ဇိုရော့အက်စတာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး image replace
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၅ - စာကြောင်း ၁၅ -
ဇော်ရော့အက်စတာ သက်ရှိထင်ရှားနေချိန်အတွင်းတွင် သူ၏ဝါဒမှာ များစွာပျံနှံခြင်းမရှိပေ။သို့သော် နှစ်ပေါင်း၂၀၀ ကြာသော် ပါရှမင်းများက လက်ခံအားပေးသည့်အတွက် ပါရှ(အီရန်)တွင် ဦးဆောင်ဘာသာကြီးဖြစ်လာသည်။ [[မဟာအလက်ဇန္ဒား]] ပါရှကိုဝင်ရောက် သိမ်းပိုက်ချိန်တွင် '''ဇော်ရော့အက်စထရီယံဝါဒ'''မှာ အကြီးအကျယ်ကျဆင်းရသည်။ ပါရှတို့ ဂရိလက်အောက်မှ လွတ်ပြီးချိန်၊ဟယ်လင်နစ်ယဉ်ကျေးမှုမှ လွတ်ချိန်ရောက်မှ တဖန်ပြန်လည်တည်ထောင်ခွင့်ရခဲ့သည်။ ပါရှအင်ပါယာသစ်ဖြစ်သည့် [[ဆက်စနစ်အင်ပါယာ]](အေဒီ ၂၂၆-၆၅၁)(Sassanid Empire)ကို အုပ်စိုးသည့် မင်းဆက်များလက်ထက်တွင် နိုင်ငံတော်ဘာသာအဖြစ်နှင့် ပြန်လည်အားကောင်းလာခဲ့ပါသည်။သို့သော် ဂိုဏ်းခွဲငယ်ပေါင်း အများအပြား ကွဲပြားသွားခဲ့သည်။
ဇော်ရော့အက်စတာ သက်ရှိထင်ရှားနေချိန်အတွင်းတွင် သူ၏ဝါဒမှာ များစွာပျံနှံခြင်းမရှိပေ။သို့သော် နှစ်ပေါင်း၂၀၀ ကြာသော် ပါရှမင်းများက လက်ခံအားပေးသည့်အတွက် ပါရှ(အီရန်)တွင် ဦးဆောင်ဘာသာကြီးဖြစ်လာသည်။ [[မဟာအလက်ဇန္ဒား]] ပါရှကိုဝင်ရောက် သိမ်းပိုက်ချိန်တွင် '''ဇော်ရော့အက်စထရီယံဝါဒ'''မှာ အကြီးအကျယ်ကျဆင်းရသည်။ ပါရှတို့ ဂရိလက်အောက်မှ လွတ်ပြီးချိန်၊ဟယ်လင်နစ်ယဉ်ကျေးမှုမှ လွတ်ချိန်ရောက်မှ တဖန်ပြန်လည်တည်ထောင်ခွင့်ရခဲ့သည်။ ပါရှအင်ပါယာသစ်ဖြစ်သည့် [[ဆက်စနစ်အင်ပါယာ]](အေဒီ ၂၂၆-၆၅၁)(Sassanid Empire)ကို အုပ်စိုးသည့် မင်းဆက်များလက်ထက်တွင် နိုင်ငံတော်ဘာသာအဖြစ်နှင့် ပြန်လည်အားကောင်းလာခဲ့ပါသည်။သို့သော် ဂိုဏ်းခွဲငယ်ပေါင်း အများအပြား ကွဲပြားသွားခဲ့သည်။


ခရစ်နှစ် ၇ ရာစုဝန်းကျင်တွင် အာရေဗျမှ အာရပ်[[မူဆလင်]]တို့က အီရန်ကိုသိမ်းယူပြီးနောက် ဇော်ရော့အက်စတာဘာသာဝင် အများအပြားသည် [[အစ္စလာမ်ဘာသာ]]သို့ကူးပြောင်းသွားခဲ့သည်။သို့သော် လက်ကျန်ဘာသာဝင်များလည်းကျန်ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အီရန်ပင်မကုန်းမြေမှ [[ဟောဇ်မုန်ကျွန်း]]ပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။ထိုမှ တဆင့် အိန္ဒိယသို့ ရောက်ရှိသွားသည်။ အိန္ဒိယလူမျိုးတို့က ၄င်းတို့ကို '''ဖါရစီ''' ဟုခေါ်ကြပြီး ယနေ့တိုင်လူဦးရေ တစ်သိန်းကျော်ခန့် ရှိသေးသည်ဟုဆိုသည်။ [[အိန္ဒိယနိုင်ငံ]] ၊ ဘုံဘေဝန်းကျင်တွင်နေထိုင်ကြပြီး အီရန်တွင်လည်း ဇော်ရော့အက်စတာဘာသာဝင် နှစ်သောင်းခန့် ကျန်ရှိသေးသည်။
ခရစ်နှစ် ၇ ရာစုဝန်းကျင်တွင် အာရေဗျမှ အာရပ်[[မူဆလင်]]တို့က အီရန်ကိုသိမ်းယူပြီးနောက် ဇော်ရော့အက်စတာဘာသာဝင် အများအပြားသည် [[အစ္စလာမ်ဘာသာ]]သို့ကူးပြောင်းသွားခဲ့သည်။သို့သော် လက်ကျန်ဘာသာဝင်များလည်းကျန်ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အီရန်ပင်မကုန်းမြေမှ [[ဟောဇ်မုန်ကျွန်း]]ပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။ထိုမှ တဆင့် အိန္ဒိယသို့ ရောက်ရှိသွားသည်။ အိန္ဒိယလူမျိုးတို့က ၎င်းတို့ကို '''ဖါရစီ''' ဟုခေါ်ကြပြီး ယနေ့တိုင်လူဦးရေ တစ်သိန်းကျော်ခန့် ရှိသေးသည်ဟုဆိုသည်။ [[အိန္ဒိယနိုင်ငံ]] ၊ ဘုံဘေဝန်းကျင်တွင်နေထိုင်ကြပြီး အီရန်တွင်လည်း ဇော်ရော့အက်စတာဘာသာဝင် နှစ်သောင်းခန့် ကျန်ရှိသေးသည်။


နောင်တစ်ချိန်တွင် ပေါ်ထွန်းလာသည့် ဘာသာရေးခေါင်းဆောင် [[မနိ]](Mani)သည် သူ၏ မနိရှေအစ်ဇမ်ဝါဒ (Manicheaism)တွင် ဇော်ရော့အက်စတာ၏ အကောင်းနှင့်အဆိုး အားပြိုင်ခြင်း သဘောတရားကို တိုက်ရိုက်ယူငင်၍ တိုးတက်အောင် ပြင်ဆင်သုံးစွဲခဲ့ သည်ကိုတွေ့ရသည်။
နောင်တစ်ချိန်တွင် ပေါ်ထွန်းလာသည့် ဘာသာရေးခေါင်းဆောင် [[မနိ]](Mani)သည် သူ၏ မနိရှေအစ်ဇမ်ဝါဒ (Manicheaism)တွင် ဇော်ရော့အက်စတာ၏ အကောင်းနှင့်အဆိုး အားပြိုင်ခြင်း သဘောတရားကို တိုက်ရိုက်ယူငင်၍ တိုးတက်အောင် ပြင်ဆင်သုံးစွဲခဲ့ သည်ကိုတွေ့ရသည်။

၀၉:၁၇၊ ၁၉ ဒီဇင်ဘာ ၂၀၁၆ ရက်နေ့က မူ

ဖိုင်:Zor.jpeg
ဇော်ရော့အက်စတာ(ဘီစီ၆၂၈-ဘီစီ၅၅၁)

ဇော်ရော့အက်စတာ(Zoroaster)(ခန့်မှန်း ဘီစီ၆၂၈-ဘီစီ၅၅၁) သည် ပါရှ(အီရန်)လူမျိုးတို့အတွက် ဘာသာရေးရှေ့ဆောင်ဖြစ်သည်။ သူဖော်ဆောင်ခဲ့သည့် ဇော်ရော့အက်စထရီယံဝါဒ ကို နှစ်ပေါင်း ၂၅ဝဝကျော် ယုံကြည်ခဲ့ပြီး ယနေ့တိုင် ယုံကြည်ကိုးကွယ်သူများလည်း ရှိပါသည်။ ဇော်ရော့အက်စထရီယံကျမ်း အဗက်စတာ(Avesta) ကျမ်းတွင် ပထမဆုံးအပိုင်းဖြစ်သည့် ဂါတာ့စ်(Gathas)ကို ရေးသားသူလည်းဖြစ်သည်။

ဇော်ရော့အက်စတာ၏ ငယ်ဘဝနှင့် ပတ်သက်၍ သိရှိနိုင်ရန် အချက်အလက်အလွန်ပင်ရှားပါသည်။ ခန့်မှန်းအားဖြင့် ဘီစီ ၆၂၈တွင် ယနေ့အီရန်မြောက်ပိုင်းဒေသတွင် ဖွားမြင်ပြီး အရွယ်ရောက်လျှင် သူတီထွင်သည့် ဘာသာအယူဝါဒသစ်ကို လှည့်လည်ဟောပြောသည်။ အစပိုင်းတွင် ကန့်ကွက်သူအများအပြားရှိခဲ့သော်လည်း အသက်၄ဝအရွယ်တွင် မြောက်အီရန်တွင် အုပ်စိုးနေသည့် ဘုရင်ပစ်ရှ်တာစ်ပါ(Vislitaspa) ကသူ့အယူဝါဒကိုလက်ခံသဖြင့် ကောင်းစွာ သာသနာပြုနိုင်ပြီဖြစ်သည်။ အသက် ရရနှစ်တွင် ဇော်ရော့အက်စတာကွယ်လွန်သည်။

ဇော်ရော့အက်စတာဝါဒ အကျဉ်းချုပ်

ဇော်ရော့အက်စတာ၏ဝါဒတွင် တစ်ဆူတည်းသောဘုရားဝါဒကိုလက်ခံသလို အခြားတစ်ဖက်တွင်လည်း ဘုရားအများအပြားရှိသည်ကိုလည်း လက်ခံသည်။ထို့ကြောင့် အတန်ပင်ရှုပ်ထွေးသည့် ဘာသာဖြစ်သည်ဟုဆိုနိုင်သည်။ သူ့အဆိုအရ တစ်ဆူတည်းသောဘုရားမှာ အဟုရ မာဇဒါ(Ahura Mazda)(ခေတ်အီရန်ဘာသာဖြင့် ဩမွဒ် (Ormuzd)) ဖြစ်သည်။ဉာဏ်ပညာကြီးရင့်လေးမြတ်သူ ဟုအဓိပ္ပါယ်ရပြီး ထိုဘုရားသည် မှန်ကန်ခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။ မှားယွင်းခြင်း၊သစ္စာမဲ့ခြင်း တို့၏ အဆိုးဘက်မှ ဘုရားအမည်မှာ အန်ဂရ မိန်ရု (Angra Mainyu)(ခေတ်အီရန်ဘာသာဖြင့် အရီမန်(Ahriman))ဖြစ်ပြီး အဆိုပါ အကောင်းနှင့် အဆိုးဘုရားနှစ်ပါးတို့ ကမ္ဘာတွင်အားပြိုင်နေကြသည်ဟုဆိုသည်။ လူသားတစ်ဦးအနေဖြင့် မိမိလိုက်လိုသည့်ဘက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။ယခုအခါမှာ ဘုရားနှစ်ပါးအနေဖြင့် အာပြိုင်မှုကို ခေတ္တရပ်နားနေချိန်ဖြစ်သော်လည်း အဆုံးတစ်နေ့တွင် အဟုရ မာဇဒါ ကသာ အနိုင်ရမည်ဖြစ်သည်။ထို့ပြင် ဤဘာသာယုံကြည်မှုတွင် သေလွန်ပြီးနောက် အခြားဘဝများရှိသေးသည်ကိုလည်း လက်ခံသည်။

ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ တရားနည်းလမ်ကျခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။တဏှာနည်းရန်ကျင့်စဉ်များကို လမ်းညွှန်သည်။ သို့သော် အိမ်ထောင်သားမွေပြုးခြင်းကို မတားမြစ်ပေ။ ဘုရားရှိခိုးရာတွင် မီးကိုပူဇော်ခြင်းပြုသည်။ထိုမီးမငြိမ်းရန် အဓိကအဖြစ် ဂရုပြုရသည်။ သေလွန်သူ၏ ရုပ်အလောင်းကို သင်္ဂြိုဟ် ရာတွင် စင်ထိုးပြီး ငှက်စာကျွေးသည်။(ဤအချက်တွင် တိဘက်ဓလေ့နှင့်တူသည်။)

ဇော်ရော့အက်စတာဘာသာရေး၏ အထိမ်းအမှတ်ရုပ်ပုံတံဆိပ်

ဖြတ်သန်းမှု သမိုင်း

ဇော်ရော့အက်စတာ သက်ရှိထင်ရှားနေချိန်အတွင်းတွင် သူ၏ဝါဒမှာ များစွာပျံနှံခြင်းမရှိပေ။သို့သော် နှစ်ပေါင်း၂၀၀ ကြာသော် ပါရှမင်းများက လက်ခံအားပေးသည့်အတွက် ပါရှ(အီရန်)တွင် ဦးဆောင်ဘာသာကြီးဖြစ်လာသည်။ မဟာအလက်ဇန္ဒား ပါရှကိုဝင်ရောက် သိမ်းပိုက်ချိန်တွင် ဇော်ရော့အက်စထရီယံဝါဒမှာ အကြီးအကျယ်ကျဆင်းရသည်။ ပါရှတို့ ဂရိလက်အောက်မှ လွတ်ပြီးချိန်၊ဟယ်လင်နစ်ယဉ်ကျေးမှုမှ လွတ်ချိန်ရောက်မှ တဖန်ပြန်လည်တည်ထောင်ခွင့်ရခဲ့သည်။ ပါရှအင်ပါယာသစ်ဖြစ်သည့် ဆက်စနစ်အင်ပါယာ(အေဒီ ၂၂၆-၆၅၁)(Sassanid Empire)ကို အုပ်စိုးသည့် မင်းဆက်များလက်ထက်တွင် နိုင်ငံတော်ဘာသာအဖြစ်နှင့် ပြန်လည်အားကောင်းလာခဲ့ပါသည်။သို့သော် ဂိုဏ်းခွဲငယ်ပေါင်း အများအပြား ကွဲပြားသွားခဲ့သည်။

ခရစ်နှစ် ၇ ရာစုဝန်းကျင်တွင် အာရေဗျမှ အာရပ်မူဆလင်တို့က အီရန်ကိုသိမ်းယူပြီးနောက် ဇော်ရော့အက်စတာဘာသာဝင် အများအပြားသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားခဲ့သည်။သို့သော် လက်ကျန်ဘာသာဝင်များလည်းကျန်ရှိနေခဲ့ပြီး နောက်ပိုင်းတွင် အီရန်ပင်မကုန်းမြေမှ ဟောဇ်မုန်ကျွန်းပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။ထိုမှ တဆင့် အိန္ဒိယသို့ ရောက်ရှိသွားသည်။ အိန္ဒိယလူမျိုးတို့က ၎င်းတို့ကို ဖါရစီ ဟုခေါ်ကြပြီး ယနေ့တိုင်လူဦးရေ တစ်သိန်းကျော်ခန့် ရှိသေးသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံ ၊ ဘုံဘေဝန်းကျင်တွင်နေထိုင်ကြပြီး အီရန်တွင်လည်း ဇော်ရော့အက်စတာဘာသာဝင် နှစ်သောင်းခန့် ကျန်ရှိသေးသည်။

နောင်တစ်ချိန်တွင် ပေါ်ထွန်းလာသည့် ဘာသာရေးခေါင်းဆောင် မနိ(Mani)သည် သူ၏ မနိရှေအစ်ဇမ်ဝါဒ (Manicheaism)တွင် ဇော်ရော့အက်စတာ၏ အကောင်းနှင့်အဆိုး အားပြိုင်ခြင်း သဘောတရားကို တိုက်ရိုက်ယူငင်၍ တိုးတက်အောင် ပြင်ဆင်သုံးစွဲခဲ့ သည်ကိုတွေ့ရသည်။

ရည်ညွှန်းကိုးကား