Western swing: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"Western Swing ဂီတသည် အမေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၃၆၊ ၁ ဒီဇင်ဘာ ၂၀၁၆ ရက်နေ့က မူ

Western Swing ဂီတသည် အမေရိကန် country ဂီတ၏မျိုးခွဲ အမျိုးအစားဖြစ်ပြီး ၁၉၂၀ နောက်ပိုင်းတွင် အနောက်နှင့် တောင်ပိုင်းဒေသတွေထဲမှ အနောက်ဘက်ကြိုးတပ်တီးဝိုင်းများထဲတွင် စတင်ခဲ့သည်။ အကဂီတတစ်မျိုးဖြစ်ပြီး မြန်သောတီးလုံးများပါရှိသည်။ ၁၉၃၀နှင့် ၁၉၄၀အတောအ တွင်း Texas, Oklahomaနှင့် carlifornia ရှိဟော်ခန်းနှင့် ကလပ်များ၌ ကြီးမားသောလူအုပ်များကို စွဲဆောင်ခဲ့သည်။ ရွှေ့လျားမှုသည် Jazz ဂီတ၏ကြီးထွားမှုဖြင့် စတင်ခဲ့သည်။ gypsy jazzနှင့် ဆင်တူသည်။ ဂီတသည် rural, cowboy, polka,folk, Dixieland jazzနှင့် blues များကို ပေါင်းစပ်ထားသည်။ ကြိုးတီးဝိုင်းများသည် ဒရမ်၊ saxophones, စန္ဒယားနှင့် စတီးဂီတာများပါ၀င်သည်။ စတီးဂီတာများသည် ထူးခြားသော အသံကို ပေးစွမ်းနိုင်သည်။ တစ်နိုင်ငံလုံးရှိ big swing တီးဝိုင်းများကြောင့် western swing သည် ကွဲပြားသည်။ အနောက်တိုင်းတီးဝိုင်းများသည် တီးလုံး တီးကွက်၊ အဆိုနှင့် အခြားတူရိယာများသည် တယော၏ဦးဆောင်မှုနောက်သို့ လို်က်သည်။ ထို့ပြင် ထိုတီးဝိုင်းများသည် တစ်ကိုယ်တော်ဖျော်ဖြေကြပြီး လက်တန်းစပ်ကြသည်။ Western swing ကျော်ကြားနေချိန်တွင် အရေးပါသောအုပ်စုများမှာ The Light Crust Doughboys, Bob Willsand The Texas Playboys, Milton Brown and His Musical Brownies, Spade Cooley and His Orchestra နှင့် Hank Thompson And His Brazo Valley Boys တို့ပါ၀င်သည်။ ခေတ်ပြိုင်အုပ်စုများတွင် Asleep at the Wheel နှင့် Hot Clubo of Cowtown.

မီဒီယာ

Western Swing သည် အကဂီတမှ စတင်ခဲ့သည်။ Swing ၏အဓိပ္ပါယ်မှာ ကြီးမားသော အက ဂီတတီးဝိုင်းဟု အမည်ရသည်။ ၁၉၃၂ (It Don’t Mean a Thing (If it Ain’t Got That Swing) တိုင်အောင် အသုံးမပြုခဲ့ပေ။ ဒုတိယကမ္ဘာစစ်မတိုင်မီ hillbilly, old-time ဂီတစျေးကွက်ထဲသို့ ကွဲပြားသော မှတ်တမ်းကုမ္ပဏီများ ပေါ်လာသည်။ ကြီးမားသော အနောက်တိုင်းအကတီးဝိုင်းဦးဆောင် သူများသည် သူတို့၏ ဂီတကို အနောက်တိုင်းအကဂီတအဖြစ် ရည်ညွန်းကြသည်။ Bob Wills နှင့် အခြား western swing ကို ယုံကြည်သူများသည် ၁၉၃၉နှင့် ၁၉၄၂တွင် အသုံးပြုခဲ့သည်။ အမေရိကန်ဂီတပညာရှင် Spade Cooley သည် Western Swing ဘုရင်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည်။ ၁၉၄၂ပတ်လည်တွင် Cooley မှ ထောက်ခံအားပေးသူ disc jockey “Foreman” Philips သည် သူ၏ဖောက်သည်များကို western swing ဟု ကြေညာခဲ့သည်။ ၁၉၄၄ ဇွန်လ၂၀ရက်နေ့ Billboard နိဂုံးတွင် Western Swing ဝေါဟာရအသုံးအနှုန်းကို ပထမဆုံးအသုံးပြုခဲ့သည်။ ထို့နောက်ထိုဂီတကို Western Swing ဟု လူသိများလာသည်။ ၁၉၂၀နောက်ပိုင်းမှ ၃၀အလယ်(စတင်ခြင်း)

Western Swing သည် ၁၉၂၀နောက်ပို်င်းနှင့် ၁၉၃၀အစောပိုင်းတွင်Great Plainမှ တစ်လျှောက်မြို့ငယ်များ၏ အကခန်းမများတွင်စတင်ခဲ့သည်။ အစောပို်င်းဖွံ့ဖြိုးမှုများအတောအတွင်း တွင် အုပ်စုများသည် San Antonioမှ Shreveport မှ Oklahoma City သို့ ကွဲပြားသော သီချင်းများနှင့် တီးခတ်ခဲ့သည်။ Prince Albert Hunts ၏ အရှေ့ Texas မှ Terrell နှင့် Lindale မှ the East Texas Serenaders တို့တွင် ၁၉၂၀မှ ၁၉၃၀အစောပိုင်းအထိ Jazz အစိတ်အပိုင်းတို့ကို ရိုးရာဂီတထဲသို့ ပေါင်းထည့်ခဲ့သည်။ Fred “Papa” Vernon Dolbart နှင့် သူ၏တီထွင်ဖက်များထဲမှ Carson Robinson သူ Carson Robinson သည် Carson Robinson’s Madcap (hot jazz တီးဝိုင်း) ကိုတည်ထောင်ခဲ့ပြီး country သီချင်းများဖန်တီးခဲ့သည်။ သူတို့မှ Nonsense ကို၁၉၂၉စက်တင်ဘာ တွင် ဖန်တီးခဲ့ပြီး western swing ပုံစံဖြစ်သည်။ ထူးခြားချက်မှာ ကြေးတူရိယာများပါရှိပြီး ပြင်းထန်သော တီးလုံးများနှင့်အတူ လန်းဆန်းသော တယောသံများပါရှိသည်။ ၁၉၃၀အစောပိုင်းတွင် Bob Will နှင့် Milton Brown သည် ကြိုးတပ်တီးဝိုင်းများကို တည်ထောင်ခဲ့ပြီး Light Crust Doughboys ဟူ၍ ဖြစ်လာသည်။ ဤအမျိုးအစားထဲတွင် ပထမဆုံးကျွမ်းကျင်သော တီးဝိုင်းဖြစ်သည်။ ထိုအုပ်စုနဲ့ Fred “Papa” Calhoun တို့သည် ရေဒီယိုမှ တီးခတ်ခဲ့သည်။ Light Crust Doughboys သည် ၁၉၃၁တွင် ဂီတာနှစ်လက်နှင့် တယောတီးခတ်သူများနှင့် ပြသခဲ့သည်။ ၁၉၃၂ ဖေဖော်ဝါရီ၉တွင် သူ၏ အစ်ကို Durwood, Bob Wills နှင့် C.G. “Sleepy” Johnsonတို့သည် Dallas, Texas ရှိ The Fort Worth Doughboys နာမည်အောက်မှ Jefferson Hotel ၌ Victor Records ဖြင့်ချီခဲ့သည်။ Montgomery Word သည် “Milton Brown and Musical Brownies ကို မှတ်တမ်းတင်ခဲ့သည်။ Brown သည် ၁၉၃၂တွင် Doughboys ကိုစွန့်ခေါ်ပြီးနောက် သူ၏အစ်ကိုကို ရမ်သမ်ဂီတာတီး ခတ်စေပြီး Musical Brownies ဟူ၍ ဖြစ်လာသည်။ ၁၉၃၃ ဇန်နဝါရီတွင် တယောသမား Cecil Brower သည် Jesse Aslock နှင့်ပေါင်း၍ ပူးတွဲတီးခတ်ခဲ့ကြသည်။ Brower သည် အကောင်းဆုံး လေ့ကျင့်ထားသော တယောသမားဖြစ်သည်။ သူ၏ဖန်တီးမှုကို ဤအမျိုးအစားထဲတွင် ကူညီခဲ့သည်။ ၁၉၃၃ အောက်တိုဘာတွင် Doughboys အုပ်စုနှင့်အတူ vocaltion မှတ်တမ်းနဲ့ မှတ်တမ်းတင် ခဲ့သည်။ ၁၉၃၅နှင့် ဒုတိယကမ္ဘာစစ်ကြားရှိနှစ်များတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည်။၁၉၃၇တွင် western swing မှ အကောင်းဆုံးဂီတသမားထဲမှ တစ်ချို့သည် တီးဝိုင်းနှင့်ဆက်သွယ်ခဲ့သည်။ Kenneth Pitts နှင့် Clifford Cross သည် ၁၉၃၉တွင် တယောတီးခတ်ခဲ့သည်။ Brower သည် Buck Buchannan ကို တယောသမားနေရာတွင် အစားထိုးခဲ့သည်။ ၁၉၃၃နောက်ပိုင်းတွင် Wills သည် Waco, Texas တွင် Texas Playboys ကို ဖွဲ့စည်းခဲ့သည်။ ၁၉၃၅ စက်တင်ဘာတွင် စတင်၍ မှတ်တမ်းတင်ခဲ့သည်။ Wills သည် တယောနှစ်လက်၊ ဂီတာ နှစ်လက်နှင့် Leo Mu Auliffe သည် စတီးဂီတာ၊ ဘင်ဂျို၊ဒရမ်နှင့် အခြားတူရိယာများကို မှတ်တမ်းတင်ရာ အသုံးပြုခဲ့သည်။ ၁၉၃၈တွင် lead guitar နှင့် လျှပ်စစ်ဂီတာများကို Will ၏မှတ်တမ်းတွင် ပေါင်းထည့်ခဲ့သည်။ ၁၉၃၀အလယ်တွင် Fort Worth သည် western swing အတွက် အချက်အချာကျသော နေရာဖြစ်လာခဲ့သည်။ ၁၉၅၀တိုင်အောင် country ဂီတကျင်းပရာနေရာအဖြစ်အောင်မြင်ခဲ့သည်။ ၁၉၅၅တွင် နှစ်သစ်ကူး Eve အကပွဲကို ခန်းမန်းခြေ ၁၈၀၀ခန့် တက်ရောက်ကြသည်။

၁၉၃၀နောက်ပိုင်းမှ ၁၉၄၀အလယ် ကျော်ကြားမှုမြင့်တက်လာခြင်း

Western swing ဒုတိယကမ္ဘာစစ် မတိုင်မီ နှစ်များတွင် အနောက်ပိုင်း အလွန်အမင်းကျော်ကြားလာခဲ့သည်။ စစ်ပွဲအတောအတွင်းအနောက်ပိုင်းကမ်းရိုးတန်းတွင် ဖွံ့ဖြိုးလာခဲ့သည်။ Light Crust Doughboys သည် တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် ရေဒီယိုဋ္ဌာန၁၇၀ ကျော်မှ လွင့်တင်ခြင်းကို ခံခဲ့ရသည်။ နားထောင်သူသန်းနှင့်ချီလာခဲ့သည်။ ၁၉၃၄မှ ၁၉၄၈တွင် Bob Wills နှင့် Texas Playboys သည် Tulsaမှ Cain’s Ballroom တွင်တီးခတ်ခဲ့ကြသည်။ ပုံမှန်ရှိုးပွဲများကို ၁၉၅၈တိုင်အောင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ထိုအနောက်တိုင်းကပွဲများသည် ကြီးမားသော အောင်မြင်မှုများရရှိခဲ့သည်။ Jimmy Wakely ဦးဆောင်သော Spade Cooley တီးဝိုင်းသည် Venice Pier Ballroom တွင် တီးခတ်ခဲ့သည်။ Bob Wills သည် Los Angeles Country Barn Dance (Venice Pier) တွင် သုံးည တီးခတ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတောအတွင်းတွင် တက်ရောက်သူ၁၅၀၀၀ခန့်ရှိကြသည်။ Riverside Rancho, Marty Landa သည် ဆက်လက်ဆောင်ရွက်ခဲ့ပြီး စတုရန်းပေ ၁၀၀၀၀ခန့် အရက်ဆိုင်သုံးဆိုင်နှင့် စားသောက်ဆိုင်တစ်ခုပါ၀င်သည်။ Merle Travis အဆိုအရ western swing သည် အိမ်သုံးဝေါဟာရဟုဆိုသည်။ Al Dexter သည် သူ၏ Pistol Packin Mama မှတ်တမ်းတွင် သန်းနှင့်ချီသော မှတ်တမ်းများ ပါ၀င်ခဲ့သည်။ အခြားLos Angeles မှ country night clubများထဲတွင် The Painted Post, Willow Lake, Cowtown, Valley Ballroom, Cowshed Club, Dick Ross’s Ballroom နှင့် Dave Ming’s 97th Street Corral တို့ပါ၀င်သည်။ Hank Penny နှင့် Armand Goutier သည် North Hollywood နှင့် Palomino ကို ဖွင့်ခဲ့သည်။ ထိုခေတ်မှ အခြားတီးဝိုင်းတစ်ခုမှာ Deuce Spriggins Orchestra ဖြစ်ပြီး Santa Monica Pier မှ Western Palisades Ballroom တွင် ညဘက်၌တီးခတ်ခဲ့ကြသည်။ KFI –AMတွင် The Cavalcade of Western Music အမည်ဖြင့်လွင့်တင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်၌ American Forces Network မှ Melody Roundup ရေဒီယိုအစီအစဉ်တွင် ထိုတီးဝိုင်းပေါ်လာခဲ့သည်။ ၁၉၄၀တွင်Jukebox ရုပ်ရှင်တွင် ထင်ရှားသော တီးဝိုင်းများပါ၀င်ခဲ့သည်။ ရိုးရှင်းသော အနောက်တိုင်းရုပ်ရှင်ကို အခြေခံထားသည်။

အရိုက်အရာ

Western swing သည် honky-tonk, rockabilly နှင့် country rock တို့လွှမ်းမိုးခဲ့သည်။ လျှပ်စစ်တူရိယာပစ္စည်းများဖြင့် country ဂီတထဲတွင် ကျော်ကြားလာခဲ့သည်။ Moon Mullican သည် western swing တီးဝိုင်းများဖြင့် ဖျော်ဖြေခဲ့သည်။ နောက်ပိုင်းတွင် Solo အနုပညာရှင်အနေဖြင့် အောင်မြင်ခဲ့သည်။ Western swing သည် rockabilly နှင့် rock and roll ကိုလွှမ်းမို်းခဲ့သည့် အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ ၁၉၄၀နောက်ပိုင်းနှင့် ၁၉၅၀အစောပိုင်းမှ Bill Haley ၏ဂီတသည် Western Swing ဟုရည်ညွန်းသည်။ Willie Nelson, Waylor Jennings, Alvin Crowနှင့် The Pleasant Valley Boys နှင့် Sleep at the wheel သည် Austin, Texas ၌ အကူအညီဖြစ်စေခဲ့သည်။ South by Southwest ဂီတပွဲတော်နှင့် Austin City Limits PBS သည် ထိုအောင်မြင်မှုကို ကူညီခဲ့သည်။ ၂၀၁၁ တွင် Texas Legislature က Western Swing ကို official “State Music of Texas” ဟု သတ်မှတ်ခဲ့သည်။