ဗို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -
ဗို့(Volt)သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် [[https://en.wikipedia.org/wiki/International_System_of_Units SI]] စနစ်(သင်္ကတ:V)ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။အီတလီ ရူပဗေဒပညာရှင် [[အလက်ဇန်ဒရိုဗိုလတာ]] (1745–1827) ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ (လျှပ်စစ်ဓါတ် တွန်းဖိသောအား)
ဗို့(Volt)သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် [[https://en.wikipedia.org/wiki/International_System_of_Units SI]] စနစ်(သင်္ကတ:V)ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။အီတလီ ရူပဗေဒပညာရှင် [[အလက်ဇန်ဒရိုဗိုလတာ]] (1745–1827) ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ (လျှပ်စစ်ဓါတ် တွန်းဖိသောအား)
==လျှပ်စစ်သင်္ကေတ==
ဗို့ကို (E) သို့မဟုတ် (Volt) ဟု သတ်မှတ်သည်။


== အဓိပ္ပါယ် ဖွင့်ဆိုမှု ==
== အဓိပ္ပါယ် ဖွင့်ဆိုမှု ==

၀၈:၄၄၊ ၁၄ မေ ၂၀၁၇ ရက်နေ့က မူ

ဗို့(Volt)သည် လျှပ်စစ်တွန်းအား၊လျှပ်စစ်တွန်းအားခြားနားချက်၊လျှပ်စစ်ဖိအား တို့အတွက် [SI] စနစ်(သင်္ကတ:V)ဖြင့် သတ်မှတ်ထားသော အရာဖြစ်သည်။အီတလီ ရူပဗေဒပညာရှင် အလက်ဇန်ဒရိုဗိုလတာ (1745–1827) ကို ဂုဏ်ပြုပြီး သတ်မှတ်ထားသော အမည်ဖြစ်သည်။ (လျှပ်စစ်ဓါတ် တွန်းဖိသောအား)

လျှပ်စစ်သင်္ကေတ

ဗို့ကို (E) သို့မဟုတ် (Volt) ဟု သတ်မှတ်သည်။

အဓိပ္ပါယ် ဖွင့်ဆိုမှု

ဆင်ဂဲလ်ဗို့ ကိုသတ်မှတ်သည်မှာ လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက် ကိုဆင်ဂဲလ်ဗို့ဟု သတ်မှတ်သည်။အခြားနည်းတစ်ခုဖြင့် တစ်မီတာအကွာအဝေးတွင်အပြိုင်လိုက်ရှိနေသော မျက်နှာပြင်နှစ်ခုမှ ဖြစ်ပေါ်စေသော သံလိုက်စက်ကွင်းသည် တစ်ကူးလောင့်တွင် တစ်နယူတန် ရှိခဲ့လျှင် ဟုလည်းသတ်မှတ်သည်။ထို့အပြင် အမှတ်နှစ်ခုကြားရှိ တွန်းအားခြားနားချက် သည် ၎င်းအမှတ်နှစ်ခုကြား ဖြတ်စီးသောလျှပ်စစ် တစ်ကူးလောင့်ဘ်တွင် စွမ်းအင်ပမာဏ တစ် ဂျိုးကို ပေးနိုင်လျှင် ဟုလည်းသတ်မှတ်သည်။SI ယူနစ်သတ်မှတ်ချက်ဖြင့် -

.

ထို့ပြင် ၎င်းကို လျှပ်စီးနှင့်အုမ်း၊အမ်ပီယာနှင့်ဝပ်၊ကူးလောင့်ဘ်နှင့်ဂျိုး တို့ကိုလိုက်၍ တွက်ချက်နိုင်သေးသည်။

.

ဗို့အားနှင့် လျှပ်စီးများကို ထင်သာစေရန် ရေပိုက်အတွင်း ရေစီးသည့်ဥပမာဖြင့်လည်းတင်စား ပြောဆိုကြသည်။ပိုက်အတွင်း ရေစီးဆင်းရန် တွန်းသည့်ဖိအားသည် ဗို့ နှင့်တူပြီး စီးဆင်းသွားသည့် ရေသည် လျှပ်စီးနှင့်တူသည်။ရေဖိအားများလေ ရေအဝေးသို့ပိုရောက်လေဖြစ်သည်။

သမိုင်းကြောင်း

၁၈၈၀ တွင် ဓာတုနည်းဖြင့် လျှပ်စစ်ထုတ်ယူမှုကို Luigi Galvani ၏ လျှောက်လဲတင်သွင်းမှုအပေါ် သဘောထားကွဲလွဲကြပြီးနောက် အလက်ဇန်ဒရိုဗိုလတာ သည် ဘက္ထရီတို့၏ ရှေ့ပြေးပုံစံဖြစ်လာမည့် တည်ငြိမ်လျှပ်စစ်ကိုထုတ်ပေးနိုင်သော Voltaic pile ကို တီထွင်ခဲ့သည်။လျှပ်စစ်ထုတ်ယူရန် ဇင့် နှင့် ငွေ အတွဲတို့သည် အကျိုးရှိသည်ကိုလည်း အလက်ဇန်ဒရိုဗိုလတာ တွေ့ရှိခဲ့သည်။၁၈၈၀ နှစ်များအတွင်း အပြည်ပြည်ဆိုင်ရာလျှပ်စစ်ကွန်ဂရက် (ယခု IEC-International Electrotechnical Commission)မှ လျှပ်စစ်ရွေ့လျားစွမ်းအားကို ဗို့ ဟုသတ်မှတ်ခဲ့သည်။ထိုအချိန်က ဗို့ကို လျှပ်ကူးဝါယာတစ်ချောင်း၏ အမှတ်နှစ်ခုကြားတွင် လျှပ်စီး တစ်အင်ပီယာသည် စွမ်းအား တစ်ဝပ် ကို အသုံးပြုဆုံးရှုံးစေလျှင် ၎င်းအမှတ်နှစ်ခုကြားရှိ လျှပ်စစ်တွန်းအားခြားနားချက်(ယခု ဗို့) ဟုသတ်မှတ်ခေါ်ဆိုခဲ့ကြသည်။

စံ အသုံးပြု သတ်မှတ်ချက်

စံသတ်မှတ်ထားသော ဗို့များ-

  • ဆဲလ်တစ်ခုပါ အားပြန်သွင်းနိုင်သော ဓါတ်ခဲ(သို့)ဘက်ထရီ (NiMH or NiCd) =၁.၂ ဗို့
  • ဆဲလ်တစ်ခုပါ အားပြန်မသွင်းနိုင်သော ဓါတ်ခဲ(သို့)ဘက်ထရီ= (e.g., AAA, AA, C and D cells): alkaline battery: 1.5 V; zinc-carbon battery: 1.56 V if fresh and unused
  • အားပြန်သွင်းနိုင်သော ဓါတ်ခဲ(သို့)ဘက်ထရီ LiFePO4 =၃.၃ ဗို့
  • အားပြန်သွင်းနိုင်သော ဓါတ်ခဲ(သို့)ဘက်ထရီ Lithium polymer= ၃.၇၅ ဗို့ (see Rechargeable battery#Table of rechargeable battery technologies)
  • Transistor-transistor logic/CMOS (TTL) ပါဝါဆပ်ပလိုင်း= ၅ ဗို့
  • USB: ၅ ဗို့ ဒီစီ
  • PP3 ဘက်ထရီ: ၉ ဗို့
  • ကား ယာဉ်ငယ်များတွင် အသုံးပြု လျှပ်စစ်စနစ်= ပုံမှန် ၁၂ ဗို့၊ အားသုံးနေချိန် ၁၁.၈ ဗို့ အထက်၊ အားသွင်းပြီးချိန် ၁၂.၈ ဗို့၊အားသွင်းနေချိန် ၁၃.၈-၁၄.၄ဗို့ (ယာဉ်မောင်းနေစဉ်)
  • ကား ယာဉ်ကြီး များတွင် ၂၄ ဗို့ (ဥရောပ)၊၁၂ ဗို့ (မြောက်အမေရိက)
  • အိမ်သုံး အေစီ လျှပ်စစ်တွင် =
    • ဂျပန်တွင် ၁၀၀ ဗို့
    • မြောက်အမေရိကတွင် ၁၂၀ ဗို့
    • ဥရောပ၊အာရှနှင့် အာဖရိက တွင် ၂၃၀ ဗို့
  • အမြန်ရထားများ=၆၀၀-၇၀၀ ဗို့
  • အထက်အမြင့်မှ ပါဝါပေး အမြန်ရထားများ= ဖရီကွင်စီ ၅၀ တွင် ၅၀ ကီလိုဗို့ နှင့် ဖရီကွင်စီ ၆၀ တွင် ၂၅ ကီလိုဗို့
  • ဗို့အားမြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးတွင်=၁၁၀ ကီလိုဗို့ နှင့်အထက်
  • မိုးကြိုးများတွင်=သာမန်အများအားဖြင့် ၁၀၀ မက်ဂါဗို့ (ပြောင်းလဲမှုရှိ)