အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"အမေရိကန်ပြည်ထေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၉ - စာကြောင်း ၉ -
ဝက်စ်ပွိုင့်တွင် အမျိုးသားအရာရှိလောင်း ၁၅ဦးနှင့် အမျိုးသမီးအရာရှိလောင်း ၉ဦးတို့ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပြီး ထိုအဖွဲ့တွေဟာ အပတ်တိုင်းမှာ အားကစားပြိုင်ပွဲများ၊ စစ်ရေးလေ့ကျင့်ခန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ရလေ့ရှိပြီး အပတ်စဉ်ရမှတ်များဟာ ဘွဲ့ရရှိဖို့အတွက် များစွာအထောက်အပံ့ ဖြစ်စေပါတယ်။
ဝက်စ်ပွိုင့်တွင် အမျိုးသားအရာရှိလောင်း ၁၅ဦးနှင့် အမျိုးသမီးအရာရှိလောင်း ၉ဦးတို့ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပြီး ထိုအဖွဲ့တွေဟာ အပတ်တိုင်းမှာ အားကစားပြိုင်ပွဲများ၊ စစ်ရေးလေ့ကျင့်ခန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ရလေ့ရှိပြီး အပတ်စဉ်ရမှတ်များဟာ ဘွဲ့ရရှိဖို့အတွက် များစွာအထောက်အပံ့ ဖြစ်စေပါတယ်။


=သမိုင်းကြောင်း==
==သမိုင်းကြောင်း==
ဝက်စ်ပွိုင့်ရဲ့ သမိုင်းကြောင်းကတော့ ၁၇၇၈ ခုနှစ်မှာ ဗြိတိသျှကြည်းတပ်ဟာ ဝက်စ်ပွိုင့်ဒေသကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ကြည်းတပ် တပ်ဖွဲ့အင်အားတောင့်တင်းဖို့ရန်အတွက် စစ်လေ့ကျင့်ရေးစခန်းကို တည်ဆောက် ခဲ့ခြင်းပါ။ ဗြိတိသျှတော်ဝင်ရေတပ်ဟာ ဟတ်ဆန် မြစ်မှ တဆင့် ကမ်းကပ်နိုင်တာကြောင့် မြစ်ကမ်းဘေး အင်္ဂလိပ် အက္ခရာ အက်စ် (S) ပုံသဏ္ဍန်ဖြစ်နေတဲ့ ကုန်းမြေပေါ်မှာ ဗြိတိသျှအခြေစိုက်စစ်စခန်းကိုပါ တည်ဆောက် ခဲ့ပါတယ်။
ဝက်စ်ပွိုင့်ရဲ့ သမိုင်းကြောင်းကတော့ ၁၇၇၈ ခုနှစ်မှာ ဗြိတိသျှကြည်းတပ်ဟာ ဝက်စ်ပွိုင့်ဒေသကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ကြည်းတပ် တပ်ဖွဲ့အင်အားတောင့်တင်းဖို့ရန်အတွက် စစ်လေ့ကျင့်ရေးစခန်းကို တည်ဆောက် ခဲ့ခြင်းပါ။ ဗြိတိသျှတော်ဝင်ရေတပ်ဟာ ဟတ်ဆန် မြစ်မှ တဆင့် ကမ်းကပ်နိုင်တာကြောင့် မြစ်ကမ်းဘေး အင်္ဂလိပ် အက္ခရာ အက်စ် (S) ပုံသဏ္ဍန်ဖြစ်နေတဲ့ ကုန်းမြေပေါ်မှာ ဗြိတိသျှအခြေစိုက်စစ်စခန်းကိုပါ တည်ဆောက် ခဲ့ပါတယ်။



၁၀:၀၇၊ ၈ ဩဂုတ် ၂၀၁၇ ရက်နေ့က မူ

အမေရိကန်ပြည်ထောင်စု စစ်အကယ်ဒမီကျောင်း United States Military Academy (USMA) ကို အများစုကတော့ ဝက်စ်ပွိုင့် စစ်အကယ်ဒမီ (West Point Army Academy) လို့ အသိများကြပြီး အမေရိကန်ပြည်ထောင်စု တွင်သာမက ကမ္ဘာ့ထိပ်တန်း နံပါတ် ၁နေရာမှာ ရပ်တည်နေတဲ့ စစ်အကယ်ဒမီ သင်တန်းကျောင်းတစ်ခုပါ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြောက်ဘက် ဝက်စ်ပွိုင့် (West Point) ဒေသ ဟတ်ဆန်မြစ်ကမ်း (Hudson River) တလျှောက် မိုင် ၅၀ခန့် ရှည်လျှားကျယ်ပြန့်တဲ့ နေရာတွင် တည်ရှိပါတယ်။ စတင် တည်ထောင်စဉ်က အမေရိကန်ပြည်ထောင်စု ဝက်စ်ပွိုင့် စစ်အကယ်ဒမီ (West Point the United States Military Academy) လို့ အမည်ပေးခဲ့သော်လည်း ယခုအခါမှာတော့ ဝက်စ်ပွိုင့် စစ်အကယ်ဒမီလို့ပဲ အလွယ်သတ်မှတ်ခေါ်ဝေါ်နေကြခြင်းပါ။

ဝက်စ်ပွိုင့်တွင် ရှိသော အဓိကပရဝုဏ်များအားလုံးဟာ နော်မန်စတိုင်လ် အဆောက်အဦးများဖြစ်ကာ မီးခိုးရောင်နဲ့ အနက်ရောင်ရှိတဲ့ ကျောက်တုံးကြီးများနဲ့ တည်ဆောက်ထားပါတယ်။ အဆိုပါ ကျောင်းပရဝုဏ်များဟာ အမေရိကန် ပြည်ထောင်စုသို့ အလည်လာရောက်ကြသော ကမ္ဘာလှည့်ခရီးသွားများကို အထူးဆွဲဆောင်လျှက်ရှိကာ ကမ္ဘာလှည့် ခရီးသွားများ အလာရောက်ဆုံးနေရာလည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု စစ်သမိုင်းပြတိုက်ဟာလည်း ဝက်စ်ပွိုင့်မှာ တည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားများ လေ့လာနိုင်ရန် ဖွင့်လှစ်ထားပါတယ်။

ဝက်စ်ပွိုင့်ကို တက်ရောက်ခွင့်ရရှိသူကတော့ ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ အမေရိကန်စစ်တပ်မှ အမည်ပေး တင်သွင်းလိုက်တဲ့ အရာရှိလောင်းများဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အစိုးရအဖွဲ့မှ အမည်စာရင်းတင်သွင်းတဲ့ အရာရှိလောင်းများကို နှစ်စဉ်လက်ခံလေ့ရှိတဲ့အပြင် အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတတို့မှ သီးသန့်အမည်စာရင်းတင်သွင်းတဲ့ အရာရှိများကို သင်တန်းသားအဖြစ် လက်ခံလေ့ရှိပါတယ်။ ဝက်စ်ပွိုင့်ဟာ နှစ်စဉ်အရာရှိလောင်း ၁ထောင့်၃ရာကို လက်ခံလေ့ရှိကာ ၁ထောင်ခန့်ကို ဘွဲ့ပေးအပ်လျှက်ရှိပါတယ်။

ဝက်စ်ပွိုင့်မှာ သင်ကြားတဲ့ ပရိုဂရမ်တွေကတော့ သိပ္ပံဘွဲ့၊ စစ်ရေးခေါင်းဆောင်မှု၊ အားကစား စတဲ့ ပရိုဂရမ်တွေပဲ ဖြစ်ပါတယ်။ သင်တန်းသားအရာရှိလောင်းများဟာ စစ်ရေး၊ ကိုယ်ကာယနှင့် စာပေတို့မှာ သတ်မှတ်အရည်အချင်းများကို ပြည့်မီမှ ဘွဲ့ပေးအပ်လေ့ရှိပါတယ်။ နိုင်ငံခြားတိုင်းပြည်များမှ စစ်ဘက်အရာရှိများကိုလည်း တက်ရောက်ခွင့်ပေးထားပြီး သက်ဆိုင်ရာ နိုင်ငံမှ အမည်စာရင်းတင်သွင်းသူများကို စီစစ်လက်ခံလေ့ရှိပါတယ်။ သို့သော်လည်း လက်ခံတဲ့ နိုင်ငံခြားမှ စစ်ဘက်အရာရှိ ဦးရေကတော့ အလွန်နည်းလွန်းပါတယ်။

ဝက်စ်ပွိုင့်တွင် အမျိုးသားအရာရှိလောင်း ၁၅ဦးနှင့် အမျိုးသမီးအရာရှိလောင်း ၉ဦးတို့ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပြီး ထိုအဖွဲ့တွေဟာ အပတ်တိုင်းမှာ အားကစားပြိုင်ပွဲများ၊ စစ်ရေးလေ့ကျင့်ခန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ရလေ့ရှိပြီး အပတ်စဉ်ရမှတ်များဟာ ဘွဲ့ရရှိဖို့အတွက် များစွာအထောက်အပံ့ ဖြစ်စေပါတယ်။

သမိုင်းကြောင်း

ဝက်စ်ပွိုင့်ရဲ့ သမိုင်းကြောင်းကတော့ ၁၇၇၈ ခုနှစ်မှာ ဗြိတိသျှကြည်းတပ်ဟာ ဝက်စ်ပွိုင့်ဒေသကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ကြည်းတပ် တပ်ဖွဲ့အင်အားတောင့်တင်းဖို့ရန်အတွက် စစ်လေ့ကျင့်ရေးစခန်းကို တည်ဆောက် ခဲ့ခြင်းပါ။ ဗြိတိသျှတော်ဝင်ရေတပ်ဟာ ဟတ်ဆန် မြစ်မှ တဆင့် ကမ်းကပ်နိုင်တာကြောင့် မြစ်ကမ်းဘေး အင်္ဂလိပ် အက္ခရာ အက်စ် (S) ပုံသဏ္ဍန်ဖြစ်နေတဲ့ ကုန်းမြေပေါ်မှာ ဗြိတိသျှအခြေစိုက်စစ်စခန်းကိုပါ တည်ဆောက် ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်မှာ ဝက်စ်ပွိုင့်မှာပဲ အမေရိကန်ပြည်ထောင်စုကို ကာကွယ်တဲ့ စစ်အရာရှိများ မွေးထုတ်ပေးရန် အတွက် စစ်သင်တန်းကျောင်းကို ဆက်လက်ထားရှိခဲ့ပြီး ထိုစဉ်ကတည်းက အရာရှိလောင်းများဟာ စစ်ရေးအပြင် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်များကိုပါ လေ့လာခဲ့ရပါတယ်။

အမေရိကန်သမ္မတ သောမက်စ် ဂျက်ဖာဆန် လက်ထပ်မှာ ဝက်စ်ပွိုင့်ကို အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံးသော စစ်အကယ်ဒမီအဖြစ်သတ်မှတ်ခဲ့ပြီး အမေရိကန်သမ္မတမှ တိုက်ရိုက်ကွပ်ကဲခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ဂျိုနသန် ဝီလီယမ် (Jonathan Williams) ကို ပထမဦးဆုံး စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့ခြင်းပါ။

၁၈၁၂ခုနှစ်မှာ အမေရိကန် ကွန်ဂရက်မှလည်း စစ်အကယ်ဒမီတည်ထောင်နိုင်ခွင့်အတွက် Military Peace Establishment Act of 1802 ကို အတည်ပြုပြဌာန်းခဲ့ပြီး သမ္မတမှ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ အဆိုပါနှစ်မှာပဲ ဂျိုးဇက် ဂါဒနာ ဆွဇ် (Joseph Gardner Swift) ကို ပထမဦးဆုံး ဘွဲ့ပေးအပ်ခဲ့ကာ စစ်အရာရှိအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ သူဟာ ၁၈၁၂ခုနှစ်မှ ၁၈၁၄ ခုနှစ်အထိ ဝက်စ်ပွိုင့်ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇ ၅ခုနှစ်မှာတော့ အမေရိကန် ကွန်ဂရက်မှနေပြီး အမျိုးသမီးစစ်အရာရှိများကိုပါ ဝက်စ်ပွိုင့်မှ လေ့ကျင့်သင်ကြားပေးရန် လိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် ၁၉၇၆ခုနှစ်မှ စတင်ကာ အမျိုးသမီးစစ်အရာရှိများကို လက်ခံခဲ့ပါတယ်။

ပထမဦးဆုံး အမျိုးသမီးအရာရှိ ၁၁၉ဦးကို လက်ခံခဲ့ပြီး နှစ်စဉ် အမျိုးသမီး ၁၅ရာခိုင်နှုန်းကို လက်ခံခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဝက်စ်ပွိုင့်ကျောင်းဆင်း အမျိုးသမီးအရာရှိတစ်ဦးဖြစ်တဲ့ ကယ်လ်စတင် ဘေကာ (Kristin Bak) ဟာ အမေရိကန်စစ်တပ်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဗိုလ်မှူးဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဝက်ပွိုင့်ရဲ့ စစ်ဦးစီးချုပ်တာဝန်ကို ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးက တာဝန်ယူစီမံခန့်ခွဲနေပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူနှစ်ဦးက စစ်ရေးဘုတ်အဖွဲ့ဦးစီးနှင့် စာပေဘုတ်အဖွဲ့ဦးစီးဆိုပြီး နှစ်ပိုင်းတာဝန်ယူ စီမံခန့်ခွဲမှုတွေ ရှိနေခြင်းပါ။ ဝက်စ်ပွိုင့်မှာ သင်ကြားရေးအတွက် ဘာသာရပ်ဆိုင်ရာဌာန ၁၃ဌာန ရှိပြီး ပါမေက္ခ ဌာနမှုး များက သက်ဆိုင်ရာ ဘာသာရပ်အတွက် သင်ကြားရေးတာဝန်များကို စီမံခန့်ခွဲနေခြင်းပါ။

အကယ်ဒမီ ဝင်ခွင့်

ဝက်စ်ပွိုင့်တွင် တက်ရောက်လိုတဲ့ သင်တန်းသားများဟာ အသက် ၁၇နှစ်မှ ၂၃နှစ်အတွင်း ရှိတဲ့ အိမ်ထောင်မရှိသူ၊ သားသမီးအထောက်အပံ့ပေးရန် မရှိသူဖြစ်ရမဲ့အပြင် အထက်တန်းအောင်မြင်သူ (သို့မဟုတ်) ကောလိပ်မှ ဒီဂရီရရှိပြီးသူ၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသူဖြစ်ရပါမယ်။ နှစ်စဉ် နိုင်ငံခြားတိုင်းပြည်မှ သင်တန်းသား ၆၀ကို လက်ခံလေ့ရှိပါတယ်။ ဒါ့အပြင် သင်တန်းသားအဖြစ်တက်ရောက်ရန်အတွက် သက်ဆိုင်ရာတပ်မှလည်းကောင်း၊ ပြည်နယ်အစိုးရမှ သော်လည်းကောင်း၊ အမေရိကန်သမ္မတနှင့် ဒုတိယသမ္မတတို့မှလည်း ထောက်ခံချက် ပါဝင်ရမဲ့အပြင် အထက်တန်းရမှတ် (သို့မဟုတ်) ကောလိပ်မှ ရမှတ်မူရင်းအပြင် ဝက်စ်ပွိုင့်သို့ တက်ရောက်လိုတဲ့ သင်တန်းသားကိုယ်တိုင် ရေးသားထားသော ရည်မှန်းချက်စာမူတို့ ပါဝင်ရမှာပါ။

တက်ရောက်ဖို့အတွက် သက်ဆိုင်ရာများမှ အမည်တင်သွင်း ခံရသူများဟာ ပထမဦးဆုံး ကိုယ်ခန္ဓာကျန်းမာမှု စစ်ဆေးရေးစာမေးပွဲကို ဖြေဆိုရပါတယ်။ အဆိုပါ စာမေးပွဲကိုကျော်ဖြတ်နိုင်မှသာလျှင် ဝက်စ်ပွိုင့်ရဲ့ သင်တန်းသားအဖြစ် လက်ခံပြီး ပါစင်နယ် အင်တာဗျူးကို ဖြေဆိုရပါတယ်။ သင်တန်းသားများဟာ သင်တန်းကာလ ၄နှစ်ကို ဖြတ်ကျော်ရလေ့ ရှိပါတယ်။ သင်တန်းကာလမှာ သင်တန်းသားများဟာ ဝက်စ်ပွိုင့်မှ သတ်မှတ်ထားသော ဘာသာရပ်အားလုံးကို ရွေးချယ်ပိုင်ခွင့်မရှိ သင်ကြားရပါတယ်။ စာမေးပွဲအောင်မှတ်ကတော့ စစ်ရေးလေ့ကျင့်ရေးတွင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး စာပေဆိုင်ရာ ဘာသာရပ်များကတော့ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင်သင်တန်းသားများရဲ့ ပါဖောမန့်များကိုလည်း အောင်မှတ်အဖြစ်နဲ့ သတ်မှတ်ရာမှာ academic performance အနေနဲ့ ၅၅%၊ military leadership performance ၃၀%၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် အားကစားအတွက် ၁၅% သတ်မှတ်ထားပါတယ်။

စာပေသင်ကြားနည်း စနစ်

ဝက်စ်ပွိုင့်ရဲ့ စာပေသင်ကြားနည်းစနစ်ကတော့ သက်ဆိုင်ရာနည်းပြက ပို့ချမှုတွေပြုလုပ်ပြီး တပတ်ကြာမှာ အဆိုင်းမန့်တင်ရလေ့ရှိကာ မိမိရဲ့ အဆိုင်းမန့်နဲ့ပတ်သက်ပြီး သင်တန်းသားကိုယ်တိုင်က ရှင်းလင်းတင်ပြမှုတွေပြုလုပ် ပြီးနောက် သက်ဆိုင်ရာနည်းပြက အမှတ်ပေးတဲ့ စနစ်ပါ။ သင်ကြားရေးကာလကတော့ စာသင်နှစ် တစ်နှစ်မှာ စီမစ်စတာ (semester) ၂ခုရှိပြီး စာပေလေ့လာမှုမှာတော့ သတ်မှတ်ထားတဲ့ ဘာသာရပ်များကို စီမစ်စတာတိုင်းမှာ လေ့လာရပါတယ်။

လေ့လာရတဲ့ ဘာသာရပ်တွေကတော့ သင်္ချာ၊ သတင်းနဲ့ နည်းပညာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ အင်ဂျင်နီယာဘာသာ၊ သမိုင်း၊ ပထဝီ၊ ဒဿနိကဗေဒ၊ ခေါင်းဆောင်မှုပညာနဲ့ အထွေထွေ စိတ်ပညာ၊ အင်္ဂလိပ်စာ ဘာသာစကားနှင့် စာပေ၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာလေ့လာရေး၊ စီပွားရေး၊ ဖွဲ့စည်းပုံဥပဒေ စတဲ့ ဘာသာရပ်များကို သင်တန်းနှစ်အလိုက် သင်ကြားရသော်လည်း ပေးအပ်တဲ့ဘွဲ့ကတော့ သိပ္ပံဒီဂရီဘွဲ့ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်ရေးမှာတော့ သင်တန်းနှစ်အလိုက် ဦးစီးကြီးကြပ်ရလေ့ရှိပါတယ်။ ပထမနှစ်သင်တန်းသားများကို စတုထ္တနှစ် သင်တန်းသားများက ဦးစီးကြီးကြပ်ရလေ့ရှိကာ တိုက်ပွဲဝင်လေ့ကျင့်ခန်းများကို စာသင်နှစ်ပြီးဆုံးတိုင်းမှာ လေ့ကျင့်ရခြင်းပါ။ အဆိုပါ လေ့ကျင့်ရေးကာလမှာ တစ်လကြာမြင့်ပြီး စစ်မြေပြင်တိုက်ပွဲဝင်သကဲ့သို့ လေ့ကျင့်ရလေ့ ရှိပါတယ်။

ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ ဝက်စ်ပွိုင့်ဟာ သင်တန်းသားတိုင်းကို လေ့ကျင့်သင်ကြားပေးသလို လက်တွေ့ လုပ်ဆောင်မှုအတွက်လည်း ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်လေ့ရှိပါတယ်။ စစ်သည်တော် ကျင့်ဝတ်မှာ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟာ ထိပ်ဆုံးနေရာမှာရှိတယ်လို့ ဝက်စ်ပွိုင့်သင်တန်းသားများ ခံယူတတ်အောင်လေ့ကျင့်ပေးထားပါတယ်။ ဝက်စ်ပွိုင့်ရဲ့ ဆောင်ပုဒ်ကတော့ Duty, Honor, Country ဖြစ်ကာ အဆိုပါ အချက်များကို ကိုယ်ကျင့်တရား ကောင်းမွန်သူသာ တာဝန်ကျေပွန်မယ်လို့ ခံယူထားကြပါတယ်။

ဝက်စ်ပွိုင့်ရဲ့ ထူးခြားမှုကတော့ သင်တန်းကာလမှာ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှုစနစ် လုံးဝမရှိပါဘူး။ သင်တန်းခေါင်းဆောင်ကို မဲစနစ်နဲ့ ရွေးချယ်ရပါတယ်။ သင်တန်းခေါင်းဆောင်မှတဆင့် သင်တန်းသားများအတွက် နှစ်အလိုက် အဖွဲ့ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ပါတယ်။ အိပ်ဆောင်တစ်ခုလျှင် သင်တန်းသား ၃ဦး နေထိုင်ရကာ သင်တန်းနှစ်ကိုတော့ ခွဲခြားထားခြင်းမရှိပါဘူး။

သင်တန်းသားအားလုံးဟာ ဝါရှင်တန်ဟောလ် (Washington Hall) တွင် နံနက်စာ၊ နေ့လည်စာ၊ ညစာများကို အတူတကွစားသောက်ရပြီး အဆိုပါခန်းမတွင် တွေ့ဆုံပွဲ၊ နှုတ်ဆက်ပွဲစသဖြင့် ပွဲများကိုလည်း ကျင်းပလေ့ရှိပါတယ်။ ဝက်စ်ပွိုင့်မှ သင်တန်းသားများကို အထူးလေ့ကျင့်ပေးတာကတော့ ခေါင်းဆောင်နိုင်မှု အတတ်ပညာဖြစ်ကာ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ရန် အထူးလေ့ကျင့်ပျိုးထောင်ပေးနေခြင်းပါ။

ဝက်စ်ပွိုင့်တွင် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေစရိတ်၊ စားစရိတ် ကုန်ကျမှုအားလုံးကို အမေရိကန်တပ်မတော်မှ တာဝန်ယူပေးကာ သင်တန်းသားများအနေနဲ့ သင်တန်းကာလ ၄နှစ်ပြီးဆုံးတဲ့အခါမှာ ဒုတိယဗိုလ်အဖြစ် အမေရိကန်တပ်မတော်မှ ခန့်အပ်ပါတယ်။ ဒါ့အပြင် အမေရိကန်တပ်မတော်တွင် စစ်ရေးကာလ ၅နှစ်၊ စစ်ရုံးတာဝန်ထမ်းဆောင်ခြင်း ၃နှစ် အနည်းဆုံးတာဝန်ထမ်းဆောင်ရပါတယ်။ သင်တန်းတွင် စာပေထူးချွန်ဆု၊ စစ်ရေးထူးချွန်၊ ခေါင်းဆောင်မှု ထူးချွန်ဆု စသဖြင့် နှစ်စဉ် သင်တန်းသားများကို ပေးအပ်လေ့ရှိပြီး အမေရိကန်သမ္မတ ကိုယ်တိုင် ချီးမြှင့်လေ့ရှိပါတယ်။