ကြိယာဝိသေသန: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၇၂ - စာကြောင်း ၇၂ -


ဆောင်ရွက်ပုံအမူအရာကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသော ပုဒ်ကို '''အမူအရာပြကြိယာဝိသေသန''' ဟု ခေါ်သည်။
ဆောင်ရွက်ပုံအမူအရာကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသော ပုဒ်ကို '''အမူအရာပြကြိယာဝိသေသန''' ဟု ခေါ်သည်။

'''ဥပမာ'''။ ။ ဒယိမ်းဒယိုင်၊ ယုယုယယ၊ တီတီတာတာ၊ ညီညီညာညာ၊ ချိုသာစွာ၊ အလျင်အမြန်၊ ကချော်ကချွတ်၊ တမြုံ့မြုံ့၊ တရိုတသေ။


== ကိုးကား ==
== ကိုးကား ==

၁၅:၅၃၊ ၂၅ ဧပြီ ၂၀၁၇ ရက်နေ့က မူ

ကြိယာဝိသေသန

ကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် ကြိယာ၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။

  • ဥပမာ။ ။ 'လမ်းလျှောက်သည်'ဟု ဆိုရာတွင်၊ ကြားရသူ၏စိတ်၌ သာမန်လမ်းလျှောက်နေပုံသာလျှင် ပေါ်ထင်လာပေမည်။

အကယ်၍ 'လျင်မြန်စွာ လမ်းလျောက်သည်'ဟု ဆိုလျှင် ကြိယာ၏အဓိပ္ပာယ်သည် ပိုမိုတိကျ လေးနက်လာလေသည်။ ဤဝါကျ၌ ကြိယာကို အထူးပြုသည့် 'လျင်မြန်စွာ' ဟူသောပုဒ်သည် ကြိယာဝိသေသန ဖြစ်သည်။ ကြိယာတစ်ခု၌ 'စွာ'ဟူသော စာလုံးကို ဖြည့်စွက်လိုက်ခြင်းဖြင့်

  • ဥပမာ။ ။ 'ကောင်းမွန်စွာ' 'လှပစွာ' 'သေသပ်စွာ' 'အေးချမ်းစွာ' စသည်တို့ ဖြစ်ကြသည်။

ကြိယာ ဝိသေသနသည်၊ တစ်ခါတစ်ရံ နာမဝိသေသနကို အထူးပြုသည်ကို တွေ့ရသည်။

  • ဥပမာ။ ။ 'အလွန်ကောင်းသော စာအုပ်' ဤဝါကျ၌ 'စာအုပ်'ဟူသောနာမ်ကို 'ကောင်းသော'ဟူသော နာမဝိသေသနက အထူးပြုထားသည်။

တစ်ဖန် 'ကောင်းသော' ဟူသော နာမဝိသေသနကိုပင် 'အလွန်'ဟူသော ကြိယာဝိသေသနက အထူးပြုလေသည်။

ကြိယာဝိသေသနများကို အချိန်၊ နေရာ၊ ပြုမူပုံ၊ အရေအတွက်တို့ကို ဖော်ပြသည့် စကားရပ်များ အဖြစ်ဖြင့်လည်း အသုံးပြုတတ်ကြသည်။

  • ဥပမာ။ ။ 'ဈေးသို့ မနေ့က ရောက်ခဲ့ပြီ'ဟူသော ဝါကျ၌ 'ရောက်ခဲ့ပြီ'ဟူသော ကြိယာပုဒ်ကို ပိုမိုထင်ရှားအောင်၊ အချိန်ပြသည့် 'မနေ့က'ဟူသော ကြိယာဝိသေသနကို ပေါင်းထည့်လိုက်၏။ ဤနည်းနှင်နှင် နေရာကိုပြလိုသောအခါ 'အနီးတွင် ရပ်နေသည်'၊ 'အောက်၌ တည်ရှိသည်'၊ 'အတွင်းသို့ ဝင်သွားပါ' ဟူသော ဝါကျများတွင် ပါရှိသည့်၊ 'အနီးတွင်'၊ 'အောက်၌'၊ 'အတွင်းသို့'ကဲ့သို့သော စကားများကို အသုံးပြု

နိုင်သည်။

(က) 'ကျယ်လောင်စွာ မြည်ဟည်းသောအသံ'
(ခ) 'တစ်ယောက်စီ တစ်ယောက်စီ စမ်းသပ်သည်'

ဟူသော ဝါကျ ၂ ခု၌ 'ကျယ်လောင်စွာ'နှင့် 'တစ်ယောက်စီ တစ်ယောက်စီ'ဟူသောစကားတို့သည် ပြုမူပုံကို ထင်ရှားစေသော ကြိယာဝိသေသနများ ဖြစ်ကြသည်။

အောက်ပါ ဥပမာ( ၂) ခု၌ 'အလွန်'ဟူသော ကြိယာဝိသေသနသည် 'ပမာဏ'ကို ဖော်ပြသည်။

'အလွန်စိတ်ဝင်စားဘွယ်ကောင်းသောပုံပြင်'
'အလွန်အရသာရှိသောမုံ့'


အောက်ပါ ဥပမာ( ၂) ခုတွင် အရေအတွက်ကို ဖော်ပြသော ကြိယာဝိသေသနတစ်ခုစီ ပါရှိသည်။

'သူသုံးမိုင်ခန့် ပြေးရသည်'
'သူသည် ကျွန်တော့်အိမ်သို့ နှစ်ကြိမ်ရောက်သည်'

နာမဝိသေသနမှာကဲ့သို့ပင် ကြိယာဝိသေသနမှာလည်း နှိုင်းယှဉ်ချက်များ ရှိကြ၏။

  • ဥပမာ။ ။ 'သာ၍ ကြည်လင်စွာ မြည်တွန်သည်'၊ 'အမြန်ဆုံးပြေးနိုင်သည်'၊ 'အစောဆုံးအိပ်ရာမှထသည်'၊ 'သာ၍နက်အောင်တူးသည်' စသည်တို့ ဖြစ်၏။

ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။ [၁]

ကြိယာဝိသေသန (၅) မျိုး

အနက်အဓိပ္ပာယ်အရ ကြိယာဝိသေသန (၅) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) အချိန်ပြကြိယာဝိသေသန

(ခ) အမူအရာပြကြိယာဝိသေသန

(ဂ) အခြေအနေပြကြိယာဝိသေသန

(ဃ) ပမာဏပြကြိယာဝိသေသန

(င) အမေးကြိယာဝိသေသန[၂]

အချိန်ပြကြိယာဝိသေသန

အချိန်ကာလကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသောပုဒ်ကို အချိန်ပြကြိယာဝိသေသန ဟုခေါ်သည်။

ဥပမာ။ ။ ယခင်က၊ ယနေ့၊ ယခု၊ နက်ဖြန်၊ နောက်နောင်၊ မကြာမီ၊ ချက်ချင်း၊ ခဏချင်း၊ ရုတ်တရက်၊ အစဉ်၊ အမြဲ၊ မပြတ်။


(က) အဖေသည် မန္တလေးသို့ နက်ဖြန် သွားမည်။ (ဤဝါကျ၌ အဖေသည် မန္တလေးသို့ မည်သည့်အချိန်တွင် သွားမည်ကို နက်ဖြန် ဟူသော ပုဒ်က ပြသည်။ နက်ဖြန် ဟူသော ပုဒ်သည် အဖေ မန္တလေးသို့ သွားမည့်အချိန်ကို ဖော်ပြခြင်းဖြင့် သွား ဟူသော ကြိယာကို အထူးပြုသည်။ ထို့ကြောင့် နက်ဖြန် သည် အချိန်ပြကြိယာဝိသေသန ဖြစ်သည်။)

(ခ) ယခင်က ဆိုခဲ့သည့်အတိုင်း သဘောတူကြသည်။

(ဂ) မန္တလေး အမြန်ရထားသည် မကြာမီ ဆိုက်မည်။

(ဃ) မိမိ၏ အလုပ်တာဝန်ကို အစဉ် ရိုသေလေးစားပါ။

(င) ဤကိစ္စကို ယခုပင် ဆောင်ရွက်ပါ။

(စ) မီးလောင်လျှင် မီးသတ်ကို ချက်ချင်း အကြောင်းကြားပါ။

(ယခင်က၊ ယခု၊ မကြာမီ၊ ချက်ချင်း၊ အစဉ် စသည်တို့သည် အချိန်ပြကြိယာဝိသေသန များ ဖြစ်ကြသည်။ [၂]

အမူအရာပြကြိယာဝိသေသန

ဆောင်ရွက်ပုံအမူအရာကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသော ပုဒ်ကို အမူအရာပြကြိယာဝိသေသန ဟု ခေါ်သည်။

ဥပမာ။ ။ ဒယိမ်းဒယိုင်၊ ယုယုယယ၊ တီတီတာတာ၊ ညီညီညာညာ၊ ချိုသာစွာ၊ အလျင်အမြန်၊ ကချော်ကချွတ်၊ တမြုံ့မြုံ့၊ တရိုတသေ။

ကိုးကား

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)
  2. ၂.၀ ၂.၁ မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း