မန်ချက်စတာ ယူနိုက်တက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး roboto aldono de: sw:Manchester United F.C.
စာကြောင်း ၁၀၀ - စာကြောင်း ၁၀၀ -
[[sr:ФК Манчестер јунајтед]]
[[sr:ФК Манчестер јунајтед]]
[[sv:Manchester United FC]]
[[sv:Manchester United FC]]
[[sw:Manchester United F.C.]]
[[szl:Manchester United F.C.]]
[[szl:Manchester United F.C.]]
[[ta:மான்செஸ்டர் யுனைட்டெட் F.C.]]
[[ta:மான்செஸ்டர் யுனைட்டெட் F.C.]]

၀၁:၁၂၊ ၂၄ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

Manchester United F.C.
Manchester United's emblem
အသင်းအမည်မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်
အခြားအမည်The Red Devils[၁]
တည်ထောင်နှစ်၁၈၇၈ တွင် နယူတန် ဟိသ် L&YR ဘောလုံးကလပ် အဖြင့်စတင်ခဲ့သည်။
အိမ်ကွင်းအိုးတရတ်ဒ်ဖို့ဒ်
တရတ်ဒ်ဖို့ဒ်
ဂရိတ် မန်ချက်စတာ
အင်္ဂလန်
(လူဝင်ဆံ့မှု: ၇၆၂၁၂)
ဥက္ကဋ္ဌ အမေရိကန် ဂျိုအဲဂလေဇာ နှင့် အာဗရမ် ဂလေဇာ
မန်နေဂျာဆာအဲလက်စ်ဖာဂူဆန်
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀၀၇–၀၈ပရီးမီးယားလိဂ်၊ ပထမ
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
လက်ရှိ ရာသီ
ကပ္ပတိန် အင်္ဂလန် ဂယ်ရီနဗီး

မန်ချက်စတာယူနိက်တက်သည် ဂရိတ်တာမန်ချက်စတာ၊ တရတ်ဒ်ဖို့ဒ်ရှိ အိုးတရတ်ဒ်ဖို့ဒ်ဘောလုံးကွင်းကို အခြေပြုသော အင်္ဂလိပ် ဘောလုံးကလပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသိများအထင်ရှားဆုံးသော ဘောလုံးကလပ်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ တကမ္ဘာလုံး၌ အားပေးသူပရိသတ်ပေါင်း သန်း ၃၃၀ ကျော်မျှရှိပြီး ပရိသတ်ပေါင်းမှာ ကမ္ဘာ့လူဦးရေ၏ ၅ရာခိုင်နှုန်းမျှရှိသည်။ မန်ချက်စတာယူနိုက်တက်သည် အင်္ဂလိပ်ပရီးမီးယားလိဂ်ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်စဥ်ကတည်းက ပါဝင်ခဲ့သော အဖွဲ့ဝင်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောက၏ အမြင့်ဆုံး အဆင့်အတန်းတွင် ကစားနေခဲ့သည်မှာ ၁၉၇၄-၇၅ ဘောလုံးရာသီတစ်ခုမှလွဲလျှင် ၁၉၃၈ခုနှစ်ကတည်းကပင်ဖြစ်သည်။ အင်္ဂလိပ်ဘောလုံးလောကတွင် ကလပ်ကို ပျှမ်းမျှလာရောက်အားပေးသူ အများဆုံးအနေနှင့် ၁၉၆၄-၆၅ ခုနှစ်ကတည်းက ရှိခဲ့သည်မှာ ဘောလုံးရာသီ ၆ခုမှလွဲ၍ ဖြစ်သည်။

ကလပ်သည် အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ဒုတိယမြောက် အအောင်မြင်ဆုံးကလပ်ဖြစ်ပြီး လတ်တလောအချိန်တွင် အအောင်မြင်ဆုံးကလပ်ဖြစ်သည်။ ဆာအဲလက်စ်ဖာဂူဆန် မန်နေဂျာအဖြစ်စတင်တာဝန်ယူခဲ့သည့် ၁၉၈၆ နိုဝင်ဘာလမှစ၍ နာမည်ကြီးဖလားပေါင်း ၂၀ ကို ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် ပရီးမီးယားလိဂ်၏ လက်ရှိချန်ပီယံဖြစ်ပြီး အင်္ဂလန်၏ အဆင့်မြင့်တန်း ဖလားကို ၁၇ ကြိမ်မျှဆွတ်ခူးခဲ့ဖူးပြီး လစ်ဗာပူးကလပ်၏ စံချိန် ၁၈ကြိမ်ထက် တစ်ကြိမ်မျှသာလျော့နည်းသည်။ ၁၉၆၈ ခုနှစ်တွင် အက်စ်အယ်လ် ဘင်ဖီကာ (S.L. Benfica)အသင်းကို ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိပြီး ဥရောပဖလားကို ပထမဦးဆုံးဆွတ်ခူးခဲ့သော အင်္ဂလိပ်ဘောလုံးကလပ်ဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ယခင်တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော ဘောလုံးကလပ်တစ်ခုတည်းမှ ဖလား ၃ခုကို တစ်ရာသီတည်းတွင် ဆွတ်ခူးခဲ့သောအောင်ပွဲတွင် ဥရောပဖလားကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ တတိယအကြိမ်မြောက် ဥရောပဖလားကိုမူ ၂၀၀၈ ခုနှစ် ပထမဖလားရပြီး နှစ် ၄၀ ခန့်အကြာတွင် ရရှိခဲ့သည်။ မန်ချက်စတာယူနိုက်တက်သည် အက်ဖ်အေဖလား ကို အများဆုံးဆွတ်ခူးခဲ့သူစံချိန်ကို ဖလား ၁၁ခုဖြင့်တင်ထားခဲ့သည်။

၁၉၉၀လွန် နှောင်းပိုင်းခုနှစ်များမှစ၍ မန်ချက်စတာယူနိုက်တက်သည် ဘောလုံးကလပ်များတွင် အမြတ်အစွန်းအများဆုံးရရှိသော ကလပ်တစ်ခုဖြစ်လာပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ အခုလက်ရှိအချိန်တွင် ၂၀၀၈ ခုမေလ၌ တန်ဖိုး စတာလင်ပေါင် ၈၉၇ မီလီယံ (ယူရို ၁၃၃၃ မီလီယံ ဒေါ်လာ/အမေရိကန် ၁.၈ ဘီလီယံဒေါ်လာဖြင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် တန်ဖိုးအရှိဆုံး ဘောလုံးကလပ်အဖြင့် အဆင့်အတန်းသတ်မှတ်ထားသည်။ မန်ချက်စတာယူနိုက်တက်သည် ယခုအခါမရှိတော့ပြီဖြစ်သော ဥရောပဘောလုံးကလပ်များ၏ ဦးဆောင်အဖွဲ့အစည်း G-14 အဖွဲ့နှင့် ထိုအဖွဲ့ကို အစားထိုးဖွဲ့စည်းသော ဥရောပကလပ်များအသင်း(European Club Association) ကို စတင်ထည်ထောင်ခဲ့သော အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

အဲလက်စ်ဖာဂူဆန်သည် ကလပ်၏မန်နေဂျာအဖြစ် ၁၉၈၆ နိုဝင်ဘာလ ၆ရက်မှ စတင်တာဝန်ယူခဲ့သည်။ ကလပ်အသင်း၏ လက်ရှိ ကပ္ပတိန်မှာ ဂယ်ရီနဗီးဖြစ်ပြီး ရိုင်းကိန်း(Roy Keane) ထံမှ ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် ဆက်ခံရယူခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်းကိုးကား

  1. Manchester United Football Club။ Premier League။ 2008-03-02 တွင် ပြန်စစ်ပြီး။