တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Created by translating the page "Pelvic inflammatory disease"
(ကွဲပြားမှု မရှိ)

၀၃:၅၀၊ ၈ မေ ၂၀၁၇ ရက်နေ့က မူ

တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ (Pelvic inflammatory disease, pelvic inflammatory disorder, PID)ဆိုသည်မှာ သားအိမ်(uterus)၊ သားအိမ်ပြွန်(fallopian tubes)၊ မျိုးဥအိမ်(ovaries)စသော အမျိုးသမီးမျိုးပွားအင်္ဂါ(female reproductive system)အပေါ်ပိုင်းနှင့် တင်ပါးဆုံရိုးအတွင်းတွင် ရောဂါပိုးကူးစက်ခံရခြင်းဖြစ်သည်။[၁][၂] ဤရောဂါသည် အများအားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါ။[၃] အကယ်၍ ရောဂါလက္ခဏာပေါ်လာပါက ဝမ်းဗိုက်အောက်ပိုင်းနာကျဉ်ခြင်း၊ မိန်းမကိုယ်မှအရည်အချွဲဆင်းခြင်း(vaginal discharge)၊ ကိုယ်ပူချိန်တက်ခြင်း၊ ဆီးသွားလျှင် ပူလောင်ခြင်း၊ လိင်ဆက်ဆံရာတွင် နာကျဉ်ခြင်းနှင့် ရာသီမမှန်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးဝါးကုသမှုမခံယူပါက ကလေးမရခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း (ectopic pregnancy)၊ ရေရှည်တင်ပါဆုံးရိုးအတွင်းနာကျဉ်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်တတ်သည်။[၄][၅]

တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါသည် သားအိမ်လမ်းကြောင်း(vagina)နှင့် သားအိမ်ခေါင်း(cervix)ကို ဘက်တီးရီးယားရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားသူ (၇၅)မှ (၉၀)ရာခိုင်နှုန်းခန့်တွင် နိုင်စီးရီးယား ဂနိုရီရေး(Neisseria gonorrhoeae) သို့မဟုတ် ကလမ်မိုင်းဒီးယား ထရာခိုမတစ်စ်(Chlamydia trachomatis) ရောဂါပိုးများကြောင့် ဖြစ်သည်။ များသောအားဖြင့် ရောဂါပိုးအများအပြား ရောနှော၍လည်း ဖြစ်တတ်သည်။ ကလမ်မိုင်းဒီးယားပိုးကြောင့်ဖြစ်သော ဆေးကုသမှုမခံယူသည့် (၁၀)ရာခိုင်နှုန်းခန့်နှင့် ဂနိုရီးယားပိုးကြောင့်ဖြစ်သော (၄၀)ရာခိုင်နှုန်းခန့်သည် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါဖြစ်တတ်သည်။[၆] လူအများအပြားနှင့် လိင်ဆက်ဆံသူများနှင့် ဆေးစွဲနေသူများတွင် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါနှင့် လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ(sexually transmitted infections) ဖြစ်နိုင်သည်။ သားအိမ်ဆေး(Vaginal douching)သူများတွင်လည်း ဤရောဂါဖြစ်ပွားနိုင်နှုန်းမြင့်ကြောင်း တွေ့ရှိရသည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်အမျိုးအမီးများအားလုံးတွင် ဝမ်းဗိုက်အောက်ပိုင်း နာကျဉ်ခြင်းဖြစ်ပါက ဤရောဂါကို ထည့်သွင်းစဉ်းစားသင့်သည်။ ခွဲစိတ်ခြင်းပြုလုပ်ပါက သားအိမ်ပြွန်ရှိ ပြည်(pus)ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် သေချာသောရောဂါရှာဖွေမှုပြုလုပ်နိုင်သည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖမ်းခြင်း(Ultrasound)ဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်သည်။

တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း သို့မဟုတ် လိင်ဆက်ဆံသည့်အဖော်များ အနည်းငယ်သာထား၍ ကွန်ဒုံးကို အသုံးပြုသင့်သည်။[၇] ဖြစ်နိုင်ခြေရှိသည့်အမျိုးသမီးများကို ကလမ်မိုင်းဒီးယားပိုး စစ်ဆေး၍ လိုအပ်သောဆေးကုသမှုပေးခြင်းဖြင့် ဤရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။ အကယ်၍ ဤရောဂါဖြစ်သည်ဟု သံသယရှိပါက ဆေးကုသမှုပေးရန် အကြံပြုထားသည်။ ရောဂါဖြစ်ပွားသူအမျိုးသမီး၏ လိင်ဆက်ဆံဖော်များကိုလည်း ဆေးကုသရန်လိုအပ်သည်။[၈] ရောဂါမပြင်းထန်သူများတွင် ပဋိဇီဝဆေး စက်ဖ်ထရီရာဇုန်း(ceftriaxone) တစ်ကြိမ်ထိုး၍ ဒေါက်စီစိုင်ကရင်း(doxycycline) နှစ်ပတ်ပေးခြင်းဖြင့် ကုသနိုင်သည်။ ဆေးကုသမှုခံယူပြီး သုံးရက်နေသော်လည်း မသက်သာသူများ သို့မဟုတ် ရောဂါပြင်းထန်သူများကို ပဋိဇီဝဆေးအကြောဆေးထိုးသွင်းပေးသင့်သည်။[၉]

(၂၀ဝ၈)ခုနှစ်တွင် လူပေါင်း (၁၀၆)သန်းခန့် ကလမ်မိုင်းဒီးယားပိုး ကူးစက်ခံခဲ့ရပြီး (၁၀၆)သန်းခန့် ဂနိုရီးယားပိုးကြောင့် ရောဂါဖြစ်ပွားခဲ့သည်။ တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါဖြစ်သော လူဦးရေအားလုံးပေါင်းကိုတော့ သေချာစွာမသိနိုင်သော်လည်း တစ်နှစ်လျှင် အမျိုးသမီးငယ်ပေါင်း (၁.၅)ရာခိုင်နှုန်းခန့် ရောဂါဖြစ်ပွားသည်ဟု ခန့်မှန်းနိုင်သည်။[၁၀] အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်းတစ်သန်းခန့် ဖြစ်ပွားလေ့ရှိသည်။[၁၁] (၁၉၇၀)နှစ်ပိုင်းတွင် သားအိမ်အတွင်းတွင် ပစ္စည်းထည့်၍ ကိုယ်ဝန်တားသူများ(intrauterine device IUD)တွင် ဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သည်။ ယခုလက်ရှိအသုံးပြုနေသော ပစ္စည်းများတွင်တော့ တစ်လကျော်သွားပါက ဤရောဂါဖြစ်ပွားနိုင်ခြေ မရှိတော့ပါ။

References

  1. "Pelvic Inflammatory Disease" (21 May 2015). New England Journal of Medicine 372 (21): 2039–2048. doi:10.1056/NEJMra1411426. PMID 25992748. 
  2. "Pelvic inflammatory disease: current concepts in pathogenesis, diagnosis and treatment." (December 2013). Infectious disease clinics of North America 27 (4): 793–809. doi:10.1016/j.idc.2013.08.004. PMID 24275271. 
  3. Pelvic Inflammatory Disease (PID) Clinical Manifestations and Sequelae (October 2014)။ February 21, 2015 တွင် ပြန်စစ်ပြီး။
  4. "Role of Bacteria in Oncogenesis" (2010). Clinical Microbiology Reviews 23 (4): 837–857. doi:10.1128/CMR.00012-10. ISSN 0893-8512. PMID 20930075. 
  5. "Prevalence of Mycoplasma Conserved DNA in Malignant Ovarian Cancer Detected Using Sensitive PCR–ELISA" (1996). Gynecologic Oncology 63 (2): 258–260. doi:10.1006/gyno.1996.0316. ISSN 0090-8258. PMID 8910637. 
  6. Global incidence and prevalence of selected curable sexually transmitted infections - 2008 2, 19 (2012)။ February 22, 2015 တွင် ပြန်စစ်ပြီး။
  7. Pelvic Inflammatory Disease (PID) Patient Counseling and Education။ Centers for Disease Control (October 2014)။ February 21, 2015 တွင် ပြန်စစ်ပြီး။
  8. Pelvic Inflammatory Disease (PID) Partner Management and Public Health Measures။ Centers for Disease Control (October 2014)။ February 21, 2015 တွင် ပြန်စစ်ပြီး။
  9. 2010 STD Treatment Guidelines Pelvic Inflammatory Disease။ Centers for Disease Control (August 15, 2014)။ February 22, 2015 တွင် ပြန်စစ်ပြီး။
  10. "Acute Pelvic Inflammatory Disease" (2008). Glob. libr. women's med.. doi:10.3843/GLOWM.10029. ISSN 1756-2228. 
  11. Self-Study STD Modules for Clinicians — Pelvic Inflammatory Disease (PID) Next Centers for Disease Control and Prevention Your Online Source for Credible Health Information CDC Home Footer Separator Rectangle Epidemiology။ Centers for Disease Control (October 2014)။ February 21, 2015 တွင် ပြန်စစ်ပြီး။