ဂျိမ်းစ် မက်စ်ဝဲ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Adding: en:James Clerk Maxwell
အရေးမကြီး roboto aldono de: mn:Жеймс Клерк Максвелл
စာကြောင်း ၆၆ - စာကြောင်း ၆၆ -
[[mk:Џемс Кларк Максвел]]
[[mk:Џемс Кларк Максвел]]
[[ml:ജെയിംസ് ക്ലാര്‍ക്ക് മാക്സ്‌വെല്‍]]
[[ml:ജെയിംസ് ക്ലാര്‍ക്ക് മാക്സ്‌വെല്‍]]
[[mn:Жеймс Клерк Максвелл]]
[[nl:James Clerk Maxwell]]
[[nl:James Clerk Maxwell]]
[[nn:James Clerk Maxwell]]
[[nn:James Clerk Maxwell]]

၂၀:၃၈၊ ၁၃ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

ဂျိမ်းစ် ကလပ် မက်စ်ဝဲ

ဂျိမ်းစ် ကလပ် မက်စ်ဝဲ (James Clerk Maxwell) ကို စကော့တလန်၌ ၁၈၃၁ ခုနှစ်က မွေးဖွားသည်။ ၁၉ ရာစုနှစ်၏ အရေးပါဆုံး သိပ္ပံပညာရှင်ဟု မသတ်မှတ်သော်မှ သူ့ကို ၁၉ ရာစုနှစ်၏ အကြီးမြတ်ဆုံးသော အယူအဆရေးရာ ရူပဗေဒ ပညာရှင်ဟူ၍ အများက မှတ်ယူထားကြသည်။

မက်စ်ဝဲသည် သူ၏ ထူးချွန်သော သင်္ချာစွမ်းရည်နှင့် သိပ္ပပညာ၏ သဘာဝကို ထိုးထွင်းသိမြင်စွမ်းသော ဉာဏ်တို့ကို ပေါင်းစပ်နိုင်သူဖြစ်သည်။ ဤသို့သော စွမ်းရည်ကြောင့်ပင် ထိုခေတ် ထိုအခါက ရူပဗေဒ ပညာရပ်တွင် အရေးအကြီးဆုံး နယ်ပယနှစ်ခုဖြစ်သော လျှပ်စစ်သံလိုက်ပညာနှင့် ဓာတ်ငွေ့များ၏ ရွေ့လျားသဘောတရားတို့တွင် လက်ဖျားခါရလောက်အောင် တိုးတက်မှုများကို ၎င်းက ဖော်ဆောင်နိုင်ခဲ့သည်။ နက္ခတ္တဗေဒနှင့် ဇီဝဗေဒ နယ်ပယ်တို့၌လည်း တော်သည့်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

အလင်းရောင်၊ လျှပ်စစ်ဓာတ်အား၊ သလိုက်ဓာတ်နှင့် လျှပ်စစ်သံလိုက်လှိုင်းများ (စွမ်းအင်၏ ရွေ့လျားနေသော လှိုင်းများ) အကြား မည်သို့ ဆက်သွယ်မှုရှိသည်ကို ဖော်ထုတ်နိုင်သဖြင့် မက်စ်ဝဲမှာ လူသိများသော ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်သည်။ ညီမျှခြင်း ၄ ခုပါဝင်သည့် မက်စ်ဝဲညီမျှခြင်းများက သူ၏ သိပ္ပံပညာရပ်တွင် အကြီးမြတ်ဆုံး အောင်မြင်မှုကို ထုတ်ပြနေခြင်းဖြစ်သည်။

အလင်းရောင်တွင် လျှပ်စစ်သံလိုက်လှိုင်းများ ပါဝင်ကြောင်းကို မက်စ်ဝဲက ဖော်ထုတ်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အားနှင့် သံလိုက်ဓာတ်တို့သည် မည်သို့ အမှန်တကယ် လျှပ်စစ်သံလိုက် ပညာကဏ္ဍဖြစ်သည်ကို သူက ရှင်းပြခဲ့ရုံမက ခေတ်သစ် ရူပဗေဒပညာ၏ ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ပြနေသော လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းဆိုင်ရာ နယ်ပယ်တစ်ကြောလုံးကို ဖော်ထုတ်ပြီး အသုံးချနည်းကိုပါ လမ်းဖွင့်ပေးခဲ့သည်။

ယခုအခါ ယင်းနယ်ပယ် တစ်ကြောတွင် ရေဒီယိုလှိုင်းများ၊ အနီအောက်ရောင်ခြည်ခရမ်းလွန်ရောင်ခြည်နှင့် အိတ်စရေး ရောင်ခြည်များလည်း ပါဝင်ကြောင်း ရူပဗေဒပညာရှင်များ သိရှိကြသည်။

မက်စ်ဝဲ၏ ဒုတိယ အကြီးမားဆုံး အောင်မြင်မှုမှာ ရွေ့လျားမှုဆိုင်ရာ သီအိုရီ ဖြစ်သည်။ အထူးသဖြင့် မော်လီကျူးများ ရွေ့လျားနှုန်းကို ဖြေရှင်းပြခြင်း ဖြစ်သည်။ သူ၏ ဓာတ်ငွေ့များ ရွေ့လျားမှုဆိုင်ရာ သီအိုရီတွင် အပူ၏ သဘာဝဗီဇသည် မော်လီကျူးများ လှုပ်ရှားနေမှုတွင် တည်ရှိကြောင်း မက်စ်ဝဲက အပြီးသတ် သက်သေထူခဲ့သည်။ ထို သီအိုရီတွင် ဓာတ်ငွေ့တစ်ခု အတွင်းမှ မော်လီကျူးများ ရွေ့လျားမှုနှင့် ဓာတ်ငွေ့၏ အပူချိန်၊ အခြားသော ဂုဏ်သတ္တိများ အချင်းချင်း ဆက်နွယ်မှုကို ရှင်းပြထားသည်။

မက်စ်ဝဲသည်လည်း အခြားသော သဘောတရားနှင့် လက်တွေ့နယ်ပယ် သုံးလေးခုတွင်လည်း အရေးပါသော အချက်များကို ဖော်ထုတ်ပေးနိုင်သူ ဖြစ်သည်ဟု သိရသည်။