Celtic music: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
" Celtic ဂီတ Celtic ဂ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၀၁၊ ၂၃ စက်တင်ဘာ ၂၀၁၆ ရက်နေ့က မူ







Celtic ဂီတ

Celtic ဂီတသည် ကျယ်ပြန့်လာသော ဂီတအမျိုးအစားဖြစ်ပြီး အနောက်တိုင်းမှ celtic လူမျိုးတို့၏ ရိုးရာဖြစ်သော folk ဂီတထဲတွင် ပါ၀င်သည်။ ရိုးရာဂီတသို့ ရည်ညွန်းပြီး မှတ်တမ်းတင်ထား သော ပုံစံများသည် ကပြားပုံစံထဲတွင် ပါ၀င်သည်။

ဖော်ပြခြင်းနှင့် အဓိပ္ပ္ပါယ်သတ်မှတ်ခြင်း

Celtic ဂီတသည် အဓိကအားဖြင့် အဓိပ္ပ္ပါယ်နှစ်ခုကို ဆိုလိုသည်။ ပထမသည် သူတို့ကိုယ် သူတို့ celtic ဟူ၍ ဖော်ပြစေသော ဂီတဖြစ်သည်။ ဒုတိယအားဖြင့် ပြိုင်ဘက်ကင်းသော celtic လူမျိုး တို့၏ဂီတဟုလည်း ရည်ညွန်းသည်။ အမှတ်ရစရာ celtic ဂီတသမားများမှာ Alan Stivell နှင့် paddy Moloney တို့ဖြစ်သည်။ Celtic ဂီတဟူသော ဝေါဟာရကို အိုင်ယာလန်၏ဂီတနှင့် စကော့တလန်တို့တွင်လည်း အသုံးပြုပြီး ထိုဒေသများတွင် ထူးခြားသော ပုံစံများဖြင့် ထုတ်လုပ်ကြသည်။ အဓိပ္ပ္ပါယ်ဖွဲ့ဆိုချက်သည် ပို၍ ရှုပ်ထွေးသည်။ အို်င်ယာလန်တို့၏လွတ်လပ်မှုသည် celtic ဂီတကို တိုးမြှင့်စေရန်ခွင့်ပြုထားသည်။ မည်သို့ပင်ဆိုစေ ပထဝီနှင့် သက်ဆိုင်သော ကိုးကားခြင်းများသည် celtic ဘိုးဘေးဘီလင်များကို ရည်ညွန်းပြီးအများအားဖြင့် ဂီတဆိုင််ရာ ယဉ်ကျေးမှုများကို ရည်ညွန်းသည်။ ထိုပုံစံများသည် အင်္ဂလိပ်စကားပြော ကမ္ဘာတွင် အိုင်ယာလန်နှင့် စကော့တလနလူမျိုးတို့၏ အရေးပါမှုဖြစ်သည်။ အထူးသဖြင့် အမေရိကန်တွင်ဖြစ်ပြီး အမေရိကန်ဂီတပေါ်တွင် အနက်ရှိုင်းဆုံး ရိုက်ခတ်မှုဖြစ်သည်။ တစ်ခုချင်းအလိုက် bluegrass နှင့် country ဂီတတို့ဖြစ်သည်။ wale,cornwall, Isle of Man, Brittany, Galicia, Cantabriaနှင့် Astuias (spain), Portugal တို့၏ ဂီတသည်လည်း celtic ဂီတဟု ထင်မြင်ချက်ပေးကြသည်။ ရိုးရာဓလေ့သည် အထူးသဖြင့် Brittany တွင် ပြင်းထန်ပြီး Celtic ပွဲတော်ကြီးငယ်များသည် တစ်နှစ်တာပတ်ဖြစ်လျက်ကျင်းပကြသည်။ ဝေလပြည်နယ်တွင် ကျင်းပသော eisteddford ဓလေ့ရိုးရာသည် ပြန်လည်ရှင်သန်လာပြီး မွန်းမံခြယ်လှယ်ကြသည်။ celtic လူမျိုးတို့နှင့် သက်ဆိုင်သော ဂီတသည် ကနေဒါနှင့် အမေရိကန်တိုင်အောင် ကျယ်ပြန့်လာခဲ့သည်။ ကနေဒါတွင် celtic ဂီတ၏မွေးရပ်မြေဒေသဟု သိကြသည်။ အမှတ်ရစရာများမှာ Newfoundland, Cape Breton နှင့် Prince Edward ကျွန်းတို့ဖြစ်သည်။ Atlantic Canada၏ ရိုးရာဓလေ့သည် အိုင်ယာလန်၊ စကော့တလန်နှင့် အကယ်ဒီယန်း၏ သီးသန့်လူမျိုးတို့၏လွမ်းမိုးမှုများ ပါ၀င်သည်။ celtic ဂီ်တသည် Altantic Canadaမှ Newfoundland တို့တွင် နိုင်ငံဟောင်းထက် ပို၍ ကျော်ကြားသည်။ ယနေ့ခေတ်တွင် စကော့တလန်နှင့် အိုင်ယာလန်တို့တွင် celtic ဂီတ၏ အရင်ပုံစံဟောင်းများအရင်ပုံစံဟောင်းများရှားပါးသည်။ ပင်လယ်ဒေသဖြစ်သော Cape Breton ၏သီချင်းများသည် စန္ဒယားနှင့် တယောကို ပူးတွဲတီးခတ်ကြသည်။ ထိုဒေသ၏ ဂီတထဲတွင် celtic ဂီတပါ၀င်ပြီး ထိုဒေသနှင့် ပင်လယ်ပျော်၊ ငါးမျှားခြင်းများနှင့် အခြားစက်မှုဇုံများပါ၀င်သည်။

ကွဲပြားခြင်း

June Skinner Sawyers က celtic အမျိုးသားကို သူတို့၏ ဘာသာစကားနှင့် သက်ဆိုင်သော အမွှေအနှစ်အရ အုပ်စုကို နှစ်ပိုင်းခွဲခြားခဲ့သည်။ Q-celtic အမျိုးသားရေးသည် အိုင်ယာလန်၊ စကောတလန်နှင့် Manx People တို့ဖြစ်ပြီး P-celtic အုပ်စုသည် Cornish, Breton နှင့် Wesh Peoples တို့ဖြစ်သည်။ ဂီတသမား Alan Stivell သည် Gaelic (Irish/ Scottish/ Manx Brythonic (Breton/Wesh/Cornish) အမျိုးအစားများဖြစ်သော dichotomy ကို အသုံးပြုခဲ့သည်။ အိုင်ယာလန်နှင့် စကော့တလန်တေးသွားများနှင့် Bretonနှင့် Wesh တေးသွားများနှင့် နီးစပ်သည့် တေးသွားနှင့် Gaelic ဂီတထဲမှ pentatonic scale များပါ၀င်သည်။ Celtic ဒေသများဖြစ်သော အိုင်ယာလန်၊ စကော့တလန်၊ Brittanyနှင့် ဝေလတို့သည် ရိုးရာ ဘာသာစကားနှင့် ဂီတတို့နှင့်ရှင်သန်နေထိုင်စဉ်တွင် အံသြဖွယ်ကောင်းသော အပြောင်းအလဲများရှိသည်။ Cornwall နှင့် Isle of Man တို့ထဲမှ ရိုးရာအမွှေအနှစ်များကို စိတ်ဝင်စားသူများရှိလာကြသည်။ Galicia သည် celtic ဘာသာစကားရှင်သန်ရေးလှုပ်ရှားမှုတွင် Q-celtic Gallaic သာသာကို အသုံးပြုခဲ့သည်။ Iberian Peninsula သည် ဆင်တူသော celtic ဘာသာကို အသုံးပြုထားသည်။ Brytonic ဘာသာကို Galicia နှင့် Asturias တွင် အလယ်အေဒီ ခေတ်တွင် အသုံးပြုခဲ့ကြသည်။ ရောမဘာသာကို Galicia တွင်ပြောကြသည်။ Galicia လူမျိုးများသည် ဘရာဇီးနှင့် ပေါ်တူဂီတွင် အဓိကအားဖြင့် ပေါ်တူဂီဘာသာကို အသုံးပြုကြသည်။ Galicia ဂီတသည် celtic ကို ထောက်ခံသည်။ ထိုအချိန်တွင် Asturia, Cantabria နှင့် ပေါ်တူဂီတောင်ပိုင်းတို့တွင် ထွန်းကားလာသည်။ Breton အနုပညာရှင် Alan Stivell သည် celtic နှင့် Keltia ဝေါဟာရကို အသုံးပြုခဲ့သော အစောဆုံးအနုပညာရှင်များမှတစ်ဦးဖြစ်သည်။ ဝေါဟာရသည် ကမ ္ဘာတစ်ဝန်းလုံးရှိ အနုပညာရှင်များရှိရာသို့ ကျယ်ပြန့်လာခဲ့သည်။ ယနေ့ခေတ်တွင် မယုံနိုင်စရာ အမျိုးအစားကွဲပြားလာသည်။


ပုံစံ

Celtic ဂီတထဲတွင် ဂီတဆိုင်ရာအမျိုးအစားများစွာရှိသည်။လွှမ်းမိုမှုထဲမှ ရိုးရာသီချင်းနှင့် သီးခြားဘာသာစကားလက္ခဏာများမှာ

• Celtic traditional music • Strathspeys( စကော့တလန်၏ သီးခြားအမျိုးအစားဖြစ်ပြီး စကော့တလန် Gaelic ဘာသာထဲမှ ဖြစ်သည်။) • Reels • Pibroch • Cerdd Dant (ဝေလဂီတရိုးရာထဲမှ ဖြစ်သည်) • Waulking song • Puirt a beal • Kan ha diskan • Sean-nos song • Celtic hip hop • Celtic metal • Celtic punk • Celtic fusion