အင်းစိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၂၅ - | စာကြောင်း ၂၅ - | ||
}} |
}} |
||
'''အင်းစိန်မြို့နယ်''' သည် [[ရန်ကုန်တိုင်း]]အတွင်း [[ရန်ကုန်]]မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် [[ရွှေပြည်သာမြို့နယ်]]၊ အနောက်ဘက်တွင် [[လှိုင်သာယာမြို့နယ်]]၊ |
'''အင်းစိန်မြို့နယ်''' သည် [[ရန်ကုန်တိုင်း]]အတွင်း [[ရန်ကုန်]]မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် [[ရွှေပြည်သာမြို့နယ်]]၊ အနောက်ဘက်တွင် [[လှိုင်သာယာမြို့နယ်]]၊ အရှေ့ဘက်တွင် [[မင်္ဂလာဒုံမြို့နယ်]]၊တောင်ဘက်တွင်[[မရမ်းကုန်းမြို့နယ်]]တို့ တည်ရှိသည်။ အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၃၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၀) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။ |
||
[[အင်္ဂလိပ် အစိုးရ]]တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် [[အင်းစိန်အကျဉ်းထောင်]]၊ [[ဗိုလ်ချုပ်ကြီး ခင်ညွန့်]]တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် [[ကျောက်တော်ကြီးဘုရား]] (လောကချမ်းသာ အဘယလာဘမုနိ)၊ ကရင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်၊ [[မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်]]၊ [[ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်)]] နှင့် [[ရန်ကုန်နည်းပညာတက္ကသိုလ်]]တို့သည် ဤမြို့နယ်တွင် တည်ရှိသည်။ထို့အပြင် အင်းစိန် ရွာမအနောက်ရပ်ကွက်ရှိ ရွာမပရိယ္တိ စာသင်တိုက်သည်လည်း ထင်ရှားသည်။ နှစ်စဉ်နိုင်ငံတစ်ဝန်းမှ စာသင်ရဟန်းများလာရောက်ပညာသင်ကြားကြပြီး သာသနာ့အာဇာနည်များ မွေးထုတ်ပေးရာဖြစ်သည်။ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ဆေးဝင်္ကပါ အာလိန်ငါးဆင့်ကျောင်းမှာလဲ နာမည်ကျော်ကြားသည်။ ရှုပ်ထွေးလှသော ဆေးဝင်္ကပါကြီးနှင့် မြင့်မားသော မျှော်စင်ကြီးရှိသည်။ နှစ်စဉ်ကရင် အမျိုးသားတို့၏ ရိုးရာကရင်နှစ်သစ်ကူး အလံတင်ပွဲကို ထိုကျောင်းဝင်းထဲကျင်းပပြီး ၇ရက်၇လီပွဲစျေးခင်းသဖြင့် အလွန်စည်ကားသောပွဲစျေးဖြစ်သည်။ |

၁၅:၀၄၊ ၄ မေ ၂၀၁၆ ရက်နေ့က မူ
အင်းစိန်မြို့နယ် | |
---|---|
အင်းစိန် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°53′34″N 96°5′53″E / 16.89278°N 96.09806°E | |
Country | မြန်မာ |
တိုင်း | ရန်ကုန် |
မြို့ | ရန်ကုန် |
မြို့နယ် | အင်းစိန် |
စာပို့သင်္ကေတ | ၁၁၀၁၁၊ ၁၁၀၁၂၊ ၁၁၀၁၃ |
အင်းစိန်မြို့နယ် သည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊တောင်ဘက်တွင်မရမ်းကုန်းမြို့နယ်တို့ တည်ရှိသည်။ အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၃၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၀) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
အင်္ဂလိပ် အစိုးရတည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်အကျဉ်းထောင်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီးဘုရား (လောကချမ်းသာ အဘယလာဘမုနိ)၊ ကရင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် ဤမြို့နယ်တွင် တည်ရှိသည်။ထို့အပြင် အင်းစိန် ရွာမအနောက်ရပ်ကွက်ရှိ ရွာမပရိယ္တိ စာသင်တိုက်သည်လည်း ထင်ရှားသည်။ နှစ်စဉ်နိုင်ငံတစ်ဝန်းမှ စာသင်ရဟန်းများလာရောက်ပညာသင်ကြားကြပြီး သာသနာ့အာဇာနည်များ မွေးထုတ်ပေးရာဖြစ်သည်။ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ဆေးဝင်္ကပါ အာလိန်ငါးဆင့်ကျောင်းမှာလဲ နာမည်ကျော်ကြားသည်။ ရှုပ်ထွေးလှသော ဆေးဝင်္ကပါကြီးနှင့် မြင့်မားသော မျှော်စင်ကြီးရှိသည်။ နှစ်စဉ်ကရင် အမျိုးသားတို့၏ ရိုးရာကရင်နှစ်သစ်ကူး အလံတင်ပွဲကို ထိုကျောင်းဝင်းထဲကျင်းပပြီး ၇ရက်၇လီပွဲစျေးခင်းသဖြင့် အလွန်စည်ကားသောပွဲစျေးဖြစ်သည်။
အင်းစိန်ဆေးရုံသည် ဤမြို့နယ်ရှိ အဓိကဆေးရုံဖြစ်သည်။ အင်းစိန်မြို့မစျေးသည် နာမည်ကြီးသည်။ တစ်ပါတ်ဝတ်နိုင်ငံခြားအဝတ်အထည်( လေဘေး) ထည်များရောင်းချခြင်းဖြင့် နာမည်ကြီးသော အင်းစိန်လေဟာပြင်စျေးသည် ယနေ့တိုင် စည်ကားဆဲဖြစ်သည်။
မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့အပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။ အင်းစိန် = အင်း-ရေအိုင်၊ စိန်-ဆင်၊ [၁]
အမည်နာမ
အင်းစိန်-ဆိုသည်မှာ အင်စိုင်-ဟူသော မွန် ဝေါဟာရမှ ဆင်းသက်သည်။ အင် = အင်းအိုင်၊ စိုင် = ဆင်၊ ထို့ကြောင့် ဆင်အင်းဟု အဓိပ္ပါယ်ရသည်။ ဆင်တွေနေထိုင်ကျက်စားသည့် အင်းဟု ဆိုလိုသည်။ [၂]
အင်းစိန်မြို့နယ်အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၉ ခုမှာ (ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်း)တို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။
ထင်ရှားသော အဆောက်အဦးများ
အင်းစိန်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
တိရိစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် ဌာနချုပ် | ရုံး | ||
အထက (၁) အင်းစိန် | ကျောင်း | ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း) | |
မှုခင်းစုံစမ်းရေးဌာန | ရုံး | အောက်မင်္ဂလာဒုံလမ်း | |
အစိုးရနည်းပညာသိပ္ပံ၊ အင်းစိန် | ကောလိပ် | အောက်မင်္ဂလာဒုံလမ်း | |
အင်းစိန်ဆေးရုံ | ဆေးရုံ | ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း) | |
မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် | ကောလိပ် | ရန်ကုန်-အင်းစိန်လမ်း | |
စုပေါင်းရုံးဝန်း | ရုံး | ဗဟိုလမ်း အပိုင်း ၄ (မင်းကြီးလမ်း) |
ကိုးကား
- ↑ ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
- ↑ မောင်ခင်မင် (ဓနုဖြူ)၊ (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)