ပြောင်းရွှေ့နေထိုင်ခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး လူဝင်လူထွက် မှ ပြောင်းရွေ့နေထိုင်ခြင်း သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Dr Lotus Black က ရ...
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -

==လူဝင်လူထွက် ==
တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်းမှာ
တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်းမှာ
အကြောင်းအမျိုးမျိုးတို့ကြောင့် ကမ္ဘာဦးမှ စတင်ခဲ့သော အလေ့အထဖြစ်
အကြောင်းအမျိုးမျိုးတို့ကြောင့် ကမ္ဘာဦးမှ စတင်ခဲ့သော အလေ့အထဖြစ်
စာကြောင်း ၇၂ - စာကြောင်း ၇၂ -
== ကိုးကား ==
== ကိုးကား ==
<references/>
<references/>


[[Category:မနုဿဗေဒ]]

၁၆:၁၂၊ ၅ မေ ၂၀၁၇ ရက်နေ့က မူ

တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်းမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် ကမ္ဘာဦးမှ စတင်ခဲ့သော အလေ့အထဖြစ် သည်။ ယင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းများကြောင့် တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည် ယဉ်ကျေးမှု ကူးစက်ပြန့်ပွားရလေသည်။ လူတို့သည် များသောအားဖြင့် မိမိတို့ဇာတိဖြစ်သော တိုင်းပြည် ကို ခင်မင်တတ်ကြပါလျက် မျက်နှာစိမ်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း မှာ အကြောင်းအမျိုးမျိုးရှိရပေလိမ့်မည်။ ထိုအကြောင်းများအနက် အဓိက အကြောင်းမှာ စားသောက်နေထိုင်ရေး ခက်ခဲမှုပင်ဖြစ်၏။ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်ရှာဖွေရန် မခက်ခဲသောနေရာတွင် လူတို့သည် အတည်တကျ နေထိုင်ကြသည်မှာ ဓမ္မတာပင်ဖြစ်၏။ တောမုဆိုးသည် သား ငါး ရနိုင်ရာအရပ်ကို မှီရသကဲ့သို့ လူတို့သည်လည်း မိမိတို့စားသောက် နေထိုင်ရေးအတွက် လွယ်ကူချောင်ချိမည့်နေရာကို အမြဲအမှီပြု၍ နေရလေ သည်။ တိုင်းပြည်တစ်ပြည်တွင် လူဦးရေ များပြားလွန်းလာသောအခါ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့်တကွ အစားအစာ၊ အဝတ် စသည်တို့ မှာ ရှားပါးလာပေလိမ့်မည်ဖြစ်ရာ ရေကြည်ရာ မြက်နုရာသို့ထွက်၍ ရှာဖွေကြရ မည်သာဖြစ်လေသည်။ စားသောက်နေထိင်မှု ခက်ခဲရခြင်းမှာ လူဦးရေတိုးမှု တစ်ခုကြောင့်သာ မဟုတ်ချေ။ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ ်တတ် ၏။ ဥရောပတိုက်၌ အလွန်အေးသဖြင့် မြောက်ပိုင်းရှိ တိုင်းပြည်ပေါင်း များစွာကို ရေခဲပြင်ကြီးဖုံးအုပ်လိုက်သည့်အခါ အစားအသောက် ရှားပါး သွား သဖြင့် ထိုအရပ်မှလူများသည် အစားအသောက်ပေါရာ တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြရလေသည်။ များသောအားဖြင့် လူတို့သည် အစားအသောက်၊ အနေအထိုင် လွယ်ကူ၍ မိမိတို့နေရင်းစွဲ တိုင်းပြည်၏ ရာသီဥတု အခြေအနေနှင့် ဆင် ဆင်တူသောအရပ်သို့ ပြောင်းရွှေ့ရန်ရွေးချယ်လေ့ရှိကြ၏။ ၁၉ ရာစုနှစ် လောက်က ဥရောပတိုက်ရှိ တိုင်းပြည်တိုင်း၌လိုပင် အကျယ်အဝန်းနှင့် မလိုက်အောင် လူဦးရေထူထပ်များပြားလွန်းသဖြင့် စားသောက်နေထိုင်ရေး အတွက် အစစအရာရာ အခက်အခဲတွေ့ကြရလေသည်။ ယင်းသို့ အခက ်အခဲ တွေ့ကြုံကြရသောအခါ ထိုအချိန်က တိုင်းသစ် ပြည်သစ်ဖြစ်၍ လူဦးရေ နည်းပါးသေးသော မြောက်အမေရိကတိုက်သို့ အစုအဝေးလိုက် ပြောင်းရွှေ့ နေထိုင်ခဲ့ကြလေသည်။ ထိုနည်းတူပင် အိုင်ယာလန်နှင့် စကော့တလန် ပြည် သားတို့သည်လည်း အသက်မွေးဝမ်းကျောင်း အခက်အခဲကြောင့် အမေရိကန် ပြည်သစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။ အသက်မွေးဝမ်းကျောင်း ခက်ခဲ၍သာမဟုတ်သေး၊ ကိုးကွယ်မှု အဆင်မပြေခြင်းများကြောင့် နေရင်းတိုင်းပြည်ကို စွန့်ခွာကြရသည်လည်း ရှိလေသည်။ အင်္ဂလန်ပြည်မှ အခြားတိုင်းပြည်သို့ ပထမဦးစွာ အစုလိုက် ပြောင်းရွှေ့နေထိုင်ကြခြင်း၏ အဓိကအချက်မှာ ကိုးကွယ်မှုဆိုင်ရာ ချုပ ်ချယ် မှုများကြောင့်ပင်ဖြစ်၏။ အင်္ဂလန်ပြည်၌ ပထမ ဂျိမ်းဘုရင်လက်ထက်က အယူသည်းသူများဖြစ်ကြသော ပျူရီတန်တို့ကို ည|ဉ်းပန်းနှိပ်စက်လွန်းသဖြင့် မခံနိုင်တော့ဘဲ ရှာဖွေတွေ့ရှိပြီးစဖြစ်သော အမေရိကန်ပြည်သစ်သို့ မေဖလား ဝါးသင်္ဘောဖြင့် ပြောင်းရွှေ့ကာ တိုင်းသစ် ပြည်သစ် တည်ထောင်နေထိုင်ခဲ့ ကြလေသည်။

ထိုသူတို့ တည်ထောင်လာခဲ့သော နိုင်ငံသစ်ကား ယခု ကျွနု်ပ်တို့ခေတ်တွင် ထိပ်တန်း တိုင်းပြည်တစ်ပြည်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုပင်တည်း။ ရေကြည် ရာ မြက်နုရာသို့ တဖြည်းဖြည်း ပြောင်းရွှေ့နေထိုင်ခဲ့ကြရာ အမေရိကန်ပြည် ထောင်စုတွင် ၁၇၉ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေလေးသန်းမျှ သာရှိသော် လည်း ၁၉၆၅ ခုနှစ်တွင် လူဦးရေ ၁၉၄ သန်းအထိပင် တိုး တက်ပွားများခဲ့လေသည်။ ဤသို့ ရေကြည်ရာမြက်နုရာကို ရှာဖွေနေထိုင်ခဲ့ကြသော လူဦးရေ မှာ မတန်တဆများပြားလာသဖြင့် သက်ဆိုင်ရာ နိုင်ငံအစိုးရတို့က ပထမ ကမ္ဘာစစ်မဖြစ်မီ အချိန်လောက်ကစ၍ လူဝင်လူထွက်ဥပဒေတစ်ရပ်ကို ထုတ် ပြန်ကာ အကန့်အသတ် ပြုလုပ်ထားရလေသည်။ လူဝင်လူထွက်ဥပဒေတွင် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လိုသူသည် ကမ္ဘာသုံးစာပေကို ဖတ်နိုင်၊ ရေးနိုင်သူဖြစ်ရမည်။ ပစ္စည်းအခြေအနေလည်း အသင့်အတင့်ရှိရ မည်ဟူသော စည်းကမ်းချက်များပါလာ၏။ ကမ္ဘာစစ်ပြီးဆုံးသွားသောအခါ ထို့ထက်ပိုမိုကျပ်တည်းလာသည်ကို တွေ့ရပြန်သည်။ ဤသို့လျှင် တဖြည်း ဖြည်းအခြေအနေကိုလိုက်၍ ဥပဒေဖြည့်စွက်ပြင်ဆင်ခဲ့လေရာ ယခုအခါတွင် တိုင်းတစ်ပါးသို့ အလည်အပတ် သို့မဟုတ် ပညာသင်သွားရန် လွယ်ကူ သော်လည်း အိုးအိမ်ပါပြောင်းရွှေ့နေထိုင်ရန် အတော်ပင် ကျပ်တည်းသွားပြီ ဖြစ်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)