ကန်းထရီးရော့ခ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"Country rock သည် ကျော်က..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၂၈၊ ၄ အောက်တိုဘာ ၂၀၁၆ ရက်နေ့က မူ

Country rock သည် ကျော်ကြားသောဂီတမျိုးခွဲတစ်မျိုးဖြစ်ပြီး rock နှင့် country ကို ပေါင်းစပ်ထားသည်။ rock ဂီတပညာရှင်များကြောင့်တိုးတက်ခဲ့ပြီး ၁၉၆၀နောက်ပိုင်းနှင့် ၁၉၇၀အစောပိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ ထိုဂီတပညာရှင်များသည် မှတ်တမ်းတင်ရာ၌ pedal steel ဂီတာများအသုံးပြုခဲ့သည်။ Bob Dylanနှင့် The Byrds တို့ကြောင့်စတင်ခဲ့ပြီး ၁၉၇၀ခန့်တွင် Emmylou Harris, Eagles, Michael Nesmith, Pocoနှင့် Pure Prairie League စသော် အနုပညာရှင်များကြောင့် လူကြိုက်များလာခဲ့သည်။ Southern Rock ၏ဖွံ့ဖြိုးတိုးတက်မှုထဲမှ တစ်ခုဖြစ်သည်။

၀ိသေသလက္ခဏာများ

Rock and roll သည် country ဂီတနှင့် rhythm and blues ကို ပေါင်းစပ်ထားသည်။ ပေါင်းစပ်ခြင်းထဲမှ ၁၉၅၀တွင် rockabilly ပေါ်ပေါက်လာခဲ့သည်။ country rock ဟူသော ဝေါဟာရသည် ၁၉၆၀နောက်ပိုင်းနှင့် ၁၉၇၀အစောပိုင်းတွင် rock ဂီတပညာရှင်များက ရည်ညွန်းသည်။

သမိုင်းကြောင်း မူရင်း

Country သည် ၁၉၆၀ကိုဖြတ်သန်းလျက် rock မှတ်တမ်းများမှ လွှမ်းမိုးလာခဲ့သည်။ The Beatles (၁၉၆၄) မှတ်တမ်းတင်များဖြစ်သော I’ll Cry Instead, Baby in Black နှင့် I don’t Want to Spoil the Party နှင့် the Byrds ၏၁၉၆၅ ပြန်ဆိုတေးများနှင့် Rolling Stones ၏ “High and Dry (၁၉၆၆) နှင့် Buffalo Springfield ၏ Go and Say Goodbye (၁၉၆၆) နှင့် Kind Woman (၁၉၆၈) တို့ပါ၀င်သည်။ ၁၉၆၆တွင် rock အနုပညာရှင်များ စမ်းသပ်လေ့လာတိုးချဲ့ခဲ့သည်။ နောက်ပိုင်းတွင် country လွှမ်းမိုးသော album များထွက်ရှိလာခဲ့သည်။ John Wesley ၏ Harding (၁၉၆၇)နှင့် Nashville Skyline (၁၉၆၉) တို့ဖြစ်သည်။ folk ဂီတပညာရှင်များသည် country folk အမျိုးအစားကို ဖန်တီးခဲ့သည်။ Dylan ၏ဦးဆောင်မှုသို့ The Byrds လိုက်လာခဲ့သည်။ Parson သည် country ကို rock, blues နှင့် folk တို့ကိုရောနှောခဲ့သည်။ အရင်နှစ်များတွင် Parsons သည် Safe at Home ကို Submarine တီးဝိုင်းနှင့်အတူဖြန့်ချီခဲ့သည်။ ပထမဆုံး country rock album ဖြစ်သည်။ The Byrds သည် Sweetheart of the Rodeo ကို ၁၉၆၈ တွင်ဖြန့်ချီခဲ့ပြီးအမျိုးအစားထဲတွင် အဆင့်မြင့်စွာ မှတ် တမ်းတင်ထားသော album တစ်ခုဖြစ်သည်။ album ဖြန့်ချီပြီးနောက်ပိုင်းတွင် Byrds အဖွဲ့ဝင် Chris Hillman သည် The Flying Burrito Brothers ကို တည်ဆောက်ခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် The Gilded Palace of Sin (၁၉၆၉) နှင့် Burrito Deluxe (၁၉ရဝ) တို့ကို မှတ်တမ်းတင်ခဲ့သည်။ Gram Parsons မထွက်ခင်ဖြန်ချီခဲ့ခြင်းဖြစ်သည်။

ကျယ်ပြန့်ခြင်း

Country rock သည် ၁၉၆၀နောက်မှ ကယ်လီဖိုးနီးယားဂီတဖြစ်ရပ်မှ ကျော်ကြားလာသောပုံစံ ဖြစ်သည်။ Hearts and Flowers, Poco နှင့် New Riders of the Purple Sage စသောတီးဝိုင်းများ ဖန်တီးခဲ့ကြသည်။ Byrds ၏နောက်လိုက်ဖြစ်သော Beau Brummels နှင့် Nitty Gritty Dist Band တို့လည်း ပါ၀င်သည်။ ဖျော်ဖြေသူများကြောင့် country သီချင်းများပြန်လည်ခေတ်ဆန်းလာသည်။ The Beatles (Rocky Raccoon နှင့် Octopus’s Garden (Abbey Road (၁၉၆၉) Everly Brothers (Roots album (၁၉၆၈) တို့ပါ၀င်သည်။ Mike Nesmith သည် The Monkees တီးဝိုင်းနှင့်အတူ country သီချင်းများကို လေ့လာခဲပြီး First National တီးဝိုင်းကို တည်ဆောက်ခဲ့သည်။ Neil Young သူ၏ အသက်မွှေးလုပ်ငန်းမှ အနားယူခဲ့သည်။ အနုပညာရှင်အများစုသည် country မှ rock ဆီသို့ ဦးတည်ခဲ့သည်။

ထိပ်ဆုံးသို့ရောက်ရှိခြင်း

၁၉၇၀တွင် Doobie Brothers ၏ R&B အစိတ်အပို်င်းနဲ့ရောနှောခြင်း Emmylou-Harris ၏ “Queen of country-rock နှင့် Linda Ronstadt တို့နှင့် ၁၉၇၀တွင် country rock သည် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သည်။ Pure Prairie League ကို ၁၉၆၉တွင် Ohio ၌ Craig Fuller က ဖွဲ့စည်းခဲ့ပြီး ဝေဖန်ရေးနှင့် စီးပွားရေးအရအောင်မြင်သော LP album များဖြန့်ချီခဲ့သည်။ Bustin’ Out(၁၉၇၂) သည် ဝေဖန်ရေးဆရာ Richard Foss က “ country-rock စံချိန်မမီသော album တစ်ချပ်” ဟုဆိုသည် Two Lane Highway သည် Rolling Stone Magazine က The Byrd ၏ “Sweetheart of the Rodeo ကဲ့သို့ တန်ဖိုးရှိစွာ ပေါင်းစပ်ထားသော album ဟုဆိုသည်။ ယခင်အဖွဲ့ဝင်ဟောင်း Ronstadt သည် Eagle နှင့်အတူပြန်လာခဲ့သည်။ သူသည် all time မှ အောင်မြင်သော အနုပညာရှင်တစ်ဦးဖြစ်ပြီး Desperado (၁၉၇၃) နှင့် Hotel California (၁၉၇၉) စသော album များထုတ်လုပ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ Eagle တီးဝိုင်းတွင် အဓိကလွှမ်းမိုးခဲ ပြီး ၁၉၇၅ နောက်ပိုင်းအထိ လွှမ်းမိုးမှုကျန်ရစ်ခဲ့သည်။ ၁၉၇၉ တွင် Southern rock တီးဝိုင်း Charlie Daniels သည် country ပုံစံသို့ပြောင်းရွှေ့ခဲ့ပြီး bluegrass လွှမ်းမိုးသော The Devil Went Down to Geogia ကို ဖြန်ချီခဲ့သည်။ ထိုသီချင်းသည် pop သီချင်းစာရင်းတွင် ရိုက်ခတ်ခဲ့သည်။ အရိုက်အရာများ

Country rock ၏အဓိကလွှမ်းမိုးမှုတွင် The Band, Grateful Dead, Creedence Clearwater Revival, The Rolling Stones နှင့် George Harrison တို့၏အလုပ်တွင်တွေ့နိုင် သည်။ Southern rock ဖွံ့ဖြိုးတိုးတက်မှုထဲမှ တစ်ခုဖြစ်သည်။ Blues rock မှဆင်းသက်လာပြီး southern လေယူလေသိမ်းဖြင့် ထူးခြားသည်။ alternative country ရွှေ့လျားမှုအတွက် လမ်းခင်းပေးခဲ့သည်။ ၁၉၇၀နောက်ပိုင်းတွင် လူကြိုက်များမှုကျဆင်းလာခဲ့သည်။ Neil Youngသည် country ကို rock ပုံစံသို့ ၂၁ရာစုတွင် ရောနှောခဲ့သည်။ Country rock သည် Texas တွင် ရှင်သန်ခဲ့ပြီး The Flatlander, Joe Ely, Butch Hancock, Jimmie Dale Gilmoreနှင့် ကယ်လီဖိုးနီးယားအခြေစိုက် Richard Brookes တို့၏အနုပညာများတွင်တွေ့နိုင် သည်။ အမျိုးအစားကို မှတ်တမ်းတင်ခဲ့သော အခြားဖျော်ဖြေသူများထဲတွင် Elvis Costello ၏ Almost Blue (၁၉၈၁) နှင့် Robert Plant နှင့် Alison Krauss တို့ပါ၀င်သည်။