆောက်အဦးကို ဖျက်သိမ်းကာ လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်ခဲ့သည်။ ပြည်တွင်း လေဆိပ်အဆောက်အဦးကို အရေးကြီးဧည့်သည် ဧည့်ခန်းမဆောင်ကို အသုံးပြုခဲ့သည်။ ၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ |
ပြည်ပ လေဆိပ်အဆောက်အဦး ဖွင့်လှစ်ပြီးနောက်ပိုင်း ပြည်တွင်း လေဆိပ်အဆောက်အဦးကို ဖျက်သိမ်းကာ လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်ခဲ့သည်။ ပြည်တွင်း လေဆိပ်အဆောက်အဦးကို အရေးကြီးဧည့်သည် ဧည့်ခန်းမဆောင်ကို အသုံးပြုခဲ့သည်။ ၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့သည်။<ref>{{cite web|url=http://www.news-eleven.com/local/%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%B2%E1%82%95%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9-%E1%80%A1%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%B1%E1%80%9C%E1%80%86%E1%80%AD%E1%80%95%E1%80%B9%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8|title=တိုးချဲ့တည်ဆောက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများ ပြီးဆုံးခြင်းမရှိသေးချိန်တွင် အကြိုဖွင့်ပွဲပြုလုပ်|publisher=Eleven media group|date=၁၁ မတ် ၂၀၁၆|accessdate=၁၈ မတ် ၂၀၁၆}}</ref> အဆောက်အဦးသစ်သည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။ |
||
မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။ |
မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။ |
၀၁:၅၆၊ ၉ ဩဂုတ် ၂၀၁၇ ရက်နေ့က မူ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon International Airport | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရသော မလေးရှားလေကြောင်း B738 လေယာဉ်တစ်စီး | |||||||||||
အချက်အလက်များ | |||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||
ပိုင်ဆိုင်သူ | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ | ||||||||||
စီမံကွပ်ကဲသူ | ရန်ကုန် အေရိုဒရုန်း ကုမ္ပဏီလီမိတက် | ||||||||||
ဝန်ဆောင်မှု ဧရိယာ | ရန်ကုန် | ||||||||||
တည်နေရာ | မင်္ဂလာဒုံ ၁၁၀၂၁၊ ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၀၉ ပေ / ၃၃ မီတာ | ||||||||||
ကိုဩဒိနိတ် | 16°54′26″N 96°07′59″E / 16.90722°N 96.13306°E | ||||||||||
ဝက်ဘ်ဆိုဒ် | yangonairport.aero | ||||||||||
ပြေးလမ်း | |||||||||||
|
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့ မြောက်ဘက် ၁၅ ကီလိုမီတာအကွာ မင်္ဂလာဒုံတွင် တည်ရှိသောကြောင့် မင်္ဂလာဒုံလေဆိပ်ဟုလည်း အမည်တွင်သည်။ ယင်းလေဆိပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည်။
လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။
သမိုင်း
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
ရန်ကုန် လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခုနှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ (၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။
လေဆိပ်အဆောက်အဦး
လေဆိပ်အဆောက်အဦး (၁)
ပြည်ပ လေဆိပ်အဆောက်အဦး ဖွင့်လှစ်ပြီးနောက်ပိုင်း ပြည်တွင်း လေဆိပ်အဆောက်အဦးကို ဖျက်သိမ်းကာ လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်ခဲ့သည်။ ပြည်တွင်း လေဆိပ်အဆောက်အဦးကို အရေးကြီးဧည့်သည် ဧည့်ခန်းမဆောင်ကို အသုံးပြုခဲ့သည်။ ၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့သည်။[၁] အဆောက်အဦးသစ်သည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။
မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။
ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။[၂]
လေဆိပ်အဆောက်အဦး (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း ၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
လေဆိပ်အဆောက်အဦး (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ထို့နောက် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အဦး (၁) ကို အသုံးပြုခဲ့သည်။
လေဆိပ်အဆောက်အဦး (၂)
စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[၃] တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း ၃၀ အသုံးပြုထားသည်။ အခြားမှတ်သားစရာအချက်အလက်များမှာ
- ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
- အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
- ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
- အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
- မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။
လေဆိပ်အဆောက်အဦး (၃)
လေဆိပ်အဆောက်အဦး (၂) တည်ဆောက်ပြီးစီးပြီးနောက် ပြည်ပခရီးစဉ်များ အားလုံးကို လေဆိပ်အဆောက်အဦး (၂) သို့ ပြောင်းရွေ့လိုက်သည်။ လေဆိပ်အဆောက်အဦး အေဟာင်းမှာ ပြည်တွင်းခရီးစဉ်များသာ ကျန်ရှိခဲ့သည်။ ထို့နောက် လေဆိပ်အဆောက်အဦးအဟောင်း နေရာတွင် အဆောက်အဦးထပ်မံတည်ဆောက်ရန်အတွက် ပြည်တွင်းခရီးစဉ်များအားလုံးကို အရေးကြီးပုဂ္ဂိုလ်များ အဆောင်သို့ ရွေ့ပြောင်းလိုက်သည်။ လေဆိပ်အဆောက်အဦးကို ဖျက်၍ အသစ်တည်ဆောက်သော အဆောက်အဦး (၁) မှာလည်း ပြည်ပ ခရီးစဉ်များအတွက်သာ အသုံးပြုခဲ့သည်။
လေဆိပ်အဆောက်အဦး (၂) အနီးတွင် လေဆိပ်အဆောက်အဦး (၃) ကို တည်ဆောက်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအားလုံးအတွက် အသုံးပြုခဲ့သည်။ ယခင် ယာယီအသုံးပြုခဲ့သော အရေးကြီးပုဂ္ဂိုလ်များအဆောင်ကို ဖျက်သိမ်းမည်ဖြစ်ပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) တို့ကို ချိတ်ဆက်သွားမည် ဖြစ်သည်။
ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ
ကုန်စည်ပို့ဆောင်
လေကြောင်းလိုင်း | မြို့အမည် |
---|---|
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း | သုဝဏ္ဏဘူမိလေဆိပ် |
လူသွားအများဆုံးမြို့များ
အမှတ်စဉ် | မြို့အမည် | တစ်ပတ်အတွင်း ထိုင်ခုံ အရေအတွက် (ခရီးစဉ်တစ်ကြောင်း) |
---|---|---|
1 | ထိုင်း- ဘန်ကောက်-သုဝဏ္ဏဘူမိ | ၂၂၁၂၀ |
2 | စင်ကာပူ- စင်ကာပူ | ၁၄၆၅၆ |
3 | မလေးရှား- ကွာလာလမ်ပူမြို့ | ၉၅၃၄ |
4 | ထိုင်း- ဘန်ကောက်-ဒွန်မောင်း | ၇၅၆၀ |
5 | တောင်ကိုရီးယား- ဆိုးလ် | ၄၉၂၀ |
6 | ထိုင်ဝမ်- ထိုင်ဝမ်-ထောင်ယွမ် | ၃၀၀၀ |
7 | တရုတ်- ကူမင်းမြို့ | ၂၆၇၆ |
8 | တရုတ်- ကွမ်ကျိုးမြို့ | ၁၉၄၂ |
9 | အိန္ဒိယ- ဗုဒ္ဓဂါယာ | ၁၇၀၆ |
10 | ကာတာ- ဒိုဟာ | ၁၅၄၀ |
ကိုးကား
- ↑ တိုးချဲ့တည်ဆောက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများ ပြီးဆုံးခြင်းမရှိသေးချိန်တွင် အကြိုဖွင့်ပွဲပြုလုပ်။ Eleven media group (၁၁ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ ဝန်ဆောင်မှုပေးနိုင်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်း အဆင့်သုံးဆင့်အနက် ပထမအဆင့် ပြည်ပခရီးသည် လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ် (၁၃ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ "Yangon International Airport opens new terminal"၊ 2007-07-25။ Archived from the original on 2013-01-03။
- ↑ http://www.emirates.com/media-centre/emirates-says-hello-to-yangon-and-hanoi
- ↑ http://airlineroute.net/2015/11/12/uo-mdlrgn-feb16
- ↑ Myanmar poised for more rapid growth in 2013 as foreign carriers expand and local LCC launches | CAPA - Centre for Aviation