စွာစော်ကဲ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး မင်းကြီးစွာစော်ကဲ မှ​ စွာစော်ကဲ သို့​
အရေးမကြီး robot Adding: en:Swasawke
စာကြောင်း ၅ - စာကြောင်း ၅ -
[[Category:အင်းဝမင်းဆက်]]
[[Category:အင်းဝမင်းဆက်]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]

[[en:Swasawke]]

၀၀:၁၄၊ ၇ မတ် ၂၀၁၀ ရက်နေ့က မူ

အင်းဝမြို့တည်မင်းဖြစ်သည့် သတိုးမင်းဖျား နတ်ရွာစံလျှင် မင်းကြီးစွာစော်ကဲ အင်းဝတွင် နန်းတက်သည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်၏။

ကျမ်းကိုး