သမန်းဝံပုလွေ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"'''Unsolved Mysteries (7) : Werewolf Among..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၈:၄၈၊ ၃၀ နိုဝင်ဘာ ၂၀၁၆ ရက်နေ့က မူ

Unsolved Mysteries (7) : Werewolf Among Us? ဖြေရှင်းမရသော အံ့ဖွယ်ပဟေဋိများ (၇) Werewolf ခေါ် သမန်းဝံပုလွေတွေ ကျွန်တော်တို့အနားမှ တကယ်များရှိနေမလား

Werewolfဆိုတာ ဒဏ္ဍာရီထဲက ကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါဆန်းတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တာပါ။ သူတို့ဟာ အလွန်ကြီးမားတဲ့ လူတစ်ပိုင်း ၀ံပုလွေတစ်ပိုင်း သတ္တဝါဆန်းဖြစ်ပြီး သူတို့ရဲ ့ဒေါသကို ထိန်းချုပ်နိုင်စွမ်းနည်းပါးတဲ့ မျိုးနွယ်စုတစ်ခုပါ။ Werewolfတွေကို ပြင်သစ်၊ဂျာမနီအစရှိတဲ့နိုင်ငံတွေအပြင် ကမ္ဘာ့နိုင်ငံ အနှံအပြားမှာ တွေ့ရှိဖူးကြတယ် ဆိုပြီး ပြောဆိုကြပေမယ့် Werewolf တွေဟာ ကျေးလက်အမေရိကန် ရိုးရာဒဏ္ဍာရီတွေက ဆင်းသက် လာတာဆိုပြီး အယုံအကြည်ရှိခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်ရဲ ့ Wisconsin ပြည်နယ်အတွင်းမှာ Werewolf တွေကို အမှတ်မထင် မြင်တွေ့တဲ့သူတွေ အမြောက်အမြားရှိခဲ့တယ်ဆိုပြီး မှတ်တမ်းအရ သိရှိနိုင်ပြီး ထိုဒေသ ဟာလည်း werewolfတွေ့ရဲ ့သမိုင်းစတင်ရာ မြေဖြစ်တယ်ဆိုပြီး အနောက်တိုင်းသားတွေက တစ်ထစ်ချယုံကြည်နေကြပါတယ်။

Werewolf ဘယ်နှစ်မျိုးရှိတာလဲ

-Shapeshifter Wolf (အသွင်ပြောင်း သမန်းဝံပုလွေ) - Wolfman (လူတစ်ပိုင်း ၀ံပုလွေတစ်ပိုင်း) - True Werewolf (သမန်းဝံပုလွေ)

၁။ ။ အသွင်ပြောင်း သမန်းဝံပုလွေ

အဆင့်မြင့်ဆုံး အမျိုးအနွယ်ပါ။ သူတို့တွေဟာ လူအသွင်ကနေ သမန်းဝံပုလွေကနေပြီး လူအဖြစ်ကို စိတ်ရှိတိုင်းပြောင်းလဲနိုင်တဲ့စွမ်းအင်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါပေမာ့် အချို့အခြေအနေတွေဖြစ် တဲ့ အလွန်အမင်း ပူဆွေးသောက ရောက်ခြင်း ဒေါသများရှိပါက မိမိစိတ်ထဲက မပါပဲ အလိုလို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အားနည်းချက်တစ်ခုတော့ရှိပါတယ်။ ဒီ Shapeshifter Wolf အမျိုးအစားဟာ အခြားသူကို ကိုက်ခြင်းဖြင့် အသွင်ပြောင်း သမန်းဝံပုလွေတစ်ယောက်ဖြစ်မလာစေနိုင်ကြောင်း သတိပြုရမှာပါ။

၂။ ။ လူတစ်ပို်င်း ၀ံပုလွေတစ်ပိုင်း

သူတို့အမျိုးအစားကတော့ လူတစ်ပိုင်း ၀ံပုလွေတစ်ပိုင်း Mutant ဖြစ်နေတဲ့ပုံစံပါ။ သူတို့ဟာ အများအားဖြင့် လူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် သူတို့မှာ အမွှေးအမျှင် အလွန်ထူထပ်ပြီး အစွယ်တွေ ခြေသည်းလက်သည်းတွေ ထွက်နေလေ့ရှိတာပါ။ သူတို့အမျိုးအစားကတော့ ကျိန်စာတိုက်ခံထားရတဲ့ အမျိုးအစားပါ။ သူတို့ကတော့ လပြည့်ညရောက်မှသာ သမန်းဝံပုလွေအဖြစ် လုံးဝပြောင်းလဲသွားတာပါ။ အခြားနေ့တွေမှာတော့ လူတစ်ပိုင်း ၀ံပုလွေတစ်ပိုင်းအနေနဲ့ ကိုယ်ယောင်ဖျောက် နေထိုင်လေ့ရှိတဲ့ အမျိုးအနွယ်တွေပါ။ သူတို့ဟာ သူတို့ရဲ ့လူဖြစ်စဉ်ကအတိုင်း စိတ်ခံစားချက်တွေကို ၀ံပုလွေအဖြစ်ပြောင်းသွားတဲ့ လပြည့်ညတွေမှာတောင် ထိန်းချုပ်နိုင်စွမ်းရှိသူတွေပါ။ လပြည့်ညတွေမှာပဲ အသွင်းပြောင်းရာက အခြားညတွေအထိ ပြောင်းလဲမှု စိတ်လာမည်ဖြစ်ပြီး နောက်ဆုံး လုံးဝလူ့အသွင်ပြန်မပြောင်းတော့ပဲ လူဖြစ်စဉ်က ခံစားချက်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားပြီး ခံစားချက်မဲ့တဲ့ သမန်းဝံပုလွေအဖြစ်ထာဝရ ပြောင်းလဲသွားမယ့် အမျိုးအနွယ်တစ်ခုအဖြစ် သိနိုင်ပါတယ်။

၃။ ။သမန်းဝံပုလွေ

သူတို့က Shapeshifter Wolf မှ ဆင်းသက်လာသူတွေပါ။ ရာဇဝင်အရ Shaftshifter Wolf အချို့ဟာ သူတို့ရဲ ့ အချိန်မရွေးပြောင်းလဲနိုင်စွမ်းနဲ့ လူ့အသိစိတ်နှင့် ထိန်းချုပ်နိုင်မှုတွေကို ပျောက်ဆုံးစေတဲ့ ကျိန်စာတိုက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွားဖြစ်ပေါ်တဲ့ အဆင့်အနိမ့်ဆုံးမျိုးနွယ်တစ်ခုပါ။ သူတို့ဟာ လပြည့်ညတွေမှာ မိမိကို်ယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပဲ သမန်းဝံပုလွေအဖြစ်ပြောင်းလဲသွားပြီး အလွန်တရာ ဒေါသကြီးပြီး ရက်စက်တဲ့ သွေးဆာလောင်လာကြတာပါ။ နေ့ခင်းလူဖြစ်စဉ်က ခံစားချက်တွေအားလုံးမေ့မျောပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသူတွေပါ။ လပြည့်ညပြီး နောက်တစ်မနက်မှာလည်း ညက မိမိအဖြစ်အပျက်တွေကို လုံးဝပြန်မှတ်မိခြင်းမရှိပဲ လူ့ဘဝအဖြစ်ရှေ့ဆက်နေတဲ့ အဆင့်အတန်းနိမ့်ဆုံး သမန်းဝံပုလွေ မျိုးတွေအဖြစ် သိရှိရပါတယ်။ ထူးခြားချက်အနေနဲ့ ထိုမျိုးနွယ်တွေရဲ ့ကိုက်ဖြတ်ခြင်းခံရသူတွေဟာ တစ်ဖြည်းဖြည်းနဲ့ သူတို့မျိုးနွယ်အဖြစ် ပြောင်းလဲသွားကြောင်းမှတ်သားနိုင်ပါတယ်။

ဒီလောက်ဆိုရင် Werewolf တွေရဲ ့ အမျိုးအစားတွေကို သိပြီးပြီဖြစ်လို့ သူတို့ရဲ ့သမိုင်းဇစ်မြစ်စတင်ရာ ကို ဖော်ပြပေးလို်က်ရပါတယ်။

Werewolf တွေရဲ ့ ရာဇဝင်ဟာ ရှေးယခင်နှစ်ပေါင်းများစွာကနေ ယနေ့ထက်တိုင်အောင် အမျိုးမျိုးကွဲပြားနေခဲ့တာပါ။ ဒါပေမယ့် လူအများစုကတော့ werewolf တွေဟာ အမေရိကန်ပြည်ထောင်စု Wisconsin ဒေသမှာနေထိုင်ကျက်စားခဲ့တဲ့ အမေရိကန် တိုင်းရင်းသား လူမျိုးစုတစ်ခုဖြစ်တဲ့ The Fox tribe ကနေ အစပြုခဲ့တာလို့ ယုံကြည်ကြပါတယ်။

အဲဒီဒေသမှာ အမေရိကန် နတ်ဘုရားတစ်ပါးဖြစ်တဲ့ ၀ီဇာကာချိဟာ လူတွေနဲ့ ရောနှောပြီး မထင်မရှားနေထိုင်ခဲ့ဖူးပါတယ်။ သူရဲ ့အစွမ်းကတော့ သူဟာ သူ့စိတ်သဘောအလိုအတိုင်း လူကနေ ၀ံပုလွေ, ၀ံပုလွေကနေ လူအဖြစ်ပြောင်းနိုင်တဲ့အစွမ်းရှိသူပါ။ ကျွန်တော်အထက်က ဖော်ပြခဲ့သလိုဆို Shapeshifter Wolf ပေါ့။ သူဟာ လူတွေနဲ့ ခင်မင်ရင်းနှီးစွာ ရောနှောနေထိုင်နေတဲ့ နတ်ဘုရားတစ်ပါးပါ။

တစ်နေ့တော့ သစ်တောအတွင်းမှာ Fox tribe က ညီအကိုနှစ်ယောက်ဖြစ်တဲ့ ကီမီနဲ့ မက်ချိဟူးတို့ဟာ သမင်တစ်ကောင်ကို ဖမ်းမိလို့ အောင်ပွဲခံနေတာကို သူတွေ့လိုက်ပါတယ်။ သူဟာ သူတို့ နှစ်ယောက်စိတ်ဓာတ်ကို စမ်းသပ်လိုတာနဲ့ သူတို့အနားချဉ်းကပ်သွားပြီး သူဟာလမ်းပျောက်ပြီး အစာရေစာ ငတ်ပြတ်နေတဲ့ အခြားမျိုးနွယ်စုကဆိုပြီးသွားမိတ်ဆက်တော့ ကီမီနဲ့ မက်ချိဟူးတို့ ညီအစ်ကို ၂ယောက်ဟာ လောလောလတ်လတ်ဖမ်းမိထားတဲ့ သမင်သားအနည်းငယ်ကို ပေးကမ်းခဲ့ပါတယ်။ နတ်ဘုရား ၀ီဇာကာချီကလည်း ၀မ်းမြောက်စွာ လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တစ်ပတ်ခန့်အကြာမှာ သူတို့၃ယောက်တောထဲမှာ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ကြတာပါ။ အဲဒီမှာ ကီမီနဲ့ မက်ချိဟူးတို့ညီအစ်ကိုနှစ်ယောက်ဟာ အမဲမရတာ ဟိုးလွန်ခဲ့တဲ့တစ်ပတ်က သမင်ရပြီး နောက်ထပ်မရတော့ကြောင်းနှင့် သူတို့အလွန်ဆာလောင်နေကြောင်း ၀ီဇာကာချိကို ပြောပြပါတယ်။ နတ်ဘုရားဝီဇာကာချိဟာ သူတို့ညီအစ်ကိုကို ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ လူတွေကို လုံးဝအန္တရာယ်မပြုပဲ အမဲလိုက်ဖို့အတွက် သီးသန့်သာ အစွမ်းကို အသုံးပြုရမည့် အကြောင်းကို ကတိပေးခိုင်းပြီး ကီမီနဲ့ မက်ချိဟူးကို Shapeshifter Wolf အစွမ်းကို ပေးလိုက်ပါတယ်။

သူတို့ညီအစ်ကို နှစ်ယောက်ဟာ တစ်လခန့်အထိ သူတို့အစွမ်းကို အကျိုးရှိရှိအသုံးချပြီး Fox tribe တစ်မျိုးနွယ်စုတစ်ခုလုံးအတွက် အမဲရှာဖွေပေးနိုင်ခဲ့တာပေါ့။ တစ်နေ့တော့ မက်ချိဟူးဟာ သူတို့မျိုးနွယ်စုထဲက ကောင်လေးတစ်ယောက်နဲ့ ကတောက်ကဆဖြစ်ရာမှ ဒေါသမချုပ်တည်းနိုင်ပဲ သူပင်ကိုယ်စိတ်မပါပဲ ၀ံပုလွေအသွင် ပြောင်းသွားပြီး လက်လွန်ပြီး သတ်မိခဲ့တာပါ။ Fox tribe မျိုးနွယ်စုတစ်ခုလုံးကလည်း ကြောက်လန့်ပြီး သူတို့ညီအစ်ကိုနှစ်ယောက်ကို မျိုးနွယ်စုမှ နှင်ထုတ်ခဲ့ကြတာပါ။

နတ်ဘုရားဝီဇာကာချိလည်း အလွန်အမင်းဒေါသထွက်ပြီး ကတိချိုးဖောက်ခဲ့တဲ့ မက်ချိဟူးကို ကျိန်စာတိုက်ခဲ့ပါတယ်။ မက်ချိဟူးဟာ သူရဲ ့စိတ်အလိုအတိုင်း ပြောင်းလဲနိုင်စွမ်းမရှိတော့တဲ့ သမန်းဝံပုလွေ ဖြစ်လာခဲ့ပါတော့တယ်။ အထက်မှာဖော်ပြခဲ့သလိုဆို အဆင့်အနိမ့်ဆုံး တတိယမြောက်အမျိုးအစားပေါ့။ သူ့ရဲ ့အစ်ကို ကီမီဟာလုံးဝ လပြည့်ညတွေဆို လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ သူ့ကို စွန့်ခွာခဲ့ပါတော့တယ်။

ဒီလိုနဲ့ ရာဇဝင်အရ မက်ချိဟူးဟာ မူလပထမ သမန်းဝံပုလွေအဖြစ်လည်းကောင်း အခြားဆင့်ပွား သမန်းဝံပုလွေတွေရဲ ့ ဖန်တီးသူဖခင်တစ်ပါးအဖြစ်လည်းကောင်းဖြစ်လာခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ နှစ်ပေါင်းများစွာတိုင်အောင် ယုံတမ်းရာဇဝင်အဖြစ် ကျွန်တော်တို့ကြား ပျံနှံနေခဲ့သော်လည်း ၁၉၃၆ခုနှစ်မှာ ထိုရာဇင်ဝင်စတင်ရာ Wisconsin ဒေသမှာ သမန်းဝံပုလွေကို ဒေသခံတွေ အမှတ်မထင်တွေ့ရှိမှုတွေ ရှိခဲ့တာကစပြီး အရာရာပြောင်းလဲ လာခဲ့ပါတယ်။

ဒီသမန်းဝံပုလွေတွေဟာ ကျွန်တော်တို့လူသားတွေကြားထဲမှာ ပုန်းကွယ်နေထိုင်နေကြတာလား

Wisconsin ဒေသမှာ ပြီးခဲ့တဲ့ နှစ်တွေက သမန်းဝံပုလွေ မတော်တဆတွေ့ရှိမှုတွေဟာ တိုက်ဆိုင်နေတာလား

သူတို့တွေဟာ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကြားမှာ ဘယ်အချိန်အထိ ကိုယ်ဖျောက်နေထိုင် နေကြမှာလဲ

Werewolf တွေဟာ ယုံတမ်းရာဇဝင်တွေလား ဒါမှမဟုတ် ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ အမှတ်တကယ် နေထိုင်ကျက်စားခဲ့ကြတာလား ဆိုတာကတော့ ဖြေရှင်းမရနိုင်သေးတဲ့ ပဟေဋိတစ်ပုဒ်အဖြစ်ကျန်ရှိနေဦးမှာ ဖြစ်ကြောင်း

Translated by DrAung