မန္တလေးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅ - စာကြောင်း ၅ -
| ဧရိယာ = ၃၇,၀၂၃
| ဧရိယာ = ၃၇,၀၂၃
| လူဦးရေ = ၆,၁၆၅,၇၂၃ ယောက်<ref name="census-2014"/>
| လူဦးရေ = ၆,၁၆၅,၇၂၃ ယောက်<ref name="census-2014"/>
| လူမျိုး = [[ဗမာလူမျိုး|ဗမာ]]၊ [[တရုတ်လူမျိုး|တရုတ်]]၊ [[ကုလားလူမျိုး|ကုလား]]၊ [[ရှမ်းလူမျိုး|ရှမ်း]]၊ [[ကရင်လူမျိုး|ကရင်]]၊ [[ဂေါ်ရခါးလူမျိုး|ဂေါ်ရခါး]]
| လူမျိုး = [[ဗမာလူမျိုး|ဗမာ]]၊ [[တရုတ်လူမျိုး|တရုတ်]]၊ [[အိန္ဒိယလူမျိုး|အိန္ဒိယ]]၊ [[ရှမ်းလူမျိုး|ရှမ်း]]၊ [[ကရင်လူမျိုး|ကရင်]]၊ [[ဂေါ်ရခါးလူမျိုး|ဂေါ်ရခါး]]
| ဘာသာတရား = [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ]]၊ [[ခရစ်ယာန်ဘာသာ|ခရစ်ယာန်]]၊ [[အစ္စလာမ်ဘာသာ|အစ္စလာမ်]]၊ [[ဟိန္ဒူဘာသာ|ဟိန္ဒူ]]
| ဘာသာတရား = [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ]]၊ [[ခရစ်ယာန်ဘာသာ|ခရစ်ယာန်]]၊ [[အစ္စလာမ်ဘာသာ|အစ္စလာမ်]]၊ [[ဟိန္ဒူဘာသာ|ဟိန္ဒူ]]
| မြေပုံ = MyanmarMandalay.png
| မြေပုံ = MyanmarMandalay.png

၀၃:၄၃၊ ၃ ဩဂုတ် ၂၀၁၆ ရက်နေ့က မူ

မန္တလေးတိုင်းဒေသကြီး
မြို့တော် မန္တလေးမြို့
ဧရိယာ ၃၇,၀၂၃ km²
လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁]
လူမျိုးများ ဗမာတရုတ်အိန္ဒိယရှမ်းကရင်ဂေါ်ရခါး
ဘာသာတရားများ ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ


မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

သမိုင်းကြောင်း

မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို “အညာသားယဉ်ကျေးမှု” (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာဟန်လင်းဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ၀တီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ [၂]

တည်နေရာနှင့် အကျယ်အဝန်း

မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၂] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁] ရှိသည်။

ရာသီဥတု

ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၄င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။

တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။

မြို့တော်

မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။

ဖိုင်:Mandalay-div.jpg
မန္တလေးတိုင်းမြေပုံ

မြို့နယ်များ

2

ခရိုင်ရုံးစိုက်ရာမြို့များ

အခြား မြို့ရွာများ

4

စိတ်ဝင်စားဖွယ်နေရာများ

[၃]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့

ဒေသထွက်ကုန်များ

တွင်းထွက်များ

ကိုးကား

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. ၂.၀ ၂.၁ တိုင်းဒေသကြီးအကြောင်း။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ ၁၁ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. D.P.S. MYANMAR GUIDE MAP. 2000.
  4. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်

ပြင်ပလင့်ခ်များ