ဗညားဦး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Modify wrong spelling
အရေးမကြီး modify spelling
စာကြောင်း ၁၂ - စာကြောင်း ၁၂ -
| reg-type =
| reg-type =
| regent =
| regent =
| spouse = [[စန္ဒာမင်းလှ ]]
[[နှင်းအံဒေါင်]]
[[Sanda Dewi of Martaban|Sanda Dewi]]
[[Thiri Yaza Dewi of Martaban|Thiri Yaza Dewi]]
[[Thiri Maya Dewi I of Hanthawaddy|Thiri Maya Dewi I]]
| spouse = [[စန္ဒာမင်းလှ ]]
[[နှင်းအံဒေါင်း]]
[[Sanda Dewi of Martaban|Sanda Dewi]]
[[Thiri Yaza Dewi of Martaban|Thiri Yaza Dewi]]
[[Thiri Maya Dewi I of Hanthawaddy|Thiri Maya Dewi I]]
| issue = [[ရာဇာဓိရာဇ်|ရာဇာဓိရာဇ်]]
[[ဘောငံမုန်(ဗောခုံမှိုင်း)]]
[[တလမေဒေါ]]
[[တလမေသီရိ]]
| issue = [[ရာဇာဓိရာဇ်|ရာဇာဓိရာဇ်]]
[[ဘောငံမုန်(ဗောခုံမှိုင်း)]]
[[တလမေဒေါ]]
[[တလမေသီရိ]]
| issue-link =
| issue-link =
စာကြောင်း ၂၁ - စာကြောင်း ၂၁ -
| birth_date = 685 [[မြန်မာ သက္ကရာဇ်|ME]]
| birth_date = 685 [[မြန်မာ သက္ကရာဇ်|ME]]
| birth_place = [[မုတ္တမမြို့]]
| birth_place = [[မုတ္တမမြို့]]
| death_date = 2 Janauary 1384 (aged 61)
[[တပို့တွဲ]] 745 ME
| death_date = 2 Janauary 1384 (aged 61)
[[ပြာသို]]လပြည့်ကျော် ၁၂ ရက် 745 ME
| death_place = [[ဟံသာဝတီ|ပဲခူး]]
| death_place = [[ဟံသာဝတီ|ပဲခူး]]
| date of burial =
| date of burial =

၁၆:၃၉၊ ၂၉ နိုဝင်ဘာ ၂၀၁၆ ရက်နေ့က မူ

Binnya U
ဗညားဦး
King of Hanthawaddy
နန်းသက်710 - 745
ရှေ့မင်းဆက်ဗညားအဲလော
ဆက်ခံရာဇာဓိရာဇ်
မွေးဖွား685 ME
မုတ္တမမြို့
ကွယ်လွန်2 Janauary 1384 (aged 61)
ပြာသိုလပြည့်ကျော် ၁၂ ရက် 745 ME
ပဲခူး
ကြင်ရာတော်စန္ဒာမင်းလှ
နှင်းအံဒေါင်း
Sanda Dewi
Thiri Yaza Dewi
Thiri Maya Dewi I
သားသမီးများရာဇာဓိရာဇ်
ဘောငံမုန်(ဗောခုံမှိုင်း)
တလမေဒေါ
တလမေသီရိ
ခမည်းတော်စောဇိပ်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဆင်ဖြူရှင်ဗညားဦး(၆၈၅-၇၄၅) သည် မဂဒူးမင်းဆက် ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို ၇၁၀မှ ၇၄၅ အထိ စိုးစံသည်။ ၇ဆက်မြောက်ဘုရင် ဗညားအဲလော၏ တူတော်သူဖြစ်သည်။ ခမည်းတော်မှာ စောဇိပ် ဖြစ်ပြီး မယ်တော်မှာ စန္ဒာမင်းလှ ဖြစ်သည်။ နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် (လှထိပ်ခေါင်) ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီး ခြောက်နှစ်အကြာတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော်ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝန်းမြို့ သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။မင်းလင်္ကာ၏သား မိမိတူဖြစ်သူ မညီကံကောင်းကို ဒလစားအဖြစ် ဆက်ပေးသည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော် မူလှသည် မရှိဟု သိရသည်။လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။နောင်သော် ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။မိဖုရားကြီးဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။

ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက ဇင်းမယ် မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကိုလျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထက်ဆက်သပြီး မဟာမိတ်ပြုရသည်။အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဉ်းချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များ အားစစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။

ဇင်းမယ်စစ်

ဗညားဦး နန်းတက်ပြီး သုံးနှစ်အကြာ သက္ကရာဇ် ၇၁၃တွင် စောအဲဒိတ် နှင့် ဗေါကြယ်တို့ ဒုန်ဝန်းတွင် ပုန်စားသဖြင့် လိုက်လံနှိမ်နင်းရာ စောအဲဒိတ် နှင့် ဗေါကြယ်တို့ အရေးနိမ့်ပြီး ဇင်မယ်သို့ဝင်ပြေးကြသည်။ ၎င်းတို့နှစ်ဦး၏ ကုန်းချောမှုကို ယုံ၍ ထိုနှစ်တွင်ပင် ဇင်းမယ်မင်းသည် မုတ္တမကို လုပ်ကြံစေ၏။ မြို့ငယ်များကျ၍ ရှမ်းတို့သည် မုတ္တမကို တစ်လ၊နှစ်လမျှ ဝန်းရံထားလေသည်။

ထိုအခါ ဗညားဦး၏ ဆင်ဖြူတော်သည် ရှင်ဘုရင်အား အိပ်မက်ပေးလေ၏။ အိပ်မက်အတိုင်း လုပ်လေသော် ဇင်းမယ်ရှမ်းစစ်သည်တို့လည်း ကစဥ့်ကလျား ပြေးလွှား၍တပ်ပျက်လေ၏။ ဆင်ဖြူတော်၏ တန်ခိုးကြောင့် ဇင်းမယ်စစ်ကို အနိုင်ရခြင်းဖြစ်လေ၏။ သုံ့ပန်း၊ ဆင်မြင်း၊ အမြောက်၊ သေနတ် များစွာရလိုက်လေ၏။

ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) စေတီတည်ခြင်း

ဆင်ဖြူရှင် ဗညားဦးသည် ဇင်းမယ်စစ်ကို နိုင်သည့်အထိန်းအမှတ်ဖြင့် သီဟိုဠ်မင်းထံ လက်ဆောင်များဖြင့် ရာဇသံစာပို့ကာ သရီရဓာတ်တော်ကို တောင်းခံလေ၏။ သီဟိုဠ်မင်းလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သရီရဓါတ်တော်များကို ပေးခဲ့လေ၏။

ဆင်ဖြူတော်မှ ဇင်းမယ်စစ်ကို တိုက်ပေးခဲ့သည့် တောင်ထိပ်တွင် သရီရဓာတ်တော်များကို ဗညားဦး ရွှေစင်ရုပ်၊ မိဖုရားများ နှင့် မောင်းမမိဿံများ၏ ရွှေစင်ရုပ်၊ မှူးမတ်သေနာပတိများ၏ ရွှေစင်ရုပ်များက ရှိခိုးနေဟန် ဌာပနာ၍ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) ဘုရားကို တည်လေ၏။ မုတ္တမသည် ဇင်းမယ်စစ်ကို နိုင်ပြီးနောက် သာယာစည်ကားလှလေသည်။

နတ်ရွာစံခြင်း

ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ ဗညားဦးလွန်လျှင် ဗညားနွဲ့က ရာဇာဓိရာဇ် ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။

ကိုးကား

1. ပန်းလှ၊ နိုင်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း