ဒံပေါက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: ar:بهارات البرياني
အရေးမကြီး roboto aldono de: ceb:Beryāni
စာကြောင်း ၄၂ - စာကြောင်း ၄၂ -
[[arc:ܒܪܝܐܢܝ]]
[[arc:ܒܪܝܐܢܝ]]
[[bn:বিরিয়ানি]]
[[bn:বিরিয়ানি]]
[[ceb:Beryāni]]
[[da:Biryani]]
[[da:Biryani]]
[[de:Biryani]]
[[de:Biryani]]

၂၀:၁၁၊ ၁၈ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

ဒန်ပေါက်
အခြားအမည်များဘရာနီ
အဓိကသုံးဆောင်မှုနေ့လည်စာ၊ ညနေစာ
မူရင်းနိုင်ငံအီရန်
ဖန်တီးသူမသိ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းဆန်၊ အသား၊ အရွက်
မျိုးကွဲများဒန်ပေါက်ထမင်းအမျိုးမျိုးကိုကြည့်ပါ
Cookbook: ဒန်ပေါက်  Media: ဒန်ပေါက်

ဒန်ပေါက်ခေါ် ဘရာနီ (သို့) biriani၊ berianiသည် ထမင်းအမျိုးအစား တောင်အာရှမှ စားဖွယ် တစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေး အကြိုင်များ၊ အသား အမျိုးမျိုးနှင့် အရွက် အမျိုးမျိုးဖြင့် အဓိကချက်လုပ်သည်။ အီရန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော်လည်း[၁]မူဆလင် ခရီးသွားများနှင့် ကုန်သည်များကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ပျံ့နှံရောက်ရှိ လာခြင်းဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အီရန်၊ အီရတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ်စတန်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နှင့် ထိုင်း စသည့်နိုင်ငံများတွင် ဒန်ပေါက်မှာ လူကြိုက်များသော အစားအစားတစ်ရပ် ဖြစ်သည်။ မူရင်း ဘရာနီဟူသော အမည်မှာ ပါရှန်ဘာသာ beryā(n)(بریان) မှဆင်းသက် လာခြင်းဖြစ်ပြီး အကြော်(သို့)ပြုတ်ကြော် ဟုအဓိပ်ပယ်ရသည်။[၂]အချို့ကမူ မချက်ခင် ကြော်ခြင်း ဟုလည်း ဆိုသည်။[၃]

အသုံးပြုသောပစ္စည်းများ

ဒန်ပေါက်ချက်လုပ် ရာတွင် ယျေဘူရ အသုံးပြုသော ပစ္စည်းများမှာ ဘာစ်မတီဆန်၊ ဂီးထောပတ်၊ ပဲစိမ်း၊ ပဲ၊ ဇီရာစေ့၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ သစ်ကြပိုးခေါက်၊ ကရဝေးရွက်၊ နံနံပင်၊ ပူဒီနာရွက်(mint)၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ဖြစ်ကြသည်။ အရည်အသွေးမြင့် ချက်လုပ်ရာတွင် ကုံကုမံ(saffron) အမည်ရှိ ဟင်းခတ်အမှမွှေးအကြိုင် ကိုအသုံးပြုသည်။ သက်သက်လွတ် မဟုတ်သော ဒန်ပေါက်များတွင် အသားအဖြစ် အမဲသား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား နှင့် ပုဇွန်တို့ကိုပါ သုံးကြသည်။ ဒန်ပေါက်ကို ချပ်တနီး၊ မကျည်းအချဥ်ရည်၊ ဒိန်ချဥ်ဟင်း၊ အခြားအိန္ဒိယ အချဥ်ဟင်းအမျိုးမျိုး၊ ခရမ်းသီးချက်နှင့် ကြက်ဥပြုတ် တို့ဖြင့် တွဲဖက်စားသုံးလေ့ ရှိကြသည်။ ဒန်ပေါက်နှင့် pullaoတို့၏ အဓိကကွဲပြားပုံမှာ၊ ထမင်းနှင့် အသုံးပြုပစ်စည်းများကို ခွဲခြားချက်ပြုတ် ခြင်းနှင့် အတူတကွ ချက်ပြုတ်ခြင်းတို့ ဖြစ်သည်။

ဒန်ပေါက်ထမင်းအမျိုးမျိုး

အီရန်နိုင်ငံတွင် ဒန်ပေါက်မှာ Isfahanမြို့ထွက် အစားအစားဖြစ်ပြီး နုပ်နုပ်စင်း ထားသည့် သိုးသားနှင့်အဆုတ်မီးဖုတ် တို့ကို အထူးပြုလုပ်ထားသည့် ဒယ်အိုးပြားဖြင့် ချက်လုပ်သည်။ ထို့အပြင် ဒန်ပေါက်အား "nan-e taftton"အမည်ရှိ ပေါင်မုန့်ဖြင့်ပါ တွဲဖက်စားလေ့ရှိသည်။

ပါကစ္စတန်နှင့် အိန္ဒိယ မြောက်ပိုင်းတို့ရှိ ကရာချီမြို့နှင့် လားဟိုမြို့တို့တွင် ကြက်သားဒန်ပေါက်မှာ အထူးရေပန်းစားသည်။[၄]အိန္ဒိယ Awadh ဒန်ပေါက်တွင် အာလူးပါ ပါဝင်ပြီး၊ Sindhi ဒန်ပေါက်မှာ ပါကစ္စတန်နိုင်ငံတဝှမ်းတွင် စားသုံးကြသည်။ အိန္ဒိယတောင်ပိုင်း မလာဘာဒေသ၏ မလာဘာကြက်သား ဒန်ပေါက်မှာလည်း အခြားဒေသများတွင်ပါ ကျော်ကြားသည်။ ထို့အပြင် သက်သက်လွတ်ဒန်ပေါက်အား Tahiriဟုခေါ်ပြီး အိန်ဒိယနှင့် ပါကစ္စတန်နိုင်ငံရှိ နေအိမ်များတွင် ချက်ပြုတ်စားသုံး ကြသည်။ ဘင်္ဂလားဒေ့ရှ်၊နိုင်ငံရှိ ထမင်းဆိုင်များ အားလုံးလိုလိုတွင် ကြက်သားနှင့် သိုးသားဒန်ပေါက် ရောင်းချကြသည်။

မြန်မာနိုင်ငံတွင် ဒန်ပေါက်ထမင်းကို ဘာစ်မတီဆန်အစား ပြည်တွင်းဖြစ် ဆန်ဖြင့်ချက်လုပ်သည်။ အခြားဒန်ပေါက်များနှင့် မတူသည့်အချက်မှာ ကြက်သားအား ထမင်းနှင့် တပါတည်း ရော၍ချက်လုပ်ပြီး သီဟိုဠ်စေ့နှင့် စံပျစ်သီးခြောက် တို့ကိုလည်း အသုံးပြုခြင်း ဖြစ်သည်။ ထို့အပြင် ဒန်ပေါက်ထမင်းကို ကြက်သွန်၊ သခွါးသီး၊ ခရမ်းချဥ်သီး တို့ဖြင့် ပြုလုပ်ထားသော အချဥ်သုပ် ဖြင့်တွဲဖက် စားသုံးလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ဒန်ပေါက်ထမင်းသာ သီးသန့်ရောင်းချသော ဆိုင်မြောက်များစွာ ရှိပြီး၊ ယင်းတို့အနက် နီလာဒန်ပေါက်၊ ကြက်လျှာစွန်း ဒန်ပေါက်တို့မှာ အထူးထင်ရှားသည်။ ထို့အပြင် အလှူပွဲ၊ ရှင်ပြု၊ ဆွမ်းကျွေး စသည့်ဘာသာရေး၊ လူမှုရေး အခမ်းအနားများတွင်လည်း ဒန်ပေါက်ကြွေးသည့် ဓလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် ဒန်ပေါက်မှာ ထိုင်းမူစလင် ဟင်းလျာအဖြစ် ထင်ရှားသည်။

ကိုးကား