ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်: တည်းဖြတ်မှု မူကွဲများ
No edit summary |
|||
စာကြောင်း ၉၃ - | စာကြောင်း ၉၃ - | ||
| [[ကွန်ဒေါ လေကြောင်းလိုင်း]] | ဖရန့်ဖွတ်၊ [[ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဖူးခက်]] | ၂ |
| [[ကွန်ဒေါ လေကြောင်းလိုင်း]] | ဖရန့်ဖွတ်၊ [[ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဖူးခက်]] | ၂ |
||
| [[ကာတာ လေကြောင်းလိုင်း]] | ဒိုဟာ | ၂ |
| [[ကာတာ လေကြောင်းလိုင်း]] | ဒိုဟာ | ၂ |
||
| [[ကိုရီးယား လေကြောင်းလိုင်း]] | [[အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဆိုးလ်-အင်ချွန်]] | |
| [[ကိုရီးယား လေကြောင်းလိုင်း]] | [[အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဆိုးလ်-အင်ချွန်]] | ၁ |
||
| [[ချိုင်းနားအဲလိုင်း လေကြောင်းလိုင်း]] | [[ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်| ထိုင်ဝမ်-ထောင်ယွမ်]] | ၂ |
| [[ချိုင်းနားအဲလိုင်း လေကြောင်းလိုင်း]] | [[ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်| ထိုင်ဝမ်-ထောင်ယွမ်]] | ၂ |
||
| [[ဂျက်စတား လေကြောင်းလိုင်း]] | [[စင်ကာပူ ချန်ဂီလေဆိပ်| စင်ကာပူ]] | ၂ |
| [[ဂျက်စတား လေကြောင်းလိုင်း]] | [[စင်ကာပူ ချန်ဂီလေဆိပ်| စင်ကာပူ]] | ၂ |
||
စာကြောင်း ၁၀၂ - | စာကြောင်း ၁၀၂ - | ||
| [[ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း]] | [[သုဝဏ္ဏဘူမိလေဆိပ်| ဘန်ကောက်-သုဝဏ္ဏဘူမိ]]| ၂ |
| [[ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း]] | [[သုဝဏ္ဏဘူမိလေဆိပ်| ဘန်ကောက်-သုဝဏ္ဏဘူမိ]]| ၂ |
||
| [[ထိုင်းအဲအေးရှား လေကြောင်းလိုင်း]] | [[ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်| ဘန်ကောက်-ဒွန်မောင်း]]၊ [[ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ပီနန်]]| ၂ |
| [[ထိုင်းအဲအေးရှား လေကြောင်းလိုင်း]] | [[ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်| ဘန်ကောက်-ဒွန်မောင်း]]၊ [[ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ပီနန်]]| ၂ |
||
| [[ဒရာဂွန် လေကြောင်းလိုင်း]] | [[ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဟောင်ကောင်]]| |
| [[ဒရာဂွန် လေကြောင်းလိုင်း]] | [[ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ဟောင်ကောင်]]| ၁ |
||
| [[နော့ လေကြောင်းလိုင်း]] | [[ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်| ဘန်ကောက်-ဒွန်မောင်း]]| ၂ |
| [[နော့ လေကြောင်းလိုင်း]] | [[ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်| ဘန်ကောက်-ဒွန်မောင်း]]| ၂ |
||
| [[အဲပုဂံ|ပုဂံ လေကြောင်းလိုင်း]] | [[ညောင်ဦးလေဆိပ်|ပုဂံညောင်ဦး]]၊[[ထားဝယ်လေဆိပ်|ထားဝယ်]]၊ [[ဟဲဟိုး လေဆိပ်|ဟဲဟိုး]]၊ [[ကော့သောင်း လေဆိပ်|ကော့သောင်း]]၊ [[ကလေးမြို့ လေဆိပ်|ကလေး]]၊ [[ကျိုင်းတုံ လေဆိပ်|ကျိုင်းတုံ]]၊ [[လားရှိုး လေဆိပ်|လားရှိုး]]၊ [[မြိတ် လေဆိပ်|မြိတ်]]၊ [[မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်|မန္တလေး]]၊ [[မြစ်ကြီးနားလေဆိပ်|မြစ်ကြီးနား]]၊ [[ပုသိမ် လေဆိပ်|ပုသိမ်]]၊ [[ပူတာအို လေဆိပ်| ပူတာအို]]၊ [[စစ်တွေ လေဆိပ်|စစ်တွေ]]၊ [[တာချီလိတ် လေဆိပ်|တာချီလိတ်]]၊ [[သံတွဲလေဆိပ် | သံတွဲ]]| ပြည်တွင်း |
| [[အဲပုဂံ|ပုဂံ လေကြောင်းလိုင်း]] | [[ညောင်ဦးလေဆိပ်|ပုဂံညောင်ဦး]]၊[[ထားဝယ်လေဆိပ်|ထားဝယ်]]၊ [[ဟဲဟိုး လေဆိပ်|ဟဲဟိုး]]၊ [[ကော့သောင်း လေဆိပ်|ကော့သောင်း]]၊ [[ကလေးမြို့ လေဆိပ်|ကလေး]]၊ [[ကျိုင်းတုံ လေဆိပ်|ကျိုင်းတုံ]]၊ [[လားရှိုး လေဆိပ်|လားရှိုး]]၊ [[မြိတ် လေဆိပ်|မြိတ်]]၊ [[မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်|မန္တလေး]]၊ [[မြစ်ကြီးနားလေဆိပ်|မြစ်ကြီးနား]]၊ [[ပုသိမ် လေဆိပ်|ပုသိမ်]]၊ [[ပူတာအို လေဆိပ်| ပူတာအို]]၊ [[စစ်တွေ လေဆိပ်|စစ်တွေ]]၊ [[တာချီလိတ် လေဆိပ်|တာချီလိတ်]]၊ [[သံတွဲလေဆိပ် | သံတွဲ]]| ပြည်တွင်း |
၀၇:၀၀၊ ၁ နိုဝင်ဘာ ၂၀၁၆ ရက်နေ့က မူ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon International Airport | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရသော မလေးရှားလေကြောင်း B738 လေယာဉ်တစ်စီး | |||||||||||
အချက်အလက်များ | |||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||
ပိုင်ဆိုင်သူ | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ | ||||||||||
စီမံကွပ်ကဲသူ | ပို့ဆောင်ရေးဝန်ကြီးဌာန | ||||||||||
ဝန်ဆောင်မှု ဧရိယာ | ရန်ကုန် | ||||||||||
တည်နေရာ | မင်္ဂလာဒုံ ၁၁၀၂၁, ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး, မြန်မာ | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၀၉ ပေ / ၃၃ မီတာ | ||||||||||
ကိုဩဒိနိတ် | 16°54′26″N 96°07′59″E / 16.90722°N 96.13306°E | ||||||||||
ဝက်ဘ်ဆိုဒ် | ygnia.com | ||||||||||
ပြေးလမ်း | |||||||||||
|
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့ မြောက်ဘက် ၁၅ ကီလိုမီတာအကွာ မင်္ဂလာဒုံတွင် တည်ရှိသောကြောင့် မင်္ဂလာဒုံလေဆိပ်ဟုလည်း အမည်တွင်သည်။ ယင်းလေဆိပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည်။
လေဆိပ်၏ တာမီနယ်အဟောင်းမှာ ပြည်တွင်းခရီးစဉ်များအတွက်သာ ဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလမှ စတင် အသုံးပြုသည့် တာမီနယ် အသစ်မှာ ပြည်ပခရီးစဉ်များကို စီမံသည်။ နှစ်စဉ် ခရီးသည် အဝင်အထွက် ၂.၇ သန်းခန့်ရှိသည်။ [၁] ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၈ သိန်းခန့်နှင့် ပြည်တွင်း ခရီးသည် ၁.၂ သန်းခန့် ရှိသည်။[၂] မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းစုစုပေါင်း ၇ လိုင်း၊နိုင်ငံတကာလေကြောင်းလိုင်း ၂၀ ခန့်လေဆိပ်ကို အသုံးပြုနေသည်။ ၂၀၁၁ ခု ဇွန်လတွင် အစိုးရမှ ကိုင်တွယ်နိုင်သည့်ခရီးသည်ပမာဏကို နှစ်စဉ်နှစ်တိုင်း ၄၀ ရာခိုင်နှုန်း ၊ ၂.၇ သန်းမှ၃.၈ သန်း သို့ တိုးချဲ့ရန်ကြေငြာခဲ့သည်။
သမိုင်း
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
ရန်ကုန် လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခုနှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ (၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။
လေဆိပ်အဆောက်အဦး
လေဆိပ် အဆောက်အဦး (၁)
ပြည်ပ လေဆိပ်အဆောက်အဦး ဖွင့်လှစ်ပြီးနောက်ပိုင်း ပြည်တွင်း လေဆိပ်အဆောက်အဦးကို ဖျက်သိမ်းကာ လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်ခဲ့သည်။ ပြည်တွင်း လေဆိပ်အဆောက်အဦးကို အရေးကြီးဧည့်သည် ဧည့်ခန်းမဆောင်ကို အသုံးပြုခဲ့သည်။ ၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှပ်နှံ တည်ဆောက်ခဲ့သည်။[၃] အဆောက်အဦးသစ်သည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။
မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။
ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။[၄]
လေဆိပ်အဆောက်အဦး (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် ၆ သန်းခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
လေဆိပ်အဆောက်အဦး (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ထို့နောက် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အဦး (၁) ကို အသုံးပြုခဲ့သည်။
လေဆိပ် အဆောက်အဦး (၂)
စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[၂] တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြည်သူပြည်သားနှင့်ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(ICAO)၏ လုံခြုံရေးသတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း၃၀ အသုံးပြုထားသည်။အခြားမှတ်သားစရာအချက်အလက်များမှာ
- ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
- အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
- ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
- အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
- မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။
ပြည်တွင်း လေဆိပ် အဆောက်အဦး
ယခင် အရေးကြီးပုဂ္ဂိုလ်များ အဆောင်ကို ပြည်တွင်း လေကြောင်းခရီးစဉ်များအတွက် ထားရှိသည်။ ပြည်တွင်း လေဆိပ် အဆောက်အဦးမှာ လေဆိပ် အဆောက်အဦး (၁) နှင့် (၂) အကြားတွင် တည်ရှိသည်။ လေဆိပ် အဆောက်အဦး (၂) အနီးတွင် လေဆိပ်အဆောက်အဦး အသစ်ကို တည်ဆောက်လျက်ရှိပြီး နောက်ပိုင်းတွင် ပြည်တွင်း ခရီးစဉ်များမှာ အဆိုပါ လေဆိပ်အဆောက်အဦး အသစ်သို့ ပြောင်းဖွယ်ရှိသည်။ ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်အရ လက်ရှိအသုံးပြုနေသာ ပြည်တွင်း လေဆိပ်အဆောက်အဦးကို ဖျက်ကာ လေဆိပ်အဆောက်အဦး (၁) နှင့် (၂) ကို ဆက်သွယ်ကြောင်း သိရသည်။
ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ
ကုန်စည်ပို့ဆောင်
လေကြောင်းလိုင်း | မြို့အမည် |
---|---|
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း | သုဝဏ္ဏဘူမိလေဆိပ် |
လူသွားအများဆုံးမြို့များ
အမှတ်စဉ် | မြို့အမည် | တစ်ပတ်အတွင်း ထိုင်ခုံ အရေအတွက် (ခရီးစဉ်တစ်ကြောင်း) |
---|---|---|
1 | ထိုင်း- ဘန်ကောက်-သုဝဏ္ဏဘူမိ | ၂၂၁၂၀ |
2 | စင်ကာပူ- စင်ကာပူ | ၁၄၆၅၆ |
3 | မလေးရှား- ကွာလာလမ်ပူမြို့ | ၉၅၃၄ |
4 | ထိုင်း- ဘန်ကောက်-ဒွန်မောင်း | ၇၅၆၀ |
5 | တောင်ကိုရီးယား- ဆိုးလ် | ၄၉၂၀ |
6 | ထိုင်ဝမ်- ထိုင်ဝမ်-ထောင်ယွမ် | ၃၀၀၀ |
7 | တရုတ်- ကူမင်းမြို့ | ၂၆၇၆ |
8 | တရုတ်- ကွမ်ကျိုးမြို့ | ၁၉၄၂ |
9 | အိန္ဒိယ- ဗုဒ္ဓဂါယာ | ၁၇၀၆ |
10 | ကာတာ- ဒိုဟာ | ၁၅၄၀ |
ကိုးကား
- ↑ "Yangon international airport terminal put into service after renovation"၊ 2007-05-25။
- ↑ ၂.၀ ၂.၁ "Yangon International Airport opens new terminal"၊ 2007-07-25။ Archived from the original on 2013-01-03။
- ↑ တိုးချဲ့တည်ဆောက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများ ပြီးဆုံးခြင်းမရှိသေးချိန်တွင် အကြိုဖွင့်ပွဲပြုလုပ်။ Eleven media group (၁၁ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ ဝန်ဆောင်မှုပေးနိုင်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်း အဆင့်သုံးဆင့်အနက် ပထမအဆင့် ပြည်ပခရီးသည် လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ် (၁၃ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ http://www.emirates.com/media-centre/emirates-says-hello-to-yangon-and-hanoi
- ↑ http://airlineroute.net/2015/11/12/uo-mdlrgn-feb16
- ↑ Myanmar poised for more rapid growth in 2013 as foreign carriers expand and local LCC launches | CAPA - Centre for Aviation