ဂွါတီမာလာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာကြောင်း ၆၅ - စာကြောင်း ၆၅ -
<references/>
<references/>


[[Category:နိုင်ငံ]]
[[Category:ဂွါတီမာလာနိုင်ငံ| ]]
[[Category:ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ]]
[[Category:ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ]]
[[Category:သမ္မတနိုင်ငံများ]]
[[Category:မြောက်အမေရိကတိုက်ရှိ နိုင်ငံများ]]

၀၇:၁၁၊ ၂၅ ဇူလိုင် ၂၀၁၇ ရက်နေ့က မူ

ဂွါတီမာလာ သမ္မတနိုင်ငံ
Republic of Guatemala
República de Guatemala (စပိန်)
ဂွါတီမာလာနိုင်ငံ၏ အလံတော်
အလံတော်
ဂွါတီမာလာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Country of the Eternal Spring"
နိုင်ငံတော် သီချင်း: 
ဂွါတီမာလာ နိုင်ငံတော်သီချင်း

ဂွါတီမာလာနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဂွါတီမာလာမြို့တော်
ရုံးသုံး ဘာသာစကားများစပိန်
အမျိုးအစားဖွဲ့စည်းပုံ အခြေခံ သမ္မတ အစိုးရ
အစိုးရ
• သမ္မတ
Otto Pérez Molina
• ဒုတိယသမ္မတ
Alejandro Maldonado Aguirre
တည်ထောင်
• လွတ်လပ်ရေး ကြေငြာခြင်း (စပိန်မှ)
စက်တင်ဘာ ၁၅ ၊ ၁၈၂၁
• လွတ်လပ်ရေး အသိအမှတ်ပြု
ဇူလိုင် ၂၅၊ ၁၈၅၀
ဧရိယာ
• စုစုပေါင်း
၄၁,၀၄၂ စတုရန်းမိုင် (၁၀၈,၈၉၀ km²) (အဆင့်: ၁၀၆)
• ရေထု (%)
၀.၄
လူဦးရေ
• ခန့်မှန်း
၁၅,၈၀၆,၆၇၅ [၁] (အဆင့် - ၆၆)
• သိပ်သည်းမှု
၁၂၉/km² (၃၄၈.၆/sq mi) (အဆင့် - ၈၅)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၇၈.၆၈၁ ဘီလီယံ [၂]
• Per capita
$၅,၂၀၈ [၂]
HDI၀.၆၂၈[၃]
အလယ် · ၁၂၅
ငွေကြေးကွက်ဇယ်
အချိန်ဇုန်-၆
တယ်လီဖုန်းကုဒ်+၅၀၂
Internet TLD.gt


ဂွါတီမာလာနိုင်ငံသည် အမေရိကတိုက် အလယ်ပိုင်းတွင် အရေးအကြီးဆုံးနှင့် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လေသည်။ မူလက ထိုနိုင်ငံသည် အမေရိကတိုက် အလယ်ပိုင်း ပြည်နယ် များအဖွဲ့တွင် ပါဝင်ခဲ့သော်လည်း ၁၈၃၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာခဲ့လေသည်။ လက်ရှိ အုပ်ချုပ်ပုံအခြေခံဥပဒေမှာ ၁၉၄၅ ခုနှစ်က အတည် ပြုခဲ့သော ဥပဒေဖြစ်သည်။

ဂွါတီမာလာနိုင်ငံမှာ မက္ကဆီကိုနိုင်ငံ၏ တောင်ဘက်နှင့် အယ်ဆာဗေဒိုနိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့၏ မြောက်ဘက်တွင် တည်ရှိသည်။ မီးတောင်ငယ် အများအပြား ပါဝင်သော ဆီယယ်ရာမက်ဒရီတောင်တန်းသည် ဂွါတီမာလာနိုင်ငံကို ပစိဖိတ်သမုဒ္ဒရာအနီးမှ အစပြု၍ အနောက်မြောက်ဘက်မှသည် အရှေ့တောင်ဘက်သို့ ဖြတ်သန်းလျက် တည်ရှိလေသည်။ ကျဉ်းမြောင်းသော အနောက်ပိုင်း ဆင်ခြေလျောဒေသမှာ မြေဩဇာ ထက်သန်၍ လူနေ အများဆုံးဒေသဖြစ်သည်။ အတ္တလန္တိတ် ကမ်းခြေဘက်တွင် တောင်များရှိ၍ မြောက်ဘက်တွင်ကား ပေတင်လွင်ပြင် ရှိသည်။ ဤနိုင်ငံတွင် ရေအိုင်များလည်း အများအပြားရှိသည်။

ဂွါတီမာလာနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄၂ဝ၄၂ ရှိ၍ လူဦးရေမှာ ၁၃,၂၇၆,၅၁၇ ဖြစ်သည်။ပင်လယ်ကမ်းရိုးတန်းမှာ ကယ်ရစ် ဘီယန်ပင်လယ်ဖက်တွင် မိုင် ၇ဝ ရှည်လျား၍ ပစိဖိတ် သမုဒ္ဒရာဖက်တွင် မိုင် ၂ဝဝ မျှ ရှည်လျားသည်။ ဂွာတီမားလနယ်ကို သဘာဝ အပိုင်းအခြားအားဖြင့် (၁) ပစိဖိတ်ကမ်းခြေ မြေနိမ့်ဒေသ၊ (၂) ဆီယမ်ရာမက်ဒရီအပ်ရှိ မီးတောင်ဒေသ၊ (၃) မြောက်ပိုင်းတောင်ကုန်းဒေသ၊ (၄) အတ္တလန္တိတ်ကမ်းခြေဖက်ရှိ တောင်တန်းဒေသနှင့် (၅) ပေတင် လွင်ပြင်ဟူ၍ ၅ ပိုင်း ခွဲခြားနိုင်၏။

ရာသီဥတုမှာ ကျန်းမာရေးနှင့် သင့်တင့်သော ရာသီဥတု ဖြစ်၏။ သို့ရာတွင် ကမ်းခြေပိုင်း၌ကား ရာသီဥတုအခြေအနေ မှာ အနည်းငယ် ဆိုးရွားလေသည်။ နှစ်စဉ် ရွာသွန်းသော ပျမ်းမျှမိုးရေချိန်မှာ ၆ လက်မ ဖြစ်၏။ ဂွါတီမာလာ နိုင်ငံမှာ မီးတောင်ပေါများသည့်ဒေသဖြစ်သော ကြောင့် မြေဩဇာကောင်းမွန်၍ စိုက်ပျိုးရေးများစွာ ဖြစ်ထွန်း ၏။ အချို့အရပ်ဒေသများတွင် ဂျုံကို တစ်နှစ်လျှင် ၂ သီး၊ ပြောင်းကို တစ်နှစ်လျှင် ၃ သီးအထိ စိုက်ပျိုး လုပ်ကိုင်ကြ သည်။ ကာဖီပင်များကိုလည် အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင် သည့်ပြင် ကိုကိုး၊ ကြံ၊ ငှက်ပျော၊ ဗနီလာ အမွှေးပင်တို့ကို လည်း စိုက်ပျိုးကြသည်။

ဂွါတီမာလာနိုင်ငံမှ ရွှေ၊ ငွေ၊ ခဲ၊ သံဖြူ၊ ကြေးနီ၊ ပြဒါး၊ လချေး စသော ဓာတ်သတ္တုများလည်း ထွက်၏။ သို့ရာတွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဂွါတီမာလာနိုင်ငံရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများမှာ ခရီးရောက်သင့်သလောက် မရောက်ခဲ့ချေ။ အခြားသော ထွက်ကုန်များမှာ ကာဖီ၊ ပျားရည်၊ ငှက်ပျောသီး၊ သကြား၊ ဂျုံ၊ ဝါဂွမ်း၊ ကြက်ပေါင်စေး၊ သစ်၊ ပြောင်း စသည်တို့ ဖြစ်လေသည်။ ၁၉၅၂ ခုနှစ် ကူးသန်း ရောင်းဝယ်ရေး စာရင်းအရ ထွက်ကုန် ရာခိုင်နှုန်း ၈၂ မှာ ကာဖီ ဖြစ်လေသည်။ ဆပ်ပြာ၊ အိမ်ထောင်ပရိဘောဂနှင့် အိုးလုပ်ငန်းများမှာ ဂွါတီမာလာ၏ လက်မှုလုပ်ငန်းများ ဖြစ် သည်။ ဂွါတီမာလာ၏ ရောင်းဝယ်ရေးဖောက်သည်မှာ အမေရိကန်နိုင်ငံပင် ဖြစ်သည်။

ဂွါတီမာလာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၆ဝ ကျော်ခန့်မှာ တိုင်းရင်းသား အရှေ့အိန္ဒိယလူမျိုးများ ဖြစ်၏။ ထိုလူမျိုး များ၏ ဒေသအလိုက် ပြောဆိုကြသော ဘာသာစကားမှာ အမျိုး ပေါင်း ၁၈ မျိုးခန့်ရှိ၍ အဝတ်အစား၊ ဓလေ့ထုံးစံတို့တွင်လည်း ကွဲပြားကြသည်။ အများဆုံး အသုံးပြုကြသော ဘာသာစကားမှာ စပိန်စကားဖြစ်သည်။ ဂွါတီမာလာနိုင်ငံသည် စပိန်လက်အောက် ခံ ပြည်နယ်ဘဝမှ ၁၈၂၁ ခုနှစ်တွင် လွတ်မြောက်ခဲ့၏။ ၁၈၃၉ ခုနှစ်တွင် အမေရိကတိုက် အလယ်ပိုင်း ပြည်နယ်များ အဖွဲ့ကို ဖျက်သိမ်းလိုက်သောအခါ ဂွါတီမာလာပြည်သည် သီးခြား သမ္မတနိုင်ငံ ဖြစ်လာလေသည်။ ဂွါတီမာလာနိုင်ငံ၏ မြို့တော် မှာ ဂွါတီမာလာမြို့တော်ဖြစ်သည်။ ဂွါတီမာလာ မြို့တော်ကို ၁၇၇၆ ခုနှစ်တွင် တည်ထောင်ခဲ့သော်လည်း ၁၉၁၇ ခုနှစ်တွင် မြေငလျင်လှုပ်သဖြင့် အကြီးအကျယ် ပျက်စီးသောကြောင့် အသစ်ပြန်၍ တည်ရသည်။ ပစိဖိတ်သမုဒ္ဒရာမှ မိုင် ၇ဝ ဝေးသော မြေဩဇာကောင်းမွန်သည့်အရပ်တွင် ဂွါတီမာလာ မြို့သည် တည်ရှိ၍ ပင်လယ်ရေမျက်နှာပြင်မှ ပေပေါင်း ၅ဝဝဝ မြင့်သည်။ မြို့တော်တွင် အမျိုးသားတက္ကသိုလ်များ ရှိလေသည်။


[၄]

ကိုးကား

  1. Instituto Nacional de Estadística 2014.
  2. ၂.၀ ၂.၁ International Monetary Fund 2013.
  3. United Nations 2011.
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)