ဝက်ဘ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး robot Modifying: arz:الويب
အရေးမကြီး roboto aldono de: war:World Wide Web
စာကြောင်း ၉၉ - စာကြောင်း ၉၉ -
[[vi:World Wide Web]]
[[vi:World Wide Web]]
[[wa:Daegntoele ås waibes]]
[[wa:Daegntoele ås waibes]]
[[war:World Wide Web]]
[[wo:World Wide Web]]
[[wo:World Wide Web]]
[[zh:万维网]]
[[zh:万维网]]

၂၁:၀၈၊ ၁၂ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

Web

၀က်ဘ် သို့မဟုတ် World Wide Web ဆိုသည်မှာ အင်တာနက်(Internet) မှတဆင့် ဟိုက်ပါတက်စ် (hypertext) စာရွက်စာတမ်းအချင်းချင်း ချိတ်ဆက်သုံးစွဲသည့် စနစ်ပင်ြဖစ်သည်။ သုံးစွဲသူက၀က်ဘ်ဘရောက်ဇာ (web browser) ထဲ၀င်ရောက်ပြီး ၀က်ဘ်စာမျက်နှာ(webpage) များကိုကြည့်ရှုရသည်။ ၀က်ဘ်စာမျက်နှာများတွင် စာသား၊ ရုပ်ပုံ၊ ဗီဒီယိုနှင့် အခြား မာလ်တီမီဒီယာ (Multimedia) များပါ၀င်လေ့ရှိသည်။

၀က်ဘ်ကို ၁၉၈၉ ခုနစ်တ္ငင် Sir Tim Berners-Lee က ဖန်တီးပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဥရောပနျူးကလီးယား သုတေသနအဖွဲ့အစည်း (European Organization for Nuclear Research - CERN) အတွက် ဆောင်ရွက်ပေးပြီး ၁၉၉၂ ခုနစ်တွင် ပြသခဲ့သည်။ ထိုအချိန်မှစ၍ Berners - Lee သည် ၀က်ဘ်စံချိန်စံညွှန်းများ (ဥပမာ Markup Language) ရေးသားပြင်ဆင်ရေးအတွက် လမ်းညွှန်ရာတွင် အရေးကြီးသောအခန်းမှ ပါ၀င်ခဲ့သည်။

၀က်ဘ်အလုပ်လုပ်ပုံ

World Wide Web ပေါ်တ္ငင် ၀က်ဘ်စာမျက်နှာ တစ်ခုကိုကြည့်ရှုရန် ၀က်ဘ်ဘရောက်ဇာ (web browser) ထဲတွင် အဆိုပါစာမျက်နာ၏ URL ကိုရိုက်ထည့်နိုင်သလို အဆိုပါစာမျက်နှာ၏ ဟိုက်ပါလင့်ခ် (Hyperlink) ကိုကလစ်နိပ်ြခင်းဖြင့်လည်း သွားရောက်နိုင်သည်။ ထို့နောက် ၀က်ဘ်ဘရောက်ဇာသည် ၀က်ဘ်စာမျက်နာကိုဖော်ပြရန်အတွက် အသိပေးဖော်ပြချက်များကို စတင်ပြသသည်။ ၀က်ဘ်ဘရောက်ဇာသည် ပထမဦးစ္ာ ၀က်ဘ်ဆိုက် URL ကို ကွန်ပျူတာကနားလည်သော ip address အဖြစ် အသွင် ​ပြောင်းသည်။ ထိုသို့ ပြောင်းရာတွင် ဒိုမိန်းနိမ်းစနစ် (Domain Name System) ဟုခေါ်သော အင်တာနက်ဒေတာဘေ့စ် စနစ်ကို သုံးသည်။ ပြီးနောက် ၀က်ဘ်ဘရောက်ဇာသည် ၀က်ဘ်ဆိုက်တစ်ခုမှ အချက်အလက်များကို ၀က်ဘ်ဆာဗာ (Web server) မှတဆင့် တောင်းခံသည်။ ၀က်ဘ်ဆာဗာထံမှ လိုအပ်သောဖိုင်များလက်ခံပြီးသောအခါ ၀က်ဘ်ဘရောက်ဇာသည် မိမိထံတွင်သုံးထားသော HTML, CSS နင့် အခြား ၀က်ဘ်ဘာသာစကား (Language) များအရ ၀က်ဘ်စာမျက်နာကို အစီအစဥ်ချ ပြသသည်။ ၀က်ဘ်စာမျက်နာများတ္ငင် ဟိုက်ပါလင့်ခ် နင့် အခြား စာမျက်နာများပါ၀င်သလို ဒေါင်းလုပ် (Download)ဆွဲနိုင်သည့် အခြား ၀က်ဘ်ရင်းမြစ်များလည်း ပါ၀င်နိုင်သေးသည်။ အသုံး၀င်ပြီး တစ်ခုနှင့် တစ်ခုဆက်စပ်နေသော အဆိုပါအချက်အလက်အစုအဝေးကို ၀က်ဘ်ပေါ်တွင် ရရှိနိုင်ခြင်းအား ၁၉၉၀ ခုနစ်တ္ငင် Tim Berners-Lee ပထမဆုံးခေါ်ဝေါ်သုံးစွဲ သည့်အတိုင်း World Wide Web ဟုခေါ်သည်။

References

  • Translated from English Wikipedia