ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Reverted edits by 45.112.176.38 (talk) to last revision by Dr Lotus Black
sanoo
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ - စာကြောင်း ၁ -
ဘာသာစကားဆိုသည်မှာ လူတို့ အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုပြုနိုင်ရန် သတင်းအချက်အလက်/ခံစားချက် စသည်တို့ကို ဖလှယ်ရန် တို့အတွက် အသံထွက်၍ တိုက်ရိုက် ဆက်သွယ်မှုစနစ်ကို အသုံးပြုလာကြရာမှ ဝေါဟာရများကြွယ်ဝလာပြီး ဘာသာစကားဟုပေါ်ပေါက်လာခြင်းဖြစ်သည်။

==လူတို့၏ သဘာဝဘာသာစကားနှင့် ဖန်တီးမှုဘာသာစကား==
==လူတို့၏ သဘာဝဘာသာစကားနှင့် ဖန်တီးမှုဘာသာစကားဗုီဂြံသၜာဲလိက္==

တစ်နည်းဆိုသော် အချင်းချင်းဆက်သွယ်မှုအတွက်သုံးသော သင်္ကေတဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ အကျဉ်းချုပ်အနေနှင့် ရှင်းလင်းပါက လူသားတို့၏ အသံထွက်ဘာသာစကား ကို ရည်ညွှန်းနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမည်ဆိုပါက အသံမပါသည့် ဘာသာစကား များကိုပါထဲ့သွင်းစဉ်းစားနိုင်သည်။ တိရစ္ဆာန်များအချင်းချင်း ဆက်သွယ်မှုနှင့် ကွန်ပြူတာအား ထိန်းချုပ်ခိုင်းစေမှု တို့အတွက် သုံးသော သင်္ကေတဖွဲ့စည်းပုံများကိုလည်း ဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါသည်။ အသိအမြင်ခံစားမှု ကူးစက်နားလည်စေနိုင်မည့် အပြုအမူအချို့တို့ကိုလည်း ဘာသာစကားဟုသတ်မှတ်ကြသည်။ (ဥပမာ ခြေပြလက်ပြဘာသာစကား)

၀၀:၅၈၊ ၁၃ မတ် ၂၀၁၇ ရက်နေ့က မူ

ဘာသာစကားဆိုသည်မှာ လူတို့ အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုပြုနိုင်ရန် သတင်းအချက်အလက်/ခံစားချက် စသည်တို့ကို ဖလှယ်ရန် တို့အတွက် အသံထွက်၍ တိုက်ရိုက် ဆက်သွယ်မှုစနစ်ကို အသုံးပြုလာကြရာမှ ဝေါဟာရများကြွယ်ဝလာပြီး ဘာသာစကားဟုပေါ်ပေါက်လာခြင်းဖြစ်သည်။

လူတို့၏ သဘာဝဘာသာစကားနှင့် ဖန်တီးမှုဘာသာစကားဗုီဂြံသၜာဲလိက္

တစ်နည်းဆိုသော် အချင်းချင်းဆက်သွယ်မှုအတွက်သုံးသော သင်္ကေတဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ အကျဉ်းချုပ်အနေနှင့် ရှင်းလင်းပါက လူသားတို့၏ အသံထွက်ဘာသာစကား ကို ရည်ညွှန်းနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမည်ဆိုပါက အသံမပါသည့် ဘာသာစကား များကိုပါထဲ့သွင်းစဉ်းစားနိုင်သည်။ တိရစ္ဆာန်များအချင်းချင်း ဆက်သွယ်မှုနှင့် ကွန်ပြူတာအား ထိန်းချုပ်ခိုင်းစေမှု တို့အတွက် သုံးသော သင်္ကေတဖွဲ့စည်းပုံများကိုလည်း ဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါသည်။ အသိအမြင်ခံစားမှု ကူးစက်နားလည်စေနိုင်မည့် အပြုအမူအချို့တို့ကိုလည်း ဘာသာစကားဟုသတ်မှတ်ကြသည်။ (ဥပမာ ခြေပြလက်ပြဘာသာစကား)

လူ့ဦးနှောက်တွင်း ဘာသာစကား စွမ်းရည်ဧရိယာများ ထုတ်လွှင့်နိုင်မှု(အပြာ) ပြောနိုင်ရေးနိုင်မှု(အစိမ်း) ပိုင်းခြားနိုင်မှု(အဝါ) သိုလှောင်နိုင်မှု(လိမ္မော်) နားထောင်နိုင်မှု(ပန်းရောင်)

လူမှူပတ်ဝန်းကျင်တွင် သဘာဝအရ ဖြစ်ပေါ်ပေါက်ဖွားလာခဲ့သော မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာတို့ကို သဘာဝဘာသာစကားများ [၁] ဟုခေါ်သည်။ ထိုနည်းတူ လူတို့က ဖန်တီးသော ဘာသာစကားများကို ဖန်တီးမှုဘာသာစကားများဟု ခေါ်ပါသည်။ သဘာဝဘာသာစကားတွင် ထိုဘာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုသူတို့က သုံးစွဲခြင်း မပြုတော့ပါက ဘာသာစကားသေ [၂]၊ အဖြစ်သတ်မှတ်ခံရသည်။ ဥပမာ-လက်တင်ဘာသာစကား။

ဖန်တီးမှုဘာသာစကားကို ထပ်မံရှင်းလင်းမည်ဆိုပါက လူတို့ကလူသားအချင်းချင်း ဆက်သွယ်ရန် အတွက် အက်စ်ပရန်တို ဘာသာစကား [၃]၊ လူတို့က ကွန်ပြူတာအား ထိန်းချုပ်ခိုင်းစေရန်အတွက် ပရိုဂရမ်မင်း ဘာသာစကား [၄]၊ နှင့် ထိုမှတဖန် လူသားအတွက်၎င်း ကွန်ပြူတာအတွက်၎င်း သင့်လျော်စေသည့် လော့်ဂျ်ဘမ် ဘာသာစကား တို့ကိုတွေ့ရှိရမည်ဖြစ်သည်။ လူတို့အချင်းချင်း အပြန်အလှန်ဆက်ဆံမှုဘောင်အတွင်းမှ အသံဖြင့် ပတ်သက်မှုဆက်သွယ်မှုအပိုင်း၊ တနည်းအားဖြင့် ထိုအသံကို အစားထိုးသည့် စာလုံးတိုဖြင့် ပတ်သက်ဆက်သွယ်မှုအပိုင်းဖြင့် ခွဲခြားနိုင်သည်။ လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်ခြင်း ဆိုင်းဂ် လမ်းဂွေ့ချ် [၅]နှင့် တော့ကင်း ဒရမ်မ်[၆]တို့သည်လည်း အသံနှင့်ဆက်နွယ်သော ဆက်ဆံရေးများဖြစ်သည်။

ပျား ကောင်လေးများသည်လည်း သတင်းအချက်အလက်အနည်းငယ်ကို ပျံသန်းဟန်စနစ်ဖြင့်ပြသ ဆက်သွယ်နိုင်ကြသဖြင့် ပျားစကား ဟူသော ဘာသာစကားရှိနေကြောင်းသိရသည်။ ခံစားနားလည်မှုနီးစပ်တူညီသော သူအချင်းချင်းကိုလည်း ဘာသာစကားတူသည်ဟု တင်စားသုံးကြသည်။

ကွန်ပျူတာပရိုဂရမ် စသည်တို့ ရေးဆွဲစီစဉ်ကြရာတွင်လည်း သုံးစွဲသည့် သင်္ကေတ နည်းစနစ်များ အခြေခံပုံအသီးသီးကို ဘာသာစကား ကွဲများဟုသတ်မှတ်သည်။ (ဥပမာ ပါစကယ်၊ ဖေါ်ထရန်၊ အဆမ်ဘလာ၊ စီ စသည်တို့ဖြစ်သည်)

ဘာသာစကား နှင့် အသံ

အစောပိုင်းကာလများက ဘာသာစကားတွင် အသံထွက်ပြောဆိုသောဘာသာစကား နှင့် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုသော ဘာသာစကား တို့သည် ဖွဲ့တည်ပုံအရ၎င်း၊ အသုံးချပုံအရ၎င်း လုံးဝကွဲပြားခြားနားသည်ဟုယူဆပြီး သုတေသနလေ့လာမှုများကို သီးခြားစီသတ်မှတ်ခဲ့ကြသည်။ ယခုနောက်ပိုင်းကာလများတွင် လက်ဟန်ခြေဟန်ဖြင့်ပြောဆိုခြင်းဆိုသည့်အတိုင်း ဘာသာစကား တစ်ခုအဖြစ် သတ်မှတ်ကာ အသံထွက်ပြောဆိုသော ဘာသာစကားကဲ့သို့ပင် တည်ဆောက်ပုံ အသွင်သဏ္ဍန်နှင့် သုံးစွဲသည့် ဝေါဟာရတို့ကို ရှင်းလင်းတင်ပြနိုင်သည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ယခုခေတ် ဘာသာဗေဒ သုတေသနစာတန်းဖတ်ပွဲများတွင် လက်ဟန်ခြေဟန်ဖြင့်ပြောသော ဘာသာစကားကိုပါ အသံထွက်ဘာသာစကားနှင့်အတူ ကျင်းပသည့် အစီအစဉ်ကိုရေးဆွဲလာ ကြပြီဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာရှင်းလင်းပါက ဘော်ဒီလန်းဂွေ့ချ် [၇] ဟုခေါ်သော ကိုယ်အမူအရာဖြင့်ပြသသော ဘာသာစကား ကိုလည်း၊ အချင်းချင်းဆက်သွယ်မှု အတွက် အသုံးပြုနိုင်ပါက ဘာသာစကားအဖြစ် ခေါ်ဆိုနိုင်သည်။ ဥပမာ။ လက်ယပ်ခေါ်ခြင်း။ ခေါင်းခါခြင်း၊ ခါးညွှတ်၍ လူရှေ့ကိုဖြတ်သန်းခြင်း။

လူတို့၏ ဘာသာစကား နှင့် တိရိစ္ဆာန်တို့၏ဘာသာစကား

တိရိစ္ဆာန်လောကတွင်လည်း အချင်းချင်းပြာဆိုဆက်သွယ်ကြသည့် ဘာသာစကားရှိနေပေသည်။ ဥပမာ၊ ပျားကောင်ကလေးများသည် ပျားရည်ရှိရာအရပ်ကို လှုပ်ရှားမှု တစ်ခုဖြင့် ပျားကောင်ကလေးများအချင်းချင်း အသိပေးလေ့ရှိကြသည်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ လူသားတို့၏ ဘာသာစကားနှင့် နှိုင်းယှဉ်ကြည့်ပါက ၊ လူသားတို့ကဲ့သို့ ပန်းသီးကို တွေ့ပါက အမြဲတစေ ပန်းသီးဟု သော အသံထွက်ဖြင့် သတ်မှတ်ဖေါ်ပြနိုင်သော အာရုံဖြင့်ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်း[၈] စွမ်းရည် နည်းပါးသော်လည်း ကျင်လည်ကျက်စားရာပတ်ဝန်းကျင်နှင့် အရိုင်းသက်သက် ရှိသောသူတို့၏ ဦးနှောက်တွင် ဖြစ်ပေါ်ထင်ဟပ်သည့် အတန်အသင့် မြင့်မားသောအဆင့်ရှိ သင်ကြားစရာမလိုပဲ တတ်သော ထုတ်ဖေါ်ပြသတတ်မှု ပညာဖြင့် ဆက်သွယ်မှုပိုများကြခြင်းပင်ဖြစ်သည်။ (သွားဖြီးပြခြင်း၊ အမြှီးနှံ့ခြင်းတို့ဖြင့် ရန်သူမိတ်ဆွေအဖြစ်ခွဲခြားပြသည်) ။ ဤအခြင်းအရာသည် စည်းကမ်းသတ်မှတ်ချက် မဟုတ်သော်လည်း ယေဘူယျဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ဆိုသောအချက်က အဓိပါယ်နက်နဲလှသည်။ ကမ္ဘာပေါ်တွင် စကားအဖြစ်ပြောသည့် ဘာသာစကားပေါင်း ၇၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။[၉]

ဘာသာစကား၏ရာဇဝင်

ဘာသာစကား၏ မူလအစ

ဘာသာစကား သည် မည်သို့မည်ပုံပေါ်ပေါက်၍ ပေါ်ပေါက်သည့် နေရာသည် ကမ္ဘာ၏နေရာတစ်နေရာမှသော်လည်းကောင်း၊ နေရာများစွာတို့မှလည်းကောင်း စတင်ခဲ့သည်တို့ကို အမျိုးမျိုး ယူဆတသ်မှတ်လျှက်ရှိကြသည်။၎င်းတို့ထဲမှ ဒိန်းမတ်လူမျိုးဘာသာဗေဒပညာရှင် “အုတ်တို ဂျက်စ်ပါစင်” Jens Otto Harry Jespersen၏တင်ပြချက်ကို အောက်ပါအတိုင်းတွေ့ရှိနိုင်သည်။

  • "Pooh-pooh Theory"

အမှတ်မထင် ထွက်လာသော အသံမှ ခံစားချက်ကိုဆက်သွယ်သော စကားလုံးများဖြစ်ပေါ်ခြင်း။ ဥပမာ- ဟား၊ ဟားကမှ ဟီသည် မှ ရီသည် ကဲ့သို့သော စကားလုံးများ။ (Laugh)

  • "Bow Bow Theory"

အော်သံမှ တိရိစ္ဆာန်တို့၏အမည် ပေါ်ပေါက်လာခြင်း။ ဥပမာ- တစ်တီတူး။ ဝူး--- မှ ဝံပုလွေ။ ( Wolf)

  • "Ding-dong Theory"

ပဲ့တင်သံ ရိုက်ခတ်သံတို့မှ စကားလုံးပေါ်ပေါက်လာခြင်း။ ဥပမာ- ဖြူးဖြူး မှ လေတဖြူးဖြူး။ ဂျုံးဂျုံး မှ မိုးထစ်ချုန်း၊ (Thunder)

  • "Yo-he-yo Theory"

အချင်းချင်း ညာသံပေး ခြင်းမှ စကားလုံးပေါ်ပေါက်လာခြင်း။ ဥပမာ- ဟေးလား ဟေးလား မှ လုပ် ၊ အလုပ်၊ အလုပ်လုပ်။ (Work) ထိုစကားလုံးနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ အုပ်စုအဖွဲ့နှင့် လှုပ်ရှားကြရာတွင် ညာသံပေး သီဆိုသော တေးသီချင်းများ တွင် အဓိပါယ် အတိအကျမရှိသောစကားလုံးများကို ဆက်လက်သုံးစွဲလျှက်ရှိသည်ကိုလည်း နောက်ခံသမိုင်းများအဖြစ် တွေ့ရှိလေ့လာနိုင်သည်။

ဇီဝသိပံ္ပ ပညာရှုထောင့်မှသုံးသပ်ပါကလည်း သုတေသနစမ်းသပ်မှုဖြင့် ဘာသာစကား ၏ ရင်းမြစ်ကို လေ့လာနိုင်သည်။ ယခုခေတ် “မော်လီကျူး ဇီဝပညာ” Molecular biology သုတေသနအရ FOXP2ဟုခေါ်သော မျိုးရိုးဗီဇ ၏အမျိုးအစား ခြားနားမှု နှင့်လိုက်၍ ဘာသာစကား သင်ယူတတ်ကျွမ်းမှု စွမ်းရည် ကွာခြားမှု တို့ ဆက်စပ်မှု ရှိနိုင်သည်ဟုဆိုသည်။ ထိုခြားနားခြင်းသည် ယနေ့မျက်မှောက်လူသားနှင့် ကမ္ဘာဦးလူသား Homo neanderthalensis က လွန်ခဲ့သော နှစ်၃၀၊၄၀လောက်မှစ၍ တိုးတက်ပြောင်းလည်းခဲ့ပုံကို သုတေသနပြုထုပ်ပြန်ခဲ့ကြသည်။ ယခုခေတ်လူသားများအဖြစ်စတင်ချိန်တွင်မူ ဘာသာစကားသည် လူသားတို့တွင် မွေးရာပါအဖြစ်အသုံးပြုလာနိုင်နေသည်ဟု ထင်မြင်ယူဆနိုင်သည်။ သို့သော် FOXP2 သည် ဘာသာစကား သင်ယူတတ်စွမ်းမှု မရှိသည့် တိရိစ္ဆာန်များ အများစုတွင် လည်းရှိနေသည့် အတွက်ကြောင့် ၊ FOXP2ခြားနားမှု သည် ဘာသာစကား သင်ယူတတ်စွမ်းမှုနိုင်မှု အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေဖြစ်သည်ဟု အတိအကျ ပြောဆိုနိုင်ရန်အတွက်မူ ရှင်းလင်းသက်သေပြမှုများ မရှိသေးသဖြင့် ထိုအချက်အတွက် စောင့်ကြည့်ရန်လိုသေးသည်။

လူသားတို့၏ဘာသာစကား မိသားစုများ

ကိုးကား

  1. သဘာဝဘာသာစကား[၁]
  2. ဘာသာစကားသေ[၂]
  3. အက်စ်ပရန်တိုဘာသာစကား[၃]
  4. ပရိုဂရမ်မင်း ဘာသာစကား [၄]
  5. ဆိုင်းဂ် လမ်းဂွေ့ချ် [၅]
  6. တော့ကင်း ဒရမ်မ်[၆]
  7. ကိုယ်အမူအရာဖြင့်ပြသသောဘာသာစကား [၇]
  8. အာရုံဖြင့်ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်း[၈]
  9. www.bbc.co.uk/languages/guide/languages.shtml