Appalachian music: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"Appalachian Music Appalachian ဂီတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၂၃၊ ၂၄ ဩဂုတ် ၂၀၁၆ ရက်နေ့က မူ

Appalachian Music

Appalachian ဂီတသည် အမေရိကန်အရှေ့ပိုင်းမှ Appalachia နယ်ပယ်မှ ဂီတဖြစ်သည်။ ငုင်းသည် ကွဲပြားသော ဥရောပနှင့် အာဖရိကလွှမ်းမိုးမှုများမှ ဆင်းသက်လာခဲ့သည်။ အင်္ဂလိပ် ballad၊ အိုင်ယာလန်နှင့် စကောတလန်ရိုးရာဂီတ၊ ဓမ္မသီချင်းနှင့် အာဖရိက အမေရိက blues တို့ပါ၀င်သည်။ ၁၉၂၀တွင် ပထမဆုံးမှတ်တမ်းတင်ခဲ့ပြီး Appalachian ဂီတသမားများသည် အစောပိုင်း Old-time ဂီတ၊ country ဂီတနှင့် bluegrass နှင့် ၁၉၆၀ အမေရိကန် folk ဂီတ၏ဖွံဖြိုးမှုများလွှမ်းမိုးသည်။ တူရိယာများတွင် အမေရိကန်ဘင်ဂျို၊ အမေရိကန်တယော၊ စောင်းနှင့် ဂီတာများပါ၀င်သည်။ အစောပိုင်းမှတ်တမ်းတင်ခဲ့သော ဂီတသမားများတွင် Fiddlin’s John Carson, G.B Grayson & Henry Whitter, Bascom Lamar Lunsford, the Carter Family, Clarence Ashley, Frank Proffitt နှင့် Dock Bogg တို့ပါ၀င်ပြီး ၁၉၂၀ နှင့် ၁၉၃၀ တွင် အစောဆုံးမှတ်တမ်းတင်ခဲ့သူများဖြစ်သ သည်။ ကွဲပြားသော Appalachian ဂီတသမားများသည် Jean Ritchie, Roscoe Holcomb, Ola Belle Reed, Lily May Ledford, Hedy West နှင့် Doc Watson တို့ပါ၀င်သည်။ Country နှင့် Bluegrass အနုပညာရှင်များတွင် Loretta Lynn, Roy Acuff, Dolly Parton, Earl Scraggs, Chet Atkins, The Stanley Brothers နှင့် Don Reno တို့ပါ၀င်ပြီး ရိုးရာ Appalachian ဂီတကြီးမားစွာလွှမ်း မိုးခဲ့သည်။ အနုပညာရှင်များတွင် Bob Dylan, Jerry Garcia နှင့် Bruce Spring Steen စသော အနုပညာရှင်များသည် Appalachian သီချင်းများကို ရေးစပ်၍ သီဆိုခဲ့ကြသည်။

သမိုင်းကြောင်း

၁၈ရာစုတွင် အင်္ဂလန်၊ ဝေလ၊ အိုင်ယာလန်နှင့် စကော့တလန်တို့ Appalachia သို့ ရောက်ရှိပြီး သူတို့နိုင်ငံများမှ ရိုးရာဂီတများကို ယူဆောင်လာခဲ့သည်။ ထိုရိုးရာဓလေ့များထဲတွင် အင်္ဂလိပ်နှင့် စကော့တလန်တို့၏ Ballad နှင့် dance ဂီတ၊ အို်င်ယာလန်မှ တယောတို့ပါ၀င်သည်။ Appalachian တေးသီချင်းများထဲတွင် Pretty Sacro၊ Barbara Allen၊ The Cuckoo၊ Wayfaring Stranger နှင့် House Carpenter တို့ပါ၀င်ပြီး အင်္ဂလိပ်ရိုးရာတေးသီချင်းဓလေ့များကို အခြေခံထားသည်။ New World သီချင်းသည် မြောက်အမေရိကတွင် ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် လွှမ်းမိုးခဲ့သည့် Appalachian ဂီတဖွံဖြိုးတိုးတက်မှုတွင် ပါ၀င်ခဲ့သည်။ New World တေးသီချင်းများ သည် ထိုခေတ်အခါ အဖြစ်အပျက်များကို ရောင်ပြန်ဟပ်အောင်ရေးသားခဲ့ခြင်းဖြစ်သည်။ New World တေးသီချင်းသည် Omie Wise, Wreck of the Old 97 နှင့် John Hardy, Later, Cool Mining စသော Appalachian ဂီတထဲတွင် ကျော်ကြားခဲ့သည်။ Appalachian ယဉ်ကျေးမှု၏သင်္ကေတထဲတွင် ဘင်ဂျိုလည်းပါ၀င်ပြီး ၁၈ရာစုတွင် African-American ကျေးကျွန်များက ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ဘင်ဂျိုတီးခတ်သူများသည် ၁၇၉၈ အစောပိုင်းတွင် Appalachian ဒေသကိုဖြတ်သန်း၍ လူဖြူဂီတသမားများကြားထဲတွင် ကျော်ကြားခဲ့ သည်။ အာဖရိက အမေရိက blues သည် ၂၀ရာစု အစောပိုင်းတွင် ပျံနှံခဲ့သည်။ အစောပို်င်း Appalachian ဂီတသမားများထဲတွင် Dock Boggs နှင့် Hobart Smith တို့သည် လူမည်းဂီတသမား များစောင့်ကြည့်ခြင်းခံခဲ့ရသည်။ အခြားတူရိယာများတွင် ဂီတ၊ မယ်ဒလင်နှင့် autocharp တို့ ၁၉ရာစုနောက်ပိုင်းတွင် ကျော်ကြားလာခဲ့သည်။ ထိုတူရိယာများကို အစောပိုင်းကြိုးတီးဝိုင်းများက ဘင်ဂျိုးနှင့် တယောထဲသို့ ပေါင်းထည့်ခဲ့ကြသည်။ ၁၉ရာစုတွင် အနောက်တောင် Pennysylvania နှင့် အနောက်မြောက် Virginia မှ စောင်းတူရိယာတစ်မျိုးပေါက်ထွက်လာခဲ့ပြီး လူကြိုက်များလာခဲ့သည်။ ၂၀ရာစုအစောပိုင်းတွင် စာသင်ကျောင်းများတွင် သင်ကြားစေခဲ့သည်။ အဆိုတော် Jean Ritchie သည် ၁၉၅၀ တွင် folk ဂီတကို ရူးသွပ်သူများကြားထဲတွင် ထိုတူရိယာများအပေါ် အလေးအနက်ထားသူတစ်ယောက်ဖြစ်လာခဲ့သည်။

စုဆောင်းခြင်းနှင့်မှတ်တမ်းများ

အစောဆုံး Appalachian တေးသီချင်းများစုဆောင်းသူများထဲတွင် John Jacob Niles (၁၉၈၂-၁၉၈၀) လည်း ပါ၀င်သည်။ သူသည် ၁၉၀၇ခုနှစ်တွင် မိသားစု၊ ဘဝဆက်ဆံရေးနှင့်အလုပ်မှ သင်ကြားခဲ့သမျှကို တေးသီချင်းပုံစံဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ Niles သည် ၁၉၆၀တွင် The Ballad Book of John Jacob Niles ကို ထုတ်ဝေခဲ့သည်။ ပထမကမ ္ဘာစစ်နှစ်နောက်ပိုင်းတွင် ရှေးရိုးဓလေ့လေ့လာသူများဖြစ်သော Cecil Sharp နှင့် Maud Karpeles သည် Appalachian တောင်ပိုင်းကို လည်ပတ်ခဲ့သည်။ မြောက်ကယ်ရိုးလိုင်းနားမှ Hot Spring၊ Tennessee မှ Flag Pond၊ Kentucky မှ Harlanနှင့် west Virginia မှ Greenbrier Country နေရာများကို လည်ပတ်ခဲ့သည်။ သူတို့သည် Appalachia မှ လေ့လာပြီးနောက်ပိုင်းတွင် Sharp နှင့် Karpeless သည် English Folk Songs from the Southern Appalachians ကို ထုတ်ဝေခဲ့သည်။ Sharp နှင့် Karpeles တို့သည် အေဒီအလယ်ခေတ်သီချင်းများဖြစ်သော The Elfin Knight နှင့် Lord Thomas and Fair Elinor နှင့် advantage သီချင်းများဖြစ်သည့် In Seaport Townနှင့် Yong Beichan တို့ ရှာဖွေတွေ့ရှိခဲ့သည်။ Sharp နှင့် Karpeles တို့၏အလုပ်ကို ယခင်ဂီတဟောင်းပုံစံနှင့် သင်္ကမကင်းဖြစ်ခဲ့သည်။ ၁၉၂၃တွင် Okeh Recordsမှ Ralph Peer သည် Atlanta, Georgia မှ Appalachiaမှ ဂီတသမားများ၏ ပထမဆုံးမှတ်တမ်းများယူခဲ့သည်။ မှတ်တမ်းတင်ခဲ့သော ဂီတသမားများတွင် North Georgia မှ တယောသမား Fiddlin’s John Carson လည်းပါ၀င်ခဲ့သည်။ စီးပွားရေးအရ အောင်မြင်မှုသည် Okeh ကို ထိုဒေသမှ အခြားဂီတသမားများကို လို်က်လံရှာဖွေစေရန် လှုံဆော်မှုဖြစ် လာခဲ့သည်။ Henry Whitter လည်းပါ၀င်ခဲ့ပြီး ၁၉၂၄တွင် New York တွင် မှတ်တမ်းတင်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် Peer သည် North Carolina မှ a bunch of hillbillies တီးဝိုင်းကို မှတ်တမ်းတင်ခဲ့သည်။ တီးဝိုင်း၏ အောင်မြင်မှုမှတ်တမ်းများကြောင့် Hillbilly ဂီတကို အသုံးပြုခဲ့သည်။ ၁၉၂၇တွင် Peer သည် Victor Talking Machine Company တွင် အလုပ်လုပ်ခဲ့သည်။ ဂီတသမိုင်းရေးဆရာများသည် country ဂီတ၏စီးပွားရေးအရ အောင်မြင်မှုကို ဂရုပြုမှတ်မိခဲ့သည်။ ဂီတပညာရှင်များသည် Bristol မှ Carter Family နှင့် Jimmie Rodgers တို့၌ မှတ်တမ်းတင်ခဲ့သည်။ အခြားမှတ်တမ်း ကုမ္ပဏီများမှာ Columbia Records နှင့် ARC တို့ပါ၀င်ခဲ့ပြီး Peer၏ ဦးဆောင်မှုနောက်သို့ လိုက်ပါခဲ့သည်။ အစောပိုင်း Appalachian ဂီတသမားများတွင် Clarence Ashley နှင့် Dock Boggs တို့ပါ၀င်ခဲ့သည်။ နောက်ပိုင်းတွင် ဂီတမှတ်တမ်းတင်မှုလျော့ပါလာခဲ့ပြီး မှေးမိန်လာခဲ့သည်။

Folk ဂီတရှင်သန်ခြင်း

၁၉၃၀တွင် Grand Ole Opry စသော ရေဒီယို အစီအစဉ်များမှာ Appalachianဂီတကို စိတ်ဝင်စားလာပြီး ဆက်လက်ထိန်းသိမ်းခဲ့သည်။ Alan Lomax သည် ၁၉၄၀တွင် ထိုဒေသမှတ်တမ်းများ ပြုလုပ်ခဲ့သည်။ ၁၉၅၂တွင် Folkways Records သည် Anthology of American Folk music ကို ထုတ်ဝေခဲ့သည်။ ဂီတဗေဒပညာရှင် Harry Smithm ပြုစုရေးသားခဲ့ခြင်းဖြစ်သည်။ Appalachian ဂီတပညာရှင် Clarence Ashley, Dogck Boggs နှင့် G.B.Grayson တို့၏ တေးသွားများ ပါရှိသည်။ ထိုပြုစုမှုသည် ၁၉၅၀နှင့် ၁၉၆၀ folk ဂီတကို ပြန်လည်ရှင်သန်စေခဲ့သည်။ Mike Seeger နှင့် John Cohen နှင့် ထုတ်လုပ်သူ Ralph Rinzler သည် လာရောက်လည်ပတ်ခဲ့ပြီး မှတ်တမ်းတင်ခြင်းများကို ညွန်ကြားစီမံခဲ့သည်။ ဂီတဆိုင်ရာနောက်ခံနှင့် သူတို့၏ပုံစံအရင်းအမြစ်များကို တွေ့ဆုံတိုင်ပင် ခဲ့သည်။ Newpost Folk ပွဲတော်မှစတင်၍ Chicago တက္ကသိုလ်နှင့် Berkeley မှ ကယ်လီဖိုးနီးယားတက္က္ကသိုလ်များတွင် ပွဲတော်များ ကျင်းပခဲ့သည်။ Cohen မှ High Lonesome Sound ရုပ်ရှင်သည် Appalachian ဂီတသမားများကို တွန်းအားဖြစ်စေခဲ့သည်။

လွမ်းမိုးမှု

ကျော်ကြားခဲ့သော ဂီတသမားများတွင် Cater Family ပါ၀င်ပြီး သူ၏မှတ်တမ်းသည် hillbilly ဂီတအတွက် စျေးကွက်ဖြစ်စေခဲ့သည်။ အစောပိုင်းမှတ်တမ်းတင်ခဲ့သော country ဂီတတွင် တယောနှင့် ဘင်ဂျိုအတီးသမားများ ပါ၀င်ခဲ့သည်။ ဆယ်စုနှစ်နောက်ပို်င်းတွင် country ဂီတ စက်မှုဇုံသည် mainstream သို့ ပြောင်းရွေ့ခဲ့သည်။ hillbilly ဂီတသည် country ဂီတထဲတွင် အမှတ်ရ စရာဖြစ်လာခဲ့သည်။ ၁၉၈၀နောက်ပိုင်းတွင် Dolly Parton, Ricky Skaggs နှင့် Dwight Yoakam တို့ country ဂီတသို့ Appalachian ဂီတယူဆောင်ခဲ့ပြီး လွှမ်းမိုးစေခဲ့သည်။ Bluegrass သည် ၁၉၄၀တွင် ဖွံဖြိုးတိုးတက်ခဲ့သော ကွဲပြားသော ဂီတအရောအနှောမှ တစ်ခုဖြစ်သည်။ ဂီတဖန်တီးမှုကို Bill Monroe က သူ၏ Blue Grass Boys တီးဝိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ Three-finger banjo picking style ပါ၀င်သည်။ bluegrass အဆိုပုံစံကို high lonesome ဟုလည်း ခေါ်ပြီး Appalachian ဂီတသမား Roscoe Holcomb ၏ high-pitched သီဆိုပုံစံနှင့် ဆင်တူသည်။ Bluegrass သည် များပြားစွာသော Appalachian ဂီတသမားများထဲတွင် လျင်မြန်စွာ ကြီးထွားကာ လူကြိုက်များလာခဲ့သည်။ Stanley Brother၊ Osborne Brothers နှင့် ဆက်နွယ်နေပြီး Appalachian folk ပွဲတော်များတွင် ပါ၀င်ခဲ့သည်။ Appalachia ဂီတသည် ထိုဒေသအပြင်ဘက်မှ ဂီတသမားအများစုကို လွှမ်းမိုးခဲ့သည်။ ၁၉၅၇တွင် ဗြိတိန် အနုပညာရှင် Lonnie Donegan သည် သူ၏ Appalachian Folk သီချင်း Cumberland Gap နှင့်အတူ UK ၏ သီချင်းစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းနှစ် များတွင် Kingston Trio သည် သူတို့၏ Tom Dodey သီချင်းနှင့်အတူ U.S သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Grateful Dead အဖွဲ့ဝင် Jerry Garcia သည် Appalachian သီချင်းများဖြစ်သော Shady Grove နှင့် Wind and Rain တို့နှင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ Bob Dylan သည်လည်း Appalachian Folk သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဂန ္ကဝင်တေးရေး ဆရာများဖြစ်သော Lamar Stringfield နှင့် Kurt Weill တို့သည် Appalachian folk ဂီတပုံစံများ ရေးဖွဲ့ခဲ့ကြသည်။ mainstream မှ မျိုးဆက်သစ်များသည် Appalachian ဂီတကို စိတ်ဝင်စားလာခဲ့သည်။

ပွဲတော်များ

နှစ်တိုင်းတွင် မြောက်မြားစွာသော ပွဲတော်များကို Appalachian ဒေသမှ စတင်၍ ကမ ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိကြသည်။ Appalachian ဂီတနှင့် ယင်းဂီတနှင့်ဆက်စပ်သော ဂီတများကို ဂုဏ်ပြုကြခြင်းဖြစ်သည်။ သက်တမ်းရင့်ဆုံး ပွဲတော်များမှာ Union Grove, North Carolina မှ Ole Time Fiddler’s နှင့် Bluegrass ပွဲတော်တို့ဖြစ်သည်။ ၁၉၂၄မှ စတင်၍ ဆက်တို််က်ကျင်းပခဲ့ခြင်းဖြစ်သည်။ အားလပ်ရက်တိုင်း၏ အမှတ်ရစရာနေ့များတွင် ကျင်းပခဲ့ခြင်းဖြစ် သည်။ ၁၉၂၈တွင် Appalachian ဂီတသမား Bascom Lamar Lunsford သည် မြောက်ကယ်ရိုလိုင်းနားမှ ဘင်ဂျိုနှင့်တယောသမား Mountain Dance နှင့် Folk ပွဲတော်ကို ကျင်းပခဲ့သည်။ ငုင်းသည် သြဂုတ်လ၏ ပထမဆုံးရက်သတ္တပတ်တွင် Asheville, North Carolina တွင် နှစ်စဉ်ကျင်းပလျက်ရှိကြသည်။ စက်တင်ဘာလတို်င်းတွင် Old-Time ဂီတပွဲတော်များနှင့် Rhythm & Roots Reunion ပွဲတော်များ ကျင်းပလျက်ရှိကြသည်။ အမေရိကန် folk ဂီတပွဲတော်ကို ၁၉၃၀ တွင် Jean Bell Thomas မှစတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ Ashland, Fentucky တွင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ခြင်းဖြစ်သည်။ Appalachian String Band Music Festival ကို နှစ်စဉ်နှစ်တိုင်း၏ သြဂုတ်လပထမအပတ် တွင် ၅ရက်ကျင်းပကြသည်။ West Virginia မှ Clifftop တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတော်သည် old-time string band ဂီတနှင့် ရိုးရာဓလေ့ flatfoot dancing နှင့် square dancing တို့ကို မပျက်ယွင်းအောင် ထိန်းသိမ်းကြခြင်းဖြစ်သည်။ The Bluff Mountain ပွဲတော်ကို Hot Springs, North Carolina တွင် နှစ်စဉ်နှစ်တိုင်း၏ဇွန်လ ဒုတိယမြောက်အပတ်၏ စနေ့နေ့တွင် ကျင်းပလျက်ရှိကြသည်။ အခြားပွဲတော်တစ်ခုမှာ Mountain Heritage ဖြစ်ပြီး North Carolinaနှင့် Callwhee မှ Western Carolina University နှင့် Berea College ၏ ရိုးရာဓလေ့ပွဲတော်အဖြစ်လည်း ကျင်းပလျက်ရှိသည်။ ၁၉၇၀ တွင် ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်သည်။ အခြားအမှတ်ရစရာတစ်ခုမှာ Museum of Appalachia ပွဲတော်ဖြစ်ပြီး Clinton, Tennessee တွင် ကျင်းပလျက်ရှိသည်။