ဟိုက်ဒရိုကလောရစ်အက်ဆစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
svg
svg
စာကြောင်း ၅ - စာကြောင်း ၅ -
| ImageFileL1 = Hydrogen-chloride-3D-vdW.svg
| ImageFileL1 = Hydrogen-chloride-3D-vdW.svg
| ImageNameL1 = Ball-and-stick model of hydrogen chloride
| ImageNameL1 = Ball-and-stick model of hydrogen chloride
| ImageFileR1 = Water-3D-vdW.png
| ImageFileR1 = Water molecule 3D.svg
| ImageNameR1 = Ball-and-stick model of water
| ImageNameR1 = Ball-and-stick model of water
| ImageFileL2 = Chloride-ion-3D-vdW.png
| ImageFileL2 = Chloride-ion-3D-vdW.png
| ImageNameL2 = Ball-and-stick model of the chloride anion
| ImageNameL2 = Ball-and-stick model of the chloride anion
| ImageFileR2 = Hydronium-3D-vdW.png
| ImageFileR2 = Hydronium-3D-vdW.svg
| ImageNameR2 = Ball-and-stick model of the hydronium cation
| ImageNameR2 = Ball-and-stick model of the hydronium cation
| ImageFile2 = Hydrochloric acid 30 percent.jpg
| ImageFile2 = Hydrochloric acid 30 percent.jpg

၁၇:၀၀၊ ၅ ဩဂုတ် ၂၀၁၇ ရက်နေ့က မူ

ဟိုက်ဒရိုကလောရစ်အက်ဆစ်
Ball-and-stick model of hydrogen chloride
Ball-and-stick model of hydrogen chloride
Ball-and-stick model of water
Ball-and-stick model of water
Ball-and-stick model of the chloride anion
Ball-and-stick model of the chloride anion
Ball-and-stick model of the hydronium cation
Ball-and-stick model of the hydronium cation
အမည်
အခြားအမည်များ
  • Muriatic acid[၁]
  • Spirits of salt[၂]
    Hydronium chloride
    Chlorhydric Acid
အမှတ်အသားများ-->

--> -->

-->

----- templatepar -----

-->

CAS Number
7647-01-0 YesY
ChEMBL ChEMBL1231821 N
ChemSpider 307 YesY
EC Number 231-595-7
UNII QTT17582CB YesY
ဂုဏ်သတ္တိများ
ရုပ်အဆင်း Colorless, transparent liquid
အက်စစ် ပါဝင်မှု (pKa) -6.3[၃]
ဆေးဝါးဗေဒ
A09AB03 (WHO) B05XA13 (WHO)
အန္တရာယ်
R-phrases R34, R37
S-phrases (S1/2), S26, S45
NFPA 704

0
0
0
 
ဆက်စပ် ဒြပ်ပေါင်းများ
ဆက်စပ် ဒြပ်ပေါင်းများ
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
N verify (what is YesYN ?)
Infobox references

ဟိုက်ဒရိုကလောရစ် အက်ဆစ်၏ ပုံသေရေးနည်းမှာ HCL ဖြစ်သည်။ အက်ဆစ် များရှိသည့်အနက် ဟိုက်ဒရိုကလောရစ်အက်ဆစ်သည် အပြင်းဆုံး အက်ဆစ်တစ်ခုဖြစ်၍ စက်မှုလုပ်ငန်းတွင်လည်း အရေးကြီးဆုံး အက်ဆစ်တစ်ခုဖြစ်သည်။ ရေတွင် ဟိုက်ဒရိုဂျင်ကလိုရိုက် ဓာတ်ငွေ့ ပျော်ဝင်သွားသောအခါ ဟိုက်ဒရိုလောရစ်အက်ဆစ် ဖြစ်လာသည်။ ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို မျူရီအက်တစ် အက်ဆစ်ဟူ၍လည်း ခေါ်လေသည်။[၁]

ဒြပ်ပေါင်း အမြောက်အမြားရှိသည့်အနက် ဟိုက်ဒရိုဂျင် ကလိုရိုက်တစ်မျိုးတည်း ပါရှိလေသည်။ ဟိုက်ဒရိုဂျင် ကလို ရိုက် ဓာတ်ငွေ့သည် အနံ့ပြင်းပြီးလျှင် ယင်း၌ အရောင်မရှိချေ။ အခိုးလွန်စွာပေါများသော ဓာတ်ငွေ့ ဖြစ်သည်။ ထိုဓာတ်ငွေ့ သည် လေထက်ငါးဆပို၍ လေးသည်။ အဆိုပါဓာတ်ငွေ့သည် ရေ၌ လွယ်ကူစွာ ပျော်ဝင်နိုင်ရာ ရေတကုဗစင်တီမီတာတွင် ကုဗစင်တီမီတာပေါင်း ၅ဝဝ ခန့်ရှိသော ဟိုက်ဒရိုဂျင်ကလိုရိုက် ဓာတ်ငွေ့ ပျော်ဝင်နိုင်လေသည်။

မီးတောင်များ၏ ဓာတ်ငွေ့များနှင့် မီးတောင်များရှိရာ ဒေသ များကို ဖြတ်၍ စီးဆင်းလာကြသော မြစ်ရေများအတွင်း၌ ဟိုက်ဒရိုကလောရစ်အက်ဆစ်ပါရှိသည်။ မူမှန်အတိုင်းဖြစ်လျှင် အစာအိမ်ရည် အတွင်း၌လည်း ဟိုက်ဒရိုကလောရစ် အက် ဆစ်သည် ရာခိုင်နှုန်း ဝ ့ ၂ မှ ဝ ့ ၄ အထိ ပါရှိလေသည်။ ထိုအက်ဆစ် ပါရှိခြင်းကြောင့် လူတို့ စားသောက်သည့် အစာ တွင် ပါရှိသော ဓာတ်သတ္တုပစ္စည်းများကို ကြေစေနိုင်ခြင်း ဖြစ်သည်။ ထိုမျှမကသေး ထိုအက်ဆစ်သည် အပုပ်နိုင်ဆေး အဖြစ်လည်း ဆောင်ရွက် ပေးသေးသည်။ အစာအိမ်ရည်အတွင်း ၌ ထိုအက်ဆစ် နည်းပါးသဖြင့် အစာမကြေသူများကို ဆရာဝန် များက ဟိုက်ဒရိုကလောရစ် အက်ဆစ်ပါသော ဆေးများကို ပေးလေ့ရှိကြသည်။

ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို ရောင်းကုန်ပစ္စည်းအဖြစ် ထုတ်လုပ်သောအခါတွင် ဆာလဖျူရစ် အက်ဆစ်နှင့် ဆိုဒီယမ် ကလိုရိုခေါ် ရိုးရိုးအိမ်သုံးဆားကို အသုံးပြုကြလေသည်။ ဟိုက်ဒရိုဂျင်နှင့် ကလိုရင်း တိုက်ရိုက် ပူးပေါင်းသောနည်း ကိုလည်း အသုံးပြုကြသည်။

ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို အက်ဆစ်များတွင် အပြင်းဆုံးအက်ဆစ်တစ်ခု ဖြစ်သည်ဟု ပြောခြင်းမှာ ထို အက်ဆစ်သည် အထကြွဆုံး အက်ဆစ်တစ်ခု ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သတ္တုအများအပြားကို ထိုအက်ဆစ်က သက်ဆိုင်ရာ သတ္တုကလိုရိုက်အဖြစ်သို့ ပြောင်းလဲစေပြီးလျှင် ဟိုက်ဒရိုဂျင်ကို လွတ်ထွက်စေသည်။ ဟိုက်ဒရိုကလောရစ် အက်ဆစ်သုံးဆနှင့် နိုက်ထရစ်အက်ဆစ် တဆရောလိုက်သောအခါ အက်ကွာရီးဂျား ဖြစ်လာပြီးလျှင် ထိုအက်ဆစ်သည် ရွှေနှင့်ပလက်တီနမ်များကို ပင်လျှင် ပျော်ဝင်စေနိုင်သည်။

ဟိုက်ဒရိုကလောရစ် အက်ဆစ်သည် ဆာလဖျူရစ် အက်ဆစ်နောက်တွင် ဈေးအပေါဆုံး ဖြစ်သည်။ အခြား ဓာတ် ပစ္စည်းများ ပြုလုပ်ရာတွင် ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို အနှံ့အပြား အသုံးပြုကြသည်။ သံရည်၊ သို့မဟုတ် သွပ်ရည် စိမ်လိုသော သံထည်နှင့် သံမဏိထည်ပစ္စည်းများကို ပထမ ဟိုက်ဒရိုကလောရစ် အက်ဆစ်ဖြင့် စင်ကျယ်သွားအောင် ဆေးကြောပေးကြရသည်။ စတာ့(ကစီ)မှ ဂလူးကို့ ပြုလုပ် ရာတွင်လည်း ဟိုက်ဒရိုကလောရစ် အက်ဆစ်ကိုပင် အသုံးပြု ကြရလေသည်။ ဆေးဆိုးရာနှင့် ဆိုးဆေးလုပ်ရာများတွင်လည်း ထိုအက်ဆစ်ကို အသုံးပြုကြရလေသည်။ အရိုးများမှကော်များ ပြုလုပ်ရာ၌လည်း ထိုအက်ဆစ်ကိုပင် အသုံးပြုကြလေသည်။ ရှေးအခါက ဆိုဒါစက်ရုံကြီးများမှ ရိုးရိုးအိမ်သုံးဆားနှင့် ဆာလဖျူရစ်အက်ဆစ်များဖြင့် ဆိုဒီယမ်ဆာလ ဖိတ်များကို ပြုလုပ်သောအခါ ဟိုက်ဒရိုကလောရစ်အက်ဆစ် ဓာတ်ငွေ့များ ကို လွတ်ထွက်ကုန်ခြင်းကြောင့် အနီးအနားရှိ ဟင်းသီး ဟင်းရွက်များကို ပျက်စီးစေသည့်အပြင် လူများကိုလည်း အနှောက်အယှက် ဖြစ်စေသဖြင့် ခေါင်းတိုင်မြင့်မြင့်ကြီးများကို ပြုလုပ်ပြီးလျှင် ထိုခေါင်းတိုင်မြင့်မြင့်များမှ ဓာတ်ငွေ့များကို ထွက်စေခဲ့ကြလေသည်။ သို့သော် ထိုနည်းသည်လည်း အဝေးရှိ စိုက်ခင်းများကို ပျက်စီးစေသောကြောင့် ထိုသို့ ဖြစ်ပေါ်လာ သော ဓာတ်ငွေ့များကို ရေတွင် ပျော်ဝင်စေပြီးလျှင် ဖြစ်ပေါ်လာ သည့် ဟိုက်ဒရိုကလောရစ် အက်ဆစ်များကို နီးရာမြစ်အတွင်း သို့ စွန့်ပစ်ခဲ့ကြလေသည်။ ထိုနည်းသည်လည်း မြစ်အတွင်းရှိ ငါးများကို သေကြေကုန်စေသဖြင့် အကန့်ကွက်ခံကြရပြန်သည်။ မကြာမီအတွင် ပုံနှိပ်သည့်ဘက်တွင် ပြောင်းလဲမှုများ ရှိလာ သဖြင့် စက္ကူကိုပို၍ လိုလာကြလေသည်။ စက္ကူပြုလုပ်ရန် အရောင်ချွန်ပြီး သစ်သားပျော့ဖတ် ကုန်ကြမ်းများ လိုလာလေ သည်။ ကလိုရင်းသည် အရောင်ချွတ်ရာ၌ အလွန်ကောင်းမွန် မှန်းကို သိကြရလေသည်။ ဆိုဒါလုပ်ငန်းကြီးများတွင် ဟိုက်ဒရို ကလောရစ် အက်ဆစ်မှ ကလိုရင်းဒြဗ်စင်ကို ထုတ်ယူရန် ကြိုးပမ်းကြရာ မကြာမီအတွင်း၌ ကလိုရင်းကို ထုတ်ယူနိုင် သည့် စရိတ်မကုန်သောနည်းကို တွေ့လာကြသဖြင့် ဟိုက်ဒရို ကလောရစ် အက်ဆစ်၏ပြဿနာသည် ဖြေရှင်း၍ သွားလေ တော့သည်။ [၄]

ကိုးကား

  1. ၁.၀ ၁.၁ Hydrochloric Acid။ 16 September 2010 တွင် ပြန်စစ်ပြီး။
  2. spirits of salt။ 29 May 2012 တွင် ပြန်စစ်ပြီး။
  3. William L. Jolly "Modern Inorganic Chemistry" (McGraw-Hill, 1984), p.177
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)