စုဠာလင်္ကရဏတက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၆၆ - စာကြောင်း ၆၆ -
ချူလာလောင်ကွန်း တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ ပညာတော်သင်ဆုများစွာကို လျှောက်ထားနိုင်ကြပါတယ်။ ထူးခြားချက်အနေနဲ့ အာစီယံနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်ဆုများစွာရှိသလို ဥရောပနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်သင်ဆုအစီအစဉ်များလည်းရှိပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ဘာသာရပ် အသီးသီးမှ နိုင်ငံတကာဖွံ့ဖြိုးမှု လေ့လာရေး မဟာဘွဲ့သင်တန်းကို ဂျာမနီနိုင်ငံမှ ဟိန်းနရစ်ချ်ဘော ဖောင်ဒေးရှင်းရဲ့ ပညာတော်သင်ဆု ထောက်ပံ့ပေးမှုအဖြစ် နှစ်စဉ်ပေးအပ်နေမှုများလည်း ရှိတဲ့အတွက် မြန်မာကျောင်းသားများအနေနဲ့ ချူလာလောင်ကွန်းတက္ကသိုလ် ပညာတော်သင်ဆုများကို လျှောက်ထားနိုင်ဖို့ အခွင့်အရေးများလည်းရှိနေပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဘာသာရပ်တွေကို ထိုင်းဘာသာနဲ့ အဓိက သင်ကြား နေသော်လည်း တချို့ ဘာသာရပ်များကိုတော့ အင်္ဂလိပ်ဘာသာတွေနဲ့ သင်ကြားပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားတဲ့ ပရိုဂရမ်ကို သင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ IELTS ရမှတ် ၅ ကျော်ဖို့လည်းလိုအပ် ပါတယ်။

၁၀:၂၉၊ ၁၄ ဇွန် ၂၀၁၇ ရက်နေ့က မူ

ချူလာလောင်ကွန်းတက္ကသိုလ်
Chulalongkorn University
จุฬาลงกรณ์มหาวิทยาลัย
Knowledge with Virtue
{{{အမည်}}}
တည်ထောင်ခုနှစ် 1917
ပါမောက္ခချုပ် Professor Pirom Kamol-Ratanakul, M.D.
ဘွဲ့ကြို ၂၄,၈၅၁ ယောက်
ဘွဲ့လွန် ၉,၄၅၈ ယောက်
တည်နေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့
အထိမ်းအမှတ်အရောင် ပန်း
ဝဘ်ဆိုတ် chula.ac.th

အာရှဒေသတွင်းမှာ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) ကို ၁၉၁၇ ခုနှစ်မှာ တည်ထောင်ပြီး ထိုင်းနိုင်ငံမှာ ရှေးအကျဆုံးနဲ့ ခေတ်သစ်ပညာရေးစနစ်မှာ ပထမဆုံး အဆင့်မြင့်ပညာ စတင်ဆည်းပူးရာနေရာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ CU လို့ အတိုကောက်ခေါ်ဝေါ်လေ့ရှိကြတဲ့ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) ဟာ ၄၅၆ဧက ကျယ်ဝန်းပြီး မြက်ခင်းစိမ်းများ မိုးမခပင်ကြီးများ ရှေးဟောင်းအဆောက်အအုံများနဲ့ ခေတ်သစ်အဆောက်အအုံများရှိတဲ့ ဒီတက္ကသိုလ်ကြီးကို ၁၉၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇီရဗုဓ်က တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံမှာ ရှေးအကျဆုံးနဲ့ ခေတ်သစ် ပညာရေး စနစ်မှာ ပထမဆုံးအဖြစ် အဆင့်မြင့် ပညာဆည်းပူးရာနေရာ ဖြစ်ပါတယ်။

သမိုင်းကြောင်း

ထိုင်းနိုင်ငံရဲ့ ဆဋ္ဌမမြောက် ရာမဘုရင် ဝဇီရဗုဓ်က သူ့ရဲ့ခမည်းတော်ဖြစ်တဲ့ ပဉ္စမြောက် ရာမဘုရင် ချူလာလောင်ကွန်းကို ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ ဘုရင် ချူလာလောင်ကွန်းဟာ ၁၉၀၂ ခုနှစ်က နန်းတော်မှာ တော်ဝင် လူငယ်သင်တန်းကျောင်း (The Grand Palace of Thailand) ကို တည်ထောင်ခဲ့ပြီး အဆိုပါကျောင်းဟာ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစီမံကိန်းရဲ့ အစအဦးလို့ဆိုနိုင်ပါတယ်။ ၁၉ ရာစုမှာတော့ ထိုင်းနိုင်ငံအနေနဲ့ ဗျူရိုကရေစီစနစ်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်လာတဲ့ အခြေအနေကိုရင်ဆိုင်ရတဲ့အခါမှာ အထူးသဖြင့် ပဒေသရာဇ်စနစ်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းကနေ ခေတ်သစ်နိုင်ငံအဖြစ် ထူထောင်ဖို့ ထိုင်းနိုင်ငံသားတွေက ဆန္ဒရှိတာကြောင့် ဘုရင် ချူလာလောင်ကွန်းက ဝန်ထမ်းလေ့ကျင့်ရေးကျောင်း (The Civil Service College)ကို ထူထောင်ပြီး တော်ဝင်နန်းတော်မှာ တာဝန်ထမ်းဆောင်ဖို့ လူငယ်တွေ မွေးထုတ်ခဲ့ပါတယ်။

အဆိုပါ စီမံကိန်းဟာ ကြီးထွားလာခဲ့ပြီး ဘုရင် ဝဇီရဝုဓ် လက်ထက်မှာတော့ ဝန်ထမ်းလေ့ကျင့်ရေး ကျောင်းဆိုတဲ့ နာမည်မှနေပြီး ဘုရင် ချူလာလောင်ကွန်း ဝန်ထမ်းကောလိပ် (Civil Service College of King Chulalongkorn CSCKC) ဆိုပြီး အမည်ပြောင်း လိုက်ပါတယ်။ အဆိုပါ ဝန်ထမ်းကောလိပ်ကို ရော့ခ်ကဖဲလား ဖောင်ဒေးရှင်း အကူအညီနဲ့ ပညာရေးစနစ်ဖွံ့ဖြိုးအောင် အဓိက လုပ်ဆောင်ခဲ့ပြီး ခေတ်နဲ့အညီ သင့်လျှော်တဲ့ သင်ရိုးညွှန်းတမ်းများကို ချမှတ်နိုင်ခဲ့ပါတယ်။

ဖခင်ဘုရင်ကြီး ချူလာလောင်ကွန်းနတ်ရွာစံပြီးနောက် သားတော် ဝဇီရဗုဓ် နန်းတက်ပြီးနောက် ၁၉၁၇ခုနှစ်မှာ ချူလာလောင်ကွန်း ဝန်ထမ်းကောလိပ်ကို ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University)လို့ အမည်ပြောင်းကြောင်း ကြေညာခဲ့ပြီး ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ် ဖြစ်ပေါ်ဖို့နဲ့ လူတန်းစားမရွေး ခေတ်ပညာများကို သင်ယူနိုင်အောင် စီစဉ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပေါ်မှာ ရှိနေတဲ့ ခေတ်ပညာသင်ကြားနေတဲ့ ကျောင်းများကို စုစည်းခဲ့ပြီး ဘုရင် ဝဇီရာဗုဓ်ကိုယ်တိုင် သူ့ရဲ့ ကိုယ်ပိုင်ငွေများကို စိုက်ထုတ်ခဲ့ပြီး တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ပါတယ်။

၁၉၄၃ ခုနှစ်မှာတော့ ဗိုလ်ချုပ် ပိုင်ဘွန်းက ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးပညာနဲ့ တိရစ္ဆာန် ဆေးသိပံ္ပ မဟာဌာနများကို ခွဲထုတ်ခဲ့ပြီး ချူလာလောင်ကွန်း ဆေးသိပံ္ပ တက္ကသိုလ်လို့ အမည်ပေးခဲ့သော်လည်း အဲဒီတက္ကသိုလ်ဟာ အခုအခါမှာတော့ မဟီဒေါ တက္ကသိုလ်ဆိုပြီး သီးခြား ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဆေးပညာရပ်တွေ ပြန်လည်သင်ကြားပေးခတဲ့တာ ယနေ့အချိန်ထိပါပဲ။

ချူလာလောင်ကွန်း တက္ကသိုလ်က ဘွဲ့ရရှိသူတွေကို ထိုင်းဘုရင်တွေကိုယ်တိုင် ဘွဲ့လက်မှတ် ပေးအပ်ချီးမြှင့်တဲ့ အလေ့အထကို သတ္တမမြောက် ရာမဘုရင် ပရာဂျာဓိပေါက် လက်ထက်မှာ စတင်ခဲ့ပါတယ်။

လက်ရှိ နဝမမြောက် ရာမဘုရင် ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက်လက်ထက်မှာလည်း ဆက်လက် ပေးအပ်ခဲ့ပေမယ့် ဘုရင်ကြီး ကျန်းမာရေး ချွတ်ယွင်းတဲ့အတွက် ယခုအခါမှာတော့ သမီးတော် ချက်ကရီ သီရီဒုံက တက်ရောက် ပေးအပ်နေပါတယ်။

ပရိဝုဏ်

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ပရိဝုဏ်အားလုံးဟာ ဘန်ကောက်မြို့တော်မှာပဲ ရှိပါတယ်။ အဆောက်အအုံများဟာ ၁၉ရာစုလက်ရာများသာမက ဘုရင့်တက္ကသိုလ်ဖြစ်တဲ့အားလျှော်စွာ ခမ်းနားထည်ဝါတဲ့ အဆောက်အအုံများသာမက ခေတ်သစ်ဗိသုကာပညာရှင်များရဲ့ လက်ရာများစွာရှိပါတယ်။

ဌာနများ

ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၁၉၁၇ခုနှစ်က ဝိဇ္ဇာသိပ္ပံမဟာဌာန (Arts and Sciences)၊ ပြည်သူ့စီမံခန့်ခွဲရေးမဟာဌာန (Public Administration)၊ အင်ဂျင်နီယာမဟာဌာန (Engineering)၊ နှင့် ဆေးသိပ္ပံမဟာဌာန (Medicine) စတဲ့ မဟာဌာန လေးခုသာရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ပညာရပ်ဆိုင်ရာ မဟာဌာနပေါင်း ၁၉ ခု၊ စိုက်ပျိုးရေးကျောင်း ၁ ကျောင်း၊ ကောလိပ် ၃ ခု၊ အင်စတီကျု ၁၀ ခုနဲ့ ဆရာအတတ်သင်ကျောင်း ၁ ကျောင်း ရှိပါတယ်။

ကျောင်းဝင်ခွင့်

ချူလာလောင်ကွန်း တက္ကသိုလ်ဟာ ဘာသာရပ်၊ ပညာရပ်တိုင်းနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ထိပ်တန်း တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားများအဖို့ ချူလာလောင်ကွန်း တက္ကသိုလ်ဝင်ခွင့်ရဖို့ အတွက် အထက်တန်းကျောင်း မှာကတည်းက အောင်မှတ်အမြင့်ဆုံးရဖို့ လိုပါတယ်။ အထက်ကျောင်းများမှာ Top Ten ဝင်တဲ့ သူတွေကိုသာ ချူလာလောင်ကွန်း တက္ကသိုလ်က ရွေးချယ် လက်ခံလေ့ရှိပါတယ်။

ထိုင်းနိုင်ငံသား ကျောင်းသားများအတွက် ကျောင်းဝင်ခွင့်ပုံစံကို အုပ်စု ၂ ခု ခွဲထားပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ်များမှ ကျောင်းသားများအုပ်စုနဲ့ ထိုင်းနိုင်ငံရဲ့ အခြားနေရာများ အုပ်စုတို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များဟာ ဖွံ့ဖြိုးမှုအားနည်းတာကြောင့် မြောက်ပိုင်းသားများအတွက် ဝင်ခွင့်ပုံစံနဲ့ အခြားနေရာများမှ ကျောင်းသားများဝင်ခွင့်ပုံစံတို့ကို ခွဲခြားထားခြင်းပဲဖြစ်ပါတယ်။ ဒီလိုခွဲခြားထားတဲ့အတွက် ဖွံ့ဖြိုးမှုအတိုင်းအတာ ညီမျှသွားစေမယ်လို့ ယုံကြည်ထားတဲ့အတွက်ပါ။

ဝတ်စုံ

ချူလာလောင်ကွန်း တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားရတဲ့ ကျောင်းသားများအနေနဲ့ ဆင်တူယူနီဖောင်းများကို ဝတ်ဆင်ရလေ့ရှိပြီး ကျောင်းသား၊ ကျောင်းသူများကလည်း ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ကြတာပါ။ ထိုင်းနိုင်ငံမှ ကျောင်းသားများအနေနဲ့ အကျီအဖြူရောင်၊ ဘောင်းဘီရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပြီး ကျောင်းသူများအနေနဲ့ အကျီအဖြူရောင်၊ စကတ်အရှည် နက်ပြာရောင်ကို ဝတ်ဆင်ရပါတယ်။ စကတ်အနေအထားတိုခဲ့ပါက ပြစ်ဒါဏ်ခံရလေ့ရှိပါတယ်။

အားကစားပြုလုပ်ချိန်များ၊ လက်တွေ့ကွင်းဆင်းရတဲ့ စာသင်ချိန်များမှာတော့ တီရှပ်အဖြူရောင်ကို ဝတ်ဆင်ခွင့်ပေးထားပါတယ်။ နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက်လည်း ယူနီဖောင်းဝတ်ဆင်ရမှု မရှိပေမဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို ထားရှိထားပါတယ်။

ပညာသင်ဆု

ချူလာလောင်ကွန်း တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ ပညာတော်သင်ဆုများစွာကို လျှောက်ထားနိုင်ကြပါတယ်။ ထူးခြားချက်အနေနဲ့ အာစီယံနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်ဆုများစွာရှိသလို ဥရောပနိုင်ငံများမှ ကျောင်းသားများအတွက် ပညာတော်သင်ဆုအစီအစဉ်များလည်းရှိပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ဘာသာရပ် အသီးသီးမှ နိုင်ငံတကာဖွံ့ဖြိုးမှု လေ့လာရေး မဟာဘွဲ့သင်တန်းကို ဂျာမနီနိုင်ငံမှ ဟိန်းနရစ်ချ်ဘော ဖောင်ဒေးရှင်းရဲ့ ပညာတော်သင်ဆု ထောက်ပံ့ပေးမှုအဖြစ် နှစ်စဉ်ပေးအပ်နေမှုများလည်း ရှိတဲ့အတွက် မြန်မာကျောင်းသားများအနေနဲ့ ချူလာလောင်ကွန်းတက္ကသိုလ် ပညာတော်သင်ဆုများကို လျှောက်ထားနိုင်ဖို့ အခွင့်အရေးများလည်းရှိနေပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဘာသာရပ်တွေကို ထိုင်းဘာသာနဲ့ အဓိက သင်ကြား နေသော်လည်း တချို့ ဘာသာရပ်များကိုတော့ အင်္ဂလိပ်ဘာသာတွေနဲ့ သင်ကြားပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားတဲ့ ပရိုဂရမ်ကို သင်ကြားလိုတဲ့ ကျောင်းသားများအနေနဲ့ IELTS ရမှတ် ၅ ကျော်ဖို့လည်းလိုအပ် ပါတယ်။

ကျောင်းလခအနေနဲ့ သင်ယူတဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွဲပြားမှုတွေရှိသော်လည်း အချိန်ပြည့်သင်တန်းကို တက်ရောက်မဲ့ ဘွဲ့ကြိုကျောင်းသားများအတွက် စီမစ်စတာ (Semester) တစ်ခုလျှင် ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံအစရှိသော ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၄ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များအတွက် ထိုင်းဘတ် ၁သောင်း ၈ထောင်ခန့်၊ နိ်ုင်ငံတကာကျောင်းသားများအတွက်ကတော့ ဝိဇ္ဇာသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ အစရှိသော ဘာသာရပ်များ အတွက်ထိုင်းဘတ် ၅သောင်း ၉ထောင်ခန့်၊ ဆေးသိပ္ပံအပါအဝင် အင်ဂျင်နီယာ ဘာသာရပ်များ အတွက် ထိုင်းဘတ် ၆သောင်း ၂ထောင်ခန့် ကုန်ကျမှာပါ။

ထူးခြားထင်ရှားသူများ

ချူလာလောင်ကွန်း တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တာတွေရှိပြီး အမေရိကန် သမ္မတ ၂ ဦး ဖြစ်တဲ့ လင်ဒန် ဂျွန်ဆင်နဲ့ ဘီလ် ကလင်တန် တို့ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့လို နိုဘယ်ငြိမ်းချမ်းဆုရှင် နယ်လ်ဆင် မင်ဒဲလား ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်ကျောင်းသားဟောင်းတွေထဲမှာ ထင်ရှားသူတွေကတော့ လက်ရှိ ထိုင်းနိုင်ငံဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ရဲ့ ခမည်းတော် မဟီဒေါ အဒူလျာဒက်၊ ထိုင်းနိုင်ငံမင်းသမီး မဟာ ချက်ကရီ သီရိဒုံ၊ အရှေ့တောင်အာရှ စာရေးဆရာဆု ၂ ကြိမ်ရ ဝင်း လိုင်ယိုဗာရင်၊ ထိုင်းနိုင်ငံဘောလုံးသမား အကျော်အမော် ကီယာတီဆက်၊ ထိုင်းရဲ့ ချေဂွေဗားရားလို့ တင်စားကြတဲ့ ချစ် ဖူမီဆက် စသူတို့ ပါဝင်ပါတယ်။

အဆင့်သတ်မှတ်ချက်

၂၀၁၄/၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ ချူလာလောင်ကွန်း တက္ကသိုလ်ဟာ ကမ္ဘာ့မှာ အဆင့်၂၄၃ ရှိပြီး အာရှဒေသတွင်း အဆင့် ၅၃ရှိပါတယ်။