မက်ဂေးလ် တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"မက်ဂေးလ် တက္ကသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၂၇ - စာကြောင်း ၂၇ -

မက်ဂေးလ် တက္ကသိုလ်မှာ ဗိသုကာ ကျောင်း၊ ကွန်ပြူတာ သိပံကျောင်း၊ သတင်းအချက်အလက် လေ့လာရေးကျောင်း၊ အဟာရဆိုင်ရာ လေ့လာရေး ကျောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကျောင်း၊ အင်ဂရမ် သူနာပြုကျောင်း၊ မြို့ပြ စီမံကိန်းကျောင်း၊ သဘာဝ ပတ်ဝန်းကျင်လေ့လာရေး မက်ဂေးလ်ကျောင်းတို့ ရှိပါတယ်။

ဘွဲ့အနေနဲ့က မဟာဘွဲ့ M.A, ပါရဂူဘွဲ့ Ph.D တို့ကို သမိုင်း၊ ယဉ်ကျေးမှု လေ့လာရေး စတာတွေနဲ့ ဘွဲ့ယူနိုင်ပါတယ်။

မက်ဂေးလ် တက္ကသိုလ်မှာ ဘာသာရပ်အလိုက် စာကြည့်တိုက်ပေါင်း ၁၃ ခု ရှိပါတယ်။ ရှေးဟောင်းစာအုပ်များနဲ့ အထူစာအုပ်များ ဌာနမှာ ရှိတာတွေ အပါအဝင် စာအုပ်စာတမ်း၊ စာမူ၊ ပုံနှိပ်၊ အထွေထွေ စာအုပ်ပေါင်း ၃ သိန်းခွဲ ရှိပါတယ်။

မက်ဂေးလ် ဆေးပြတိုက်မှာလည်း ကတ်တလောက်တွေ၊ ဆေးစိမ်ထားတဲ့ အရာတွေ များစွာ ပြသထားပါတယ်။

==အဆင့်သတ်မှတ်ချက်==

မက်ကလင်းရဲ့ ၂၀၁၅-၂၀၁၆ အဆင့်သတ်မှတ်ချက်အရ မက်ဂေးလ် တက္ကသိုလ်ဟာ ကနေဒါမှာ ဘာသာရပ်နဲ့ သုတေသနဆိုင်ရာ အဆင့် ၁ ဖြစ်ပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ ကမ္ဘာ့အဆင့် ၃၀ ဖြစ်ပါတယ်။

==ထူးခြားထင်ရှားသူများ==

မက်ဂေးလ် တက္ကသိုလ်ဆင်းတွေထဲမှာ နိုဗဲလ်ဆုရသူ ၁၂ ဦး ရှိပါတယ်။ အာကာသ ယာဉ်မှူး ၃ ဦး၊ ကနေဒါ ဝန်ကြီးချုပ် ၃ ဦး၊ နိုင်ငံခြားမှာ နိုင်ငံအကြီးအကဲ ၄ ဦး၊ သံအမတ် ၂၈ ဦး၊ အကယ်ဆုရ ၉ ဦး၊ ဂရမ်မီ ဂီတဆုရ ၁၁ ဦး၊ ပူလစ်ဇာ ဆုရ ၃ ဦး၊ အိုလံပစ် အားစကား ဆုတံဆိပ်ရ ၂၈ ဦး ရှိပါတယ်။

၀၅:၅၇၊ ၂၇ ဧပြီ ၂၀၁၇ ရက်နေ့က မူ

မက်ဂေးလ် တက္ကသိုလ် (McGill University) ဟာ ကနေဒါနိုင်ငံ၊ ကွိဘက်ဒေသ၊ မွန်ထရီယယ်မှာ တည်ရှိပြီး ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၃၀ စာရင်းဝင် ဖြစ်ပါတယ်။

သမိုင်းကြောင်း

မက်ဂေးလ် တက္ကသိုလ်ကို ၁၈၁၃ ခုနှစ်မှာ မက်ဂေးလ် ကောလိပ်အဖြစ် စတင်ထူထောင်ပါတယ်။ စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့မှာ မွေးဖွားတဲ့ ဂျိမ်းမက်ဂေးလ်ဆိုသူက မြေ ၄၉ ဧကနဲ့ ပေါင် ၁ သောင်း မတည်လှူဒါးတဲ့အတွက် သူ့ကို အစွဲပြုပြီး မက်ဂေးလ် ကောလိပ်လို့ မည့်ခေါ်တာ ဖြစ်ပါတယ်။

မက်ဂေးလ်မှာ အမျိုးသမီးတွေကို စတင်လက်ခံတာ ၁၈၈၄ ခုနှစ်ကတည်းကပါ။ ဒေါ်နယ်စမစ် ခေါ် လော့ဒ် စထရက်ကိုနာက အမျိုးသမီးများကို သီးသန့် သင်ကြားပေးဖို့ ရန်ပုံတွေ ထူထောင်ခဲ့တာပါ။

မက်ဂေးလ် တက္ကသိုလ်ရဲ့ အဓိက ပရဝုဏ်ကတော့ ရွိုင်ယယ် တောင်ခြေမှာ ရှိပြီး ဒုတိယ ပရိဝုဏ်ကတော့ စိန့် အန်း ဒီ ဘဲလ်လပ် အနီးမှာ တည်ရှိပါတယ်။ ၂၀၁၂ မှာ မက်ဂေးလ် ပရဝုဏ်ဟာ ကမ္ဘာ့ အလှဆုံး လည်ပတ်သင့်တဲ့ တက္ကသိုလ် ပရဝုဏ် ၁၇ ခုထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

ပညာရေး

မက်ဂေးလ် တက္ကသိုလ်မှာ မဟာဌာနနဲ့ ကျောင်း ၁၁ ခု ရှိပါတယ်။ ဒီပလိုမာနဲ့ ဒီဂရီအတွက် ဘာသာရပ်ပေါင်း ၃၀ဝ ကျော် သင်ကြားပို့ချပါတယ်။ မက်ဂေးလ် တက္ကသိုလ်ဟာ ဝင်ခွင့်ခက်ခဲတဲ့ ကနေဒါ တက္ကသိုလ်တွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ပညာတော်ရင် စကောလားရှစ် ရက်ရက်ရောရောပေးတဲ့ကျောင်း ဖြစ်ပါတယ်။

မက်ဂေးလ် တက္ကသိုလ်မှာ နိုင်ငံ ၃၂ နိုင်ငံက ကျောင်းသား ၅၀ဝ ကျော် ရှိပါတယ်။ ကနေဒါနိုင်ငံ၊ ကွိဘက်ဒေသဟာ ပြင်သစ်စကား အများစု ပြောတဲ့ ဒေသဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂေးလ် တက္ကသိုလ်ကတော့ အင်္ဂလိပ်လို အထူးပြု သင်ပါတယ်။ ဥပဒေဌာနမှာတော့ ပြင်သစ်လို သင်ပြီး တချို့ ကျောင်းသားတွေကိုတော့ ပြင်သစ်လိုရော အင်္ဂလိပ်လိုရော ပြောခွင့် ပြုထားပါတယ်။

လတ်တလော မက်ဂေးလ် တက္ကသိုလ်မှာ ကျောင်းသားကျောင်းသူ ၃ သောင်း ၈ ထောင်ရှိပါတယ်။ နိုင်ငံတကာ ကျောင်းသားက ၅ ပုံ ၁ ပုံ ရှိပါတယ်။

တွဲဘက်ဌာနများ

၂၀ဝ၆ မှာ ကွိဘက်အစိုးရက မက်ဂေးလ် တက္ကသိုလ် ကျန်းမာရေး စင်တာ (MUHC) ဖွင့်လှစ်ဖို့ ဒေါ်လာ ၁ ဒသမ ၆ သန်း မတည် ပေးပါတယ်။ မက်ဂေးလ် တက္ကသိုလ်ရဲ့ ယာဉ်စွန်းတန်းဒေသ လေ့လာရေးနဲ့ သုတေသန အတွက် ဘဲလ်လဲယား သုတေသန အင်စတီကျုကတော့ ဘာဒေးဒိုးဒေသရှိ စိန့်ဂျိမ်းမှာ တည်ရှိပါတယ်။ ဧက ၅၀ ကျယ်တဲ့ အဲဒီ အင်စတီကျုမှာ ကနေဒါ အာကာသ အေဂျင်စီ သုတေသနလည်း ရှိပါတယ်။

မက်ဂေးလ် တက္ကသိုလ် ဟန့်စ်မန်း ရေကြောင်း သုတေသန စင်တာကတော့ စိန့် ခရောက်စ် မြစ်အနီး စိန့် အင်ဒရူးမှာ တည်ရှိပါတယ်။

စိန့် လောရင့် မြစ်ဝှမ်းမှာ မက်ဂေးလ် တက္ကသိုလ်ပိုင် ၃ ဒသမ ၉ မိုင်ခွဲရှိတဲ့ ရှေး သဘာဝ သစ်တော ဥယျာဉ်လည်း ရှိပါတယ်။

၁၉၉၈ မှာ ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် နီရှီ-ရှင်ဂျုကု ဌာနနဲ့ တွဲဖက်ပြီး ပထမဆုံး ကနေဒါ-ဂျပန် MBA အတန်းကို စီမံခန့်ခွဲရေး မဟာဌာနမှာ ဖွင့်လှစ်ပါတယ်။

မက်ဂေးလ် တက္ကသိုလ်မှာ ဗိသုကာ ကျောင်း၊ ကွန်ပြူတာ သိပံကျောင်း၊ သတင်းအချက်အလက် လေ့လာရေးကျောင်း၊ အဟာရဆိုင်ရာ လေ့လာရေး ကျောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကျောင်း၊ အင်ဂရမ် သူနာပြုကျောင်း၊ မြို့ပြ စီမံကိန်းကျောင်း၊ သဘာဝ ပတ်ဝန်းကျင်လေ့လာရေး မက်ဂေးလ်ကျောင်းတို့ ရှိပါတယ်။

ဘွဲ့အနေနဲ့က မဟာဘွဲ့ M.A, ပါရဂူဘွဲ့ Ph.D တို့ကို သမိုင်း၊ ယဉ်ကျေးမှု လေ့လာရေး စတာတွေနဲ့ ဘွဲ့ယူနိုင်ပါတယ်။

မက်ဂေးလ် တက္ကသိုလ်မှာ ဘာသာရပ်အလိုက် စာကြည့်တိုက်ပေါင်း ၁၃ ခု ရှိပါတယ်။ ရှေးဟောင်းစာအုပ်များနဲ့ အထူစာအုပ်များ ဌာနမှာ ရှိတာတွေ အပါအဝင် စာအုပ်စာတမ်း၊ စာမူ၊ ပုံနှိပ်၊ အထွေထွေ စာအုပ်ပေါင်း ၃ သိန်းခွဲ ရှိပါတယ်။ မက်ဂေးလ် ဆေးပြတိုက်မှာလည်း ကတ်တလောက်တွေ၊ ဆေးစိမ်ထားတဲ့ အရာတွေ များစွာ ပြသထားပါတယ်။

အဆင့်သတ်မှတ်ချက်

မက်ကလင်းရဲ့ ၂၀၁၅-၂၀၁၆ အဆင့်သတ်မှတ်ချက်အရ မက်ဂေးလ် တက္ကသိုလ်ဟာ ကနေဒါမှာ ဘာသာရပ်နဲ့ သုတေသနဆိုင်ရာ အဆင့် ၁ ဖြစ်ပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ ကမ္ဘာ့အဆင့် ၃၀ ဖြစ်ပါတယ်။

ထူးခြားထင်ရှားသူများ